Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်ရှိ ဗလီအတွင်း ဗုံးပေါက်ကွဲမှု၌ လူ ၁၅ ဦး ဒဏ်ရာရ

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်၊ စပင်ဂါခရိုင်ရှိ ဗလီတစ်ခုတွင် နိုဝင်ဘာ ၁၂ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူက ပြောကြားခဲ့သည်။ဗုံးပေါက်ကွဲမှုသည် စပင်ဂါခရိုင် တာရီလီကျေးရွာရှိ ဗလီတစ်ခုအတွင်း ဒေသစံတော်ချိန် မွန်းလွဲ ၁:၃၀ နာရီက ဝတ်ပြုသူများပြည့်နေချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ အဆိုပါ အရာရှိက ဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်၊ ဂျလာလာဘတ်မြို့ရှိ ဆေးရုံတစ်ခုတွင် ကုသမှုခံယူနေသော အမျိုးသာတစ်ဦးအား နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒဏ်ရာရသူများအနက် ၃ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း သိရသည်။ထို့ပြင် စပင်ဂါခရိုင်အနီး Achin ခရိုင်ရှိ ဗလီတစ်ခုအတွင်း၌လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း အမည်မဖော်လိုသူ နောက်ထပ်တာဝန်ရှိသူတစ်ဦးဆိုသည်။

အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်၊ ဂျလာလာဘတ်မြို့ရှိ ဆေးရုံတစ်ခုတွင် ကုသမှုခံယူနေသော အမျိုးသာတစ်ဦးအား နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စပင်ဂါခရိုင်ရှိ ဗလီဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၁၅ ဦးရှိကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောခဲ့သည်။ယင်းဗလီတွင် သောကြာနေ့ ဝတ်ပြုသူများဖြင့်ပြည့်နေသဖြင့် သေဆုံးသူအရေအတွက်မှာ ထပ်မံမြင့်တက်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက ယူဆထားပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်၊ ဂျလာလာဘတ်မြို့ရှိ ဆေးရုံတစ်ခုသို့ ဆေးကုသမှုခံယူရန် အမျိုးသားတစ်ဦးအား ပို့ဆောင်နေသည်ကို နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ငံအရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် လွန်ခဲ့သည့်တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဗလီအတွင်း ဗုံးပေါက်ကွဲခြင်းဖြစ်သည်။ လူပေါင်းများစွာသေဆုံးပြီး ဒဏ်ရာရခဲ့သော ယခင်ဗုံးပေါက်ကွဲအတွက်မူ အိုင်အက်စ်အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားသည်။ (Xinhua)

………………………………………………
(English Version)

15 injured in mosque blast in Afghanistan’s Nangarhar province

JALALABAD, Afghanistan, Nov. 12 (Xinhua) — A total of 15 people were injured as a bomb blast ripped through a mosque in Spin Ghar district of the eastern Nangarhar province on Friday, a local official said.

The official, on condition of anonymity, said that the blast took place inside a mosque in Tarili village of Spin Ghar district at 01:30 p.m. local time when the mosque was full of worshippers.

Among the injured, three were in critical condition.
Earlier, another official, also on condition of anonymity, said that the blast occurred inside a mosque in Spin Ghar’s neighboring Achin district.
An eyewitness claimed that three worshippers were killed and 15 others injured in the blast inside a mosque in Spin Ghar district.
Locals believed that the number of casualties could be higher as the mosque was crowded during the Friday prayer and no group has claimed responsibility so far.
This is the second blast at a mosque in the eastern Nangarhar province over the past one month. The Islamic State terror group had claimed responsibility for the previous blast that left over a dozen dead and injured. Enditem

1, 2, 3 – An injured man is treated at a local hospital in Jalalabad, Nangarhar province, Afghanistan, on Nov. 12, 2021. A total of 15 people were injured as a bomb blast ripped through a mosque in Spin Ghar district of the eastern Nangarhar province on Friday, a local official said. (Photo by Hamidullah/Xinhua)
4- An injured man is sent to a local hospital for treatment in Jalalabad, Nangarhar province, Afghanistan, on Nov. 12, 2021. A total of 15 people were injured as a bomb blast ripped through a mosque in Spin Ghar district of the eastern Nangarhar province on Friday, a local official said. (Photo by Hamidullah/Xinhua)