Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ နန်ဂါဟာပြည်နယ်၌ စာသင်ကျောင်းပြင်ပ ပေါက်ကွဲမှုအတွင်း ကျောင်းသား ၄ ဦး သေဆုံး

ဂျလာလာဘတ် ၊ အာဖဂန်နစ္စတန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ် Lal Pur ခရိုင်၌ ဇန်နဝါရီ ၁၀ ရက်တွင် စာသင်ကျောင်းတစ်ကျောင်း၏ ပြင်ပ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ ကျောင်းသား ၄ ဦး သေဆုံးကာ အခြားသူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် ခရိုင်အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။“အခုထိတော့ နောက်ထပ်အသေးစိတ်အချက်အလက် မရရှိသေးပါဘူး ။ ဒါပေမယ့်အချက်အလက် ထပ်ပြီး ရဖို့ ကြိုးစားသွားမှာပါ။”ဟု အဆိုပါ ခရိုင်အရာရှိက ဖြည့်စွက်ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်၌ ပေါက်ကွဲမှုကြောင့် သေဆုံးသူရုပ်အလောင်းများအား သယ်ဆောင်နေသည်ကို ဇန်နဝါရီ ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တစ်ချိန်တည်းမှာပင် ခရိုင်လူငယ်ကောင်စီဥက္ကဋ္ဌ Nadir Muhmand က ယင်းပေါက်ကွဲမှုဖြစ်စဉ်သည် နေ့လည်ပိုင်း၌ ဖြစ်ပွားခဲ့ပြီး လက်တွန်းလှည်းနှင့်တွဲချည်ထားသော လက်လုပ်ဗုံးသည် Lal Pur ခရိုင် Warsak စာသင်ကျောင်းပြင်ပတွင် ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ကျောင်းသားတစ်ဒါဇင်ကျော် ထိခိုက်ခဲ့သည်ဟု ဆိုသည်။

မျက်မြင်တွေ့ရှိသူ Muhmand က ထိခိုက်ဒဏ်ရာရရှိသူများအား ခရိုင်အတွင်းရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
တာလီဘန်လုံခြုံရေးတပ်ဖွဲ့များက ကြိုတင်သတိပေးမှုအစီအမံများအတွက် ပေါက်ကွဲမှုဖြစ်ပွားရာနေရာအား အစောင့်အကြပ်များဖြင့် ပိတ်ဆို့ဝန်းရံထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားထားခြင်း မရှိပေ ။ အိုင်အက်စ်အဖွဲ့ နှင့် နှီးနွယ်သော စစ်သွေးကြွများက မကြာသေးမီလများအတွင်း နန်ဂါဟာပြည်နယ်၌ ဗုံးကွဲတိုက်ခိုက်မှုများစွာကို ပြုလုပ်ခဲ့သည်ဟု ပြောကြားထားသည်။ (Xinhua)

……………………………………

(English Version)
4 students killed in explosion outside school in Afghanistan’s Nangarhar

JALALABAD, Afghanistan, Jan. 10 (Xinhua) — An explosion rocked outside a school in Lal Pur district in Afghanistan’s eastern province of Nangarhar on Monday, killing four students and injuring 10 others, a district official told Xinhua anonymously.

“So far, we have no more details, but we will try to get more information,” the official added.
Meanwhile, Nadir Muhmand, chairman of a district youth council, told Xinhua that the incident occurred at midday when an improvised bomb attached to a handcart was detonated outside Warsak School in Lal Pur. More than a dozen of students were affected.

Eyewitness Muhmand said the affected people were transported to a hospital in the district.
The Taliban security forces cordoned off the area for precautionary measures.
No group claimed responsibility for the attack.

Militants affiliated with the Islamic State (IS) group have claimed responsibility for a number of bomb attacks in Nangarhar in recent months. ■
Photo 1 – People carry the coffin of a victim of an explosion during a funeral in Nangarhar province, eastern Afghanistan, on Jan. 10, 2022. An explosion rocked outside a school in Lal Pur district in Nangarhar on Monday, killing four students and injuring 10 others, a district official told Xinhua anonymously. (Photo by Hamidullah/Xinhua)

Photo 2 – People carry the coffin of a victim of an explosion during a funeral in Nangarhar province, eastern Afghanistan, on Jan. 10, 2022. An explosion rocked outside a school in Lal Pur district in Nangarhar on Monday, killing four students and injuring 10 others, a district official told Xinhua anonymously. (Photo by Hamidullah/Xinhua)