Connect with us

North America

အာဖရိကန် တပ်ဖွဲ့ဝင်များအား ကူညီရန် အမေရိကန်နိုင်ငံက လေကြောင်းတိုက်ခိုက်မှုများစွာ ပြုလုပ်ကြောင်း ပင်တဂွန်ပြော

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ စစ်တပ်က အာဖဂန်နစ္စတန်နိုင်ငံရှိ အာဖဂန် တပ်ဖွဲ့ဝင်များအား ကူညီရန် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်က ဇူလိုင် ၂၂ ရက်က ပြောကြားခဲ့သည်။

အသေးစိတ်ဖော်ပြထားခြင်းမရှိသော်လည်း “လွန်ခဲ့သည့် ရက်ပေါင်းများစွာအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကနေတစ်ဆင့် အာဖဂန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (ANDSF) အား ပံ့ပိုးကူညီရန် ဆောင်ရွက်ခဲ့ကြောင်း” ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ John Kirby က ပြောခဲ့ကြောင်း သတင်းများ၏ အဆိုအရ သိရသည်။

အမေရိကန်နိုင်ငံ စစ်တပ်က ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်အတွင်း အာဖဂန် တပ်ဖွဲ့များအား ပံ့ပိုးရန် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ကျော် ပြုလုပ်ခဲ့ကြောင်း ကာကွယ်ဆေး တာဝန်ရှိသူက Associated Press သို့ ပြောခဲ့သည်။

အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်မှာ အာဖဂန် တပ်ဖွဲ့ဝင်များထံမှ တာလီဘန်များ သိမ်းယူထားသည့် စစ်ဘက်ဆိုင်ရာ ကိရိယာများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် တာလီဘန် တိုက်ခိုက်ရေးနေရာများအား ပစ်မှတ်ထားကာ အနည်းဆုံး လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် စစ်ဘေးဒဏ်ခံစားနေရသော နိုင်ငံတွင် လုံခြုံရေး အခြေအနေနှင့် အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်း ပြီးစီးလုနီးပါး အခြေအနေတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် ခရိုင်စင်တာ ၄၁၉ ခု၏ ထက်ဝက်ခန့်မှာ တာလီဘန် ထိန်းချုပ်မှုအောက်တွင် ရောက်ရှိနေကြောင်း အမေရိကန်နိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က ဇူလိုင် ၂၁ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်က မူလက စက်တင်ဘာ ၁၁ ရက်အစား ဩဂုတ် ၃၁ ရက်မတိုင်မီ အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန် စစ်တပ်၏ တာဝန်များ အဆုံးသတ်ရန် ညွှန်ကြားထားသည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနကလည်း အမေရိကန် တပ်ဖွဲ့ဝင် ၉၅ ရာခိုင်နှုန်းကျော် ရုပ်သိမ်းပြီးဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ (Xinhua)

————————————
(English Version)
U.S. launches several airstrikes to support Afghan forces: Pentagon
Source: Xinhua| 2021-07-23 05:33:26|Editor: huaxia
WASHINGTON, July 22 (Xinhua) — The U.S. military in the past few days conducted airstrikes in Afghanistan to support Afghan security forces, the Pentagon said on Thursday.
According to media reports, Pentagon spokesperson John Kirby said that “in the last several days, we have acted, through airstrikes, to support the ANDSF (Afghan National Defense and Security Forces),” without providing details.
A defense official told the Associated Press that the U.S. military conducted more than four airstrikes supporting Afghan forces on Wednesday and Thursday.
At least two of the strikes targeting military equipment that the Taliban had taken from the Afghan forces, and others targeting Taliban fighting positions, including at least one strike in the southern province of Kandahar, said the report.
These airstrikes came as the security situation in the war-torn country deteriorated and the U.S. drawdown was almost completed.
General Mark Milley, chairman of the U.S. Joint Chiefs of Staff, said in a press briefing on Wednesday that about half of the 419 district centers in Afghanistan are under Taliban control.
President Joe Biden had ordered the U.S. military to end its mission in Afghanistan by Aug. 31, days ahead of his original Sept. 11 deadline. U.S. Central Command said last week over 95 percent of the withdrawal had been completed. ■
Photo : Security force members inspect a damaged vehicle from which rockets were fired in Kabul, Afghanistan, July 20, 2021. (Xinhua/Rahmatullah Alizadah)