Connect with us

North America

အာဖဂန် တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင် မဖြစ်မနေ တိုက်ခိုက်ရမည်ဖြစ်ကြောင်း ဘိုင်ဒန်ပြော

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်အား တွေ့ရစဉ် (ဓာတ်ပုံ- Melina Mara/Pool via Xinhua)

ဝါရှင်တန်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံရှိ မြို့များစွာမှာ လွန်ခဲ့သည့် ရက်များအတွင်း တာလီဘန်၏လက်အောက်သို့ ကျရောက်သွားပြီ ဖြစ်၍ ယင်းနိုင်ငံရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင် မဖြစ်မနေ တိုက်ခိုက်ရမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့ နှစ် ၂၀ အတွင်း ဒေါ်လာ တစ်ထရီလီယံကျော် သုံးစွဲခဲ့တယ်။ အာဖဂန် တပ်ဖွဲ့ဝင် ၃၀၀,၀၀၀ ကျော်ကို ခေတ်မီကိရိယာတွေနဲ့ လေ့ကျင့်ပေး၊ တပ်ဆင်ပေးခဲ့တယ်။ ပြီးတော့ အာဖဂန် ခေါင်းဆောင်တွေကလည်း အတူတကွဖြစ်လာကြပါပြီ။ သူတို့နိုင်ငံအတွက် သူတို့ကိုယ်တိုင် တိုက်ခိုက်ရမှာပါ၊ သူတို့တာလီဘန်တွေကို မောင်းထုတ်ရပါမယ်” ဟု ဘိုင်ဒန်က အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောခဲ့သည်။

အမေရိကန်နိုင်ငံအနေဖြင့် အာဖဂန် တပ်ဖွဲ့များအား လေကြောင်းပံ့ပိုးမှုများ၊ စားနပ်ရိက္ခာ၊ ပစ္စည်းကိရိယာ၊ လစာများနှင့် အာဖဂန် လေတပ် လည်ပတ်နိုင်စေရန် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း၊ “ဒါပေမဲ့ သူတို့အနေနဲ့ တိုက်ခိုက်ချင်ဖို့ လိုပါတယ်။ သူတို့က တာလီဘန်တွေထက် အရေအတွက် ပိုများပါတယ်” ဟု ဘိုင်ဒန်က ဆိုသည်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ကတိကဝတ်ကို ဆက်ပြီးထိန်းသွားမှာပါ” ဟု ဘိုင်ဒန်က အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး ၎င်း၏ ဆုံးဖြတ်ချက်အပေါ် နောင်တရခြင်းမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ စစ်တပ်အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံရှိ စစ်ဆင်ရေးအား ယခုလကုန်မတိုင်မီ အဆုံးသတ်ရန် ညွှန်ကြားထားခဲ့သည်။ တပ်ဖွဲ့ဝင်ရုပ်သိမ်းခြင်းမှာ ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း အမေရိကန် ဗဟိုကွပ်ကဲရေးက ပြောခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် မြေပြင်တိုက်ပွဲ အခြေအနေကို ပြောင်းလဲရန် ခြောက်လလုံခြုံရေးအစီအစဉ်ရှိကြောင်း သမ္မတ Mohammad Ashraf Ghani က ဩဂုတ် ၉ ရက်၌ ပြောခဲ့သလို အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်းမှာ အခြေအနေကို ဆိုးဝါးစေကြောင်း ပြစ်တင်ခဲ့သည်။

တာလီဘန်တို့က အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်း ဖာရာပြည်နယ် မြို့တော် ဖာရာအား သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ သီတင်းပတ်တစ်ပတ်ပင်မကြာသည့် အချိန်အတွင်း တာလီဘန်လက်အောက်သို့ ရောက်ရှိလာသော ၇ ခုမြောက် ပြည်နယ်မြို့တော်လည်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံရှိ လုံခြုံရေးအခြေအနေက အမေရိကန်နိုင်ငံအတွက် အလွန်ပင်အရေးပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ned Price က ယင်းနေ့အစောပိုင်း၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အချိန်နဲ့အမျှ လုပ်ဆောင်နေတာက ဒီနည်းလမ်းကို ရှာဖွေတွေ့ရှိိဖို့ပါပဲ” ဟု အာဖဂန်နစ္စတန် ပြည်လည်ပေါင်းစည်းရေး အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad က ဒိုဟာမြို့တွင် အကြမ်းဖက်မှုနှင့် အပစ်အခတ်ရပ်စဲရေး လျှော့ချရေးအတွက် ဖိအားပေးရန် ဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲများ၌ မှတ်ချက်ပြုလျက် Ned Price က နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်း စစ်သွေးကြွအုပ်စုက စစ်ဘက်ဆိုင်ရာ အဆင့်မြှင့်တင်လာခြင်းကြောင့် အမေရိကန်နိုင်ငံသည် မကြာသေးမီရက်များအတွင်း တာလီဘန်အား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အမေရိကန် စစ်တပ်သည် အာဖဂန် တပ်ဖွဲ့များအား ပံ့ပိုးရန် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ထိုသို့လေကြောင်းပံ့ပိုးမှုအား ဩဂုတ် ၃၁ ရက်နောက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်သွားမည်ဟူသော ထင်ကြေးကိုမူ ပင်တဂွန် ပြန်ကြားရေးဝန်ကြီး John Kirby က ဩဂုတ် ၉ ရက်က ငြင်းဆိုခဲ့သည်။

အာဖဂန် တပ်ဖွဲ့များသည် တာလီဘန်အား တိုက်ခိုက်ချေမှုန်းရာတွင် စွမ်းဆောင်နိုင်မှုနှင့် အကျိုးကျေးဇူးများရှိကြောင်း၊ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်မှုနှစ်ခုလုံးအနေဖြင့် ကဘူးလ်အတွက် ကြိုးပမ်းအားထုတ်ရန် လိုကြောင်း အလေးထားပြောကြားခဲ့သည်။

မကြာသေးမီ ရက်သတ္တပတ်များက အာဖဂန် မြို့များနှင့် နိုင်ငံရှိ ပြည်နယ် ၃၄ ခု၏ ထက်ဝက်ခန့်တွင် အာဖဂန် တပ်ဖွဲ့များနှင့် တာလီဘန်စစ်သွေးကြွများအကြား အပြင်းအထန် တိုက်ပွဲများနှင့် လမ်းနံဘေး တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်ရှိ တာလီဘန် တိုက်ခိုက်ရေးသမားများ ပုန်းအောင်းနေရာများနှင့် တည်နေရာများအား ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် စစ်သွေးကြွ ၄၇ ဦးကျော် သေဆုံးခဲ့ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၀ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်နှစ်ခုအတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်နိုင်ငံ တပ်ဖွဲ့ဝင် ၂,၄၀၀ ကျော် သေဆုံးခဲ့ကာ ၂၀,၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ ခန့်မှန်းခြေအားဖြင့် အာဖဂန် တပ်ဖွဲ့ဝင် ၆၆,၀၀၀ ကျော် သေဆုံးကာ ပြည်သူ ၂.၇ သန်းကျော်လည်း ၎င်းတို့၏ နေအိမ်များမှ ထွက်ပြေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)

Biden says Afghan forces must fight for themselves

WASHINGTON, Aug. 10 (Xinhua) — U.S. President Joe Biden said on Tuesday that the Afghan troops must fight for themselves as multiple cities have fallen to the Taliban in the past few days.

“We spent over a trillion dollars over 20 years. We trained and equipped with modern equipment over 300,000 Afghan forces. And Afghan leaders have to come together,” Biden told reporters at the White House. “They’ve got to fight for themselves, fight for their nation.”

The United States will continue to provide Afghan forces with close air support, food, equipment, salaries and make sure the Afghan air force is operable, said Biden. “But they’ve got to want to fight. They have outnumbered the Taliban.”
“We are going to continue to keep our commitment,” he added, saying he does not regret his decision to withdraw U.S. troops from the country.

Biden ordered the U.S. military to end its mission in Afghanistan by the end of this month. The U.S. Central Command said over 95 percent of the drawdown had been completed.

Last Monday, Afghan President Mohammad Ashraf Ghani said in his remarks to the parliament that Kabul had a six-month security plan to change the situation in the battleground. Meanwhile, he blamed the withdrawal of U.S. troops for the worsening situation.

The Taliban on Tuesday claimed it had seized Farah city, capital of Afghanistan’s western Farah province, marking the seventh provincial capital to fall to the group in less than a week.

State Department spokesperson Ned Price said earlier in the day that the security situation in Afghanistan is of grave concern to the United States.

“What we are doing around the clock is seeking to find a way out of this,” he told reporters in a daily briefing, noting that U.S. Special Representative for Afghanistan Reconciliation Zalmay Khalilzad is in Doha for meetings with representatives from regional countries to press for a reduction in the violence and a ceasefire.

The United States carried out airstrikes against the Taliban in recent days as the insurgent group made rapid military advances across the country.

Pentagon Press Secretary John Kirby said on Monday that the U.S. military will continue to use airstrikes to support Afghan forces “where and when feasible,” but he declined to speculate if such air support will continue beyond Aug. 31.
He said the Afghan forces have the capability and advantages in combat with the Taliban, stressing the need for Kabul to exert both political and military leadership.

In recent weeks, many Afghan cities and about half of the country’s 34 provinces have seen heavy battles and street fighting between Afghan forces and Taliban militants.

Afghan Defense Ministry said in a statement on Tuesday that up to 47 militants have been confirmed dead as fighting planes struck Taliban fighters’ hideouts and positions in the southern Kandahar province.

More than 2,400 U.S. troops have been killed in Afghanistan over the past two decades, with 20,000 wounded. Meanwhile, estimates show that over 66,000 Afghan troops have been killed, and over 2.7 million people have had to leave their homes. Enditem
Photo : U.S. President Joe Biden addresses a joint session of Congress in Washington, D.C., the United States, April 28, 2021. (Melina Mara/Pool via Xinhua)