Connect with us

Africa & Middle East

အာဖဂန်နစ္စတန်သမ္မတနန်းတော်ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရ ၊ ပစ်မှတ်ကိုထိမှန်ခြင်းမရှိဟု အရာရှိပြော

အာဖဂန်နစ္စတန်နိုင်ငံသမ္မတနန်းတော်အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကဘူးလ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ သမ္မတနန်းတော်အား ဦးတည်၍ ယနေ့ ဇူလိုင် ၂၀ ရက်တွင် ဒုံးကျည်အစင်းပေါင်းများစွာဖြင့် ပစ်လွှတ်တိုက်ခိုက်ခံရကြောင်း ၊ သို့သော် ပစ်မှတ်ကိုထိမှန်ခြင်းမရှိကြောင်း အစိုးရအရာရှိများ နှင့် မီဒီယာက ဖော်ပြခဲ့သည်။ယင်းတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လက်ရှိအချိန်ထိ အသေအပျောက်စာရင်း ထုတ်ပြန်ထားခြင်းမရှိသေးပါ။ သမ္မတနန်းတော်အနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

“အမှတ် ၄ ရဲတပ်ရင်း(PD4) တည်ရှိရာ အဝင်အထွက်ပိတ်ဆို့ထားတဲ့ Parwan-e-Sah လမ်းမထက် ကားတစ်စီးပေါ်ကနေပြီး ဒုံးကျည်တွေနဲ့ပစ်လွှတ်တိုက်ခိုက်ခဲ့တာပါ ၊ အဲဒီ ဒုံးကျည်တွေဟာ သမ္မတနန်းတော်အနီးက အမှတ် ၁ ရဲတပ်ရင်း(PD 1) နဲ့ အမှတ် ၂ ရဲတပ်ရင်း (PD 2) အပေါ်ကျရောက် ထိမှန်ခဲ့ပါတယ်” ဟု အခင်းဖြစ်အခြေအနေနှင့်ပတ်သက်၍ အမည်မဖော်လိုသူ အာဖဂန်ပြည်ထဲရေးဝန်ကြီးရုံးမှ အရာရှိတစ်ဦးက ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှုသည် သမ္မတနန်းတော်ဝင်းအတွင်း ကွင်းပြင်ကျယ်၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည့် Eid al-Adha အိဒ်စ်ဝတ်ပြုဆုတောင်းပွဲသို့ အာဖဂန်သမ္မတ Mohammad Ashraf Ghani နှင့် အခြားဧည့်သည်တော်များတက်ရောက်ရန် စုဝေးရောက်ရှိနေချိန် ဒေသစံတော်ချိန် နံနက် ၈ နာရီ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ နန်းတော်အပြင်ဘက်မှာတော့ အသေအပျောက်ရှိနိုင်ပါတယ် ၊ ဒီတိုက်ခိုက်မှုဟာ သမ္မတနန်းတော်ထဲမှာလုပ်တဲ့ အိဒ်ဆုတောင်းပွဲပျက်အောင်လုပ်တာပါ” ဟုအရင်းအမြစ်က ဆိုသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ မည်သည့် တရားဝင်ထုတ်ပြန်ချက်မှမရှိသေးသဖြင့် အသေးစိတ်အချက်အလက်များသိနိုင်ရန် ဆက်လက်စောင့်ဆိုင်းနေကြောင်း နှင့် မည်သည့်အဖွဲ့ကမျှလည်း ၎င်းတို့၏လက်ချက်ဖြစ်သည်ကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။(Xinhua)

——————————————–
(English Version)

Rockets fired on Afghanistan’s presidential palace, failing to hit target: official

KABUL, July 20 (Xinhua) — Several rockets were fired Tuesday on Afghanistan’s Presidential Palace in Kabul but failed to hit the target, officials and media reports said.
Casualties have not been reported so far. Media reports said the explosions happened near the Presidential Palace.

“Three rockets were fired from a vehicle abandoned on a road in Parwan-e-Sah locality in Police District (PD) 4. The rockets struck areas near the Presidential Palace in PD 1 and PD 2,” an Interior Ministry official told Xinhua on condition of anonymity.

The rocket attack came roughly at 8:00 a.m. local time when Afghan President Mohammad Ashraf Ghani and other dignitaries were attending the Eid al-Adha prayers at an open ground inside the palace compound.

“There is fear of casualties outside the palace. The incident failed to disrupt the Eid prayers held in the Presidential Palace,” the source said.
Further details are awaited with the absence of any official announcement.
No group has so far claimed responsibility. Enditem