Connect with us

Asia

အာဖဂန်အစိုးရသစ် မကြာမီ စတင်လည်ပတ်မည်ဟု တာလီဘန် ထိပ်တန်းခေါင်းဆောင်ပြောကြား

ကဘူးလ် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ)

တာလီဘန် ထိပ်တန်းခေါင်းဆောင် Hibatullah Akhundzada က စက်တင်ဘာ ၇ ရက်တွင် အသစ်ဖွဲ့စည်းလိုက်သည့် တာလီဘန် အိမ်စောင့်အစိုးရသည် မကြာမီစတင်လည်ပတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။အစ္စလာမ်မစ်စော်ဘွားနိုင်ငံ တာဝန်ရှိသူများ ကြေညာခဲ့သည့် အိမ်စောင့်အစိုးရ နှင့်အစိုးရအဖွဲ့ကတိကဝတ် အရ နိုင်ငံ ထိန်းချုပ်မှု နှင့် အစိုးရအဖွဲ့လည်ပတ်မှုကို တတ်နိုင်သမျှ အစောဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ၎င်းအစိုးရအဖွဲ့ဝင်များသည် အစ္စလာမ်မစ် စည်းမျဉ်းများ နှင့် ရှာရီယာဥပဒေအတွက် အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု နိုင်ငံသားအားလုံးကို အာမခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းမှာ တာလီဘန်တို့က ဩဂုတ်လလယ်ပိုင်းတွင် ကဘူးလ်မြို့အား သိမ်းပိုက်ခဲ့ပြီးချိန်မှစ၍ တာလီဘန် ထိပ်တန်းခေါင်းဆောင်၏ ပထမဆုံး ကြေညာချက် ဖြစ်သည်။

“ကျွန်တော်တို့က ငြိမ်းချမ်းသာယာဝပြောပြီး ကိုယ်ပိုင် ရပ်တည်နိုင်တဲ့ အာဖဂန်နစ္စတန်နိုင်ငံကို လိုချင်ပါတယ်။ ဘာလို့လဲဆိုရင် တိုင်းပြည်မှာ စစ်ပွဲနဲ့ ပဋိပက္ခ အကြောင်းရင်းအားလုံးကို ဖယ်ရှားပစ်ဖို့ နဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ လုံခြုံစိတ်ချရမှုအပြည့်နဲ့ နေထိုင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားလိုတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။”ဟု တာလီဘန် ထိပ်တန်းခေါင်းဆောင် Hibatullah Akhundzada က ပြောကြားခဲ့သည်။

အဆိုပါ ကြေညာချက်သည် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က အစိုးရသစ်၏ လူစာရင်းအား စက်တင်ဘာ ၇ ရက် အစောပိုင်းတွင် ကြေညာခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ ခေတ္တဝန်ကြီးချုပ် အဖြစ် Mullah Hassan Akhund အား ခန့်အပ်တာဝန်ပေးထားကြောင်း သိရသည်။ (Xinhua)

———————————————————
(English Version)

New Afghan gov’t to start functioning soon: Taliban supreme leader

KABUL, Sept. 8 (Xinhua) — The Taliban Supreme Leader Hibatullah Akhundzada on Tuesday said the newly formed Taliban caretaker government will start functioning soon.

“As a caretaker and committed cabinet has been announced by authorities of the Islamic Emirate to control and run affairs of the country which will start functioning at the earliest, I assure all countrymen that the figures will work hard towards Islamic rules and Sharia law,” Akhundzada said in a statement.

This is the first statement issued by the Taliban supreme leader since Taliban’s takeover of capital Kabul in mid August.
“We want to have peaceful, prosperous and self-reliant Afghanistan, for which we will strive to eliminate all causes of war and strife in the country, and our countrymen to live in complete security and comfort,” he said.

The statement came as Taliban spokesman Zabihullah Mujahid earlier on Tuesday announced the lineup of the new government, with Mullah Hassan Akhund appointed as the acting prime minister. Enditem

Photo – Taliban spokesman Zabihullah Mujahid (Rear) speaks during a press conference in Kabul, Afghanistan, on Sept. 7, 2021. The Taliban announced on Tuesday night the formation of Afghanistan’s caretaker government, with Mullah Hassan Akhund appointed as the acting prime minister. (Photo by Saifurahman Safi/Xinhua)