Connect with us

Europe

အားလုံးအတွက် COVID-19 ကာကွယ်ဆေးရရှိရန် အလေးထားဆောင်ရွက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေးကို ရောမမြို့တွင် ကျင်းပ

အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေးပြီးနောက် အီတလီနိုင်ငံ ဝန်ကြီးချုပ် Mario Draghi (ယာ) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ- Pool via Xinhua)

ရောမ၊ မေ ၂၂ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကမ္ဘာတစ်ဝန်း ကြိုးပမ်းအားထုတ်မှုများအား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရန် ရည်ရွယ်လျက် ကမ္ဘာ့ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစုဝေးကာ ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေးကို မေ ၂၁ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေးတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကြသော အီတလီနိုင်ငံ ဝန်ကြီးချုပ် Mario Draghi (ယာဘက်ဒုတိယမြောက်) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (ယာဘက် တတိယမြောက်) တို့အား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ)

အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေးပြီးနောက် အီတလီနိုင်ငံ ဝန်ကြီးချုပ် Mario Draghi (ယာ) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ- Pool via Xinhua)

အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သော ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲ၌ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က စကားပြောနေစဉ် (ဓာတ်ပုံ- Pool via Xinhua)

တက်ရောက်သူများ၏ ကတိကဝတ်များ တရားဝင်ဖြစ်ရေးနှင့် အနာဂတ်တွင် ကမ္ဘာ့ကျန်းမာရေးနှင့် ဆက်စပ်သော မူဝါဒများအတွက် အကြံပြုချက်များနှင့် ဦးစားပေးကိစ္စများ ပံ့ပိုးခြင်းတို့ကိုဆောင်ရွက်ကာ တရားဝင် ရောမကြေညာစာတမ်းဖြင့် အဆိုပါ အွန်လိုင်းထိပ်သီးအစည်းအဝေးအား ပိတ်သိမ်းမည်ဖြစ်သည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသည် G20 နှစ်စဥ်အလှည့်ကျဥက္ကဋ္ဌ အီတလီနိုင်ငံ၏ အစီအစဉ်တွင် အဓိကအစည်းအဝေးတစ်ခုဖြစ်ကာ အီတလီနိုင်ငံနှင့် ဥရောပကော်မရှင်တို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး အီတလီနိုင်ငံ ဝန်ကြီးချုပ် Mario Draghi နှင့် ဥရောပကော်မရှင် ဥက္ကဌ Ursula von der Leyen တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

Villa Pamphilj တွင် ပြုလုပ်သော အဆိုပါ အစည်းအဝေး၌ Draghi က ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ တိုက်ဖျက်ရေး ဆောင်ရွက်နေစဉ် တန်ဖိုးမဖြတ်နိုင်သော ပါဝင်ကူညီဆောင်ရွက်မှုအတွက် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သိပ္ပံသုတေသီများအား ကျေးဇူးတင်ကြောင်း ဖွင့်ပွဲမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“ကပ်ရောဂါက လက်ရှိကာလနဲ့ အနာဂတ်အတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်မူထူးခြားလှတဲ့ ဆက်စပ်မှုကို မီးမောင်းထိုးပြလျက်ရှိပါတယ်” ဟု ၎င်းကပြောခဲ့သည်။

သိပ္ပံပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၏ အသိပညာဗဟုသုတနှင့် အစီရင်ခံစာများက ထိပ်သီးအစည်းအဝေး အစီအစဉ် ဆောင်ရွက်ခြင်းနှင့် နောက်ဆုံး ကြေညာစာတမ်း ထွက်ပေါ်လာခြင်း နှစ်ခုလုံးအတွက် “အလွန်အရေးပါကြောင်း” ၎င်းက ပြောကြားခဲ့သည်။

“အစည်းအဝေး တက်ရောက်သူများအားလုံးနဲ့အတူ COVID-19 တိုက်ဖျက်ရေးမှာ ဘာတွေမှားယွင်းခဲ့တယ်ဆိုတာကို ကျွန်တော်တို့ နားလည်လာမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ထိပ်သီးအစည်းအဝေး၏ အဓိကပန်းတိုင်တစ်ခုမှာ ကမ္ဘာ့လူသားများအားလုံးအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံနိုင်ရေးပင်ဖြစ်ကြောင်း Draghi ရော von der Leyen ကပါ အလေးထားပြောခဲ့သည်။

ဥရောပသမဂ္ဂအနေဖြင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမတိုင်မီ ဝင်ငွေနိမ့်နှင့် ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများအတွက် အနည်းဆုံး ကာကွယ်ဆေး သန်း ၁၀၀ ပံ့ပိုးပေးနိုင်ရန် ဥရောပကော်မရှင် အကြီးအကဲက ကတိပြုထားသည်။

“ဒီကနေ့မှာ ကပ်ရောဂါကြောင့် ရရှိခဲ့တဲ့ သင်ခန်းစာတွေကို ကျွန်မတို့ ဆွေးနွေးသွားပါမယ်။ ပထမဆုံး ကျွန်မသိခဲ့ရတာကတော့ ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်လိုအပ်သလဲ၊ အစိုးရခေါင်းဆောင်တွေအနေနဲ့လည်း ကျန်းမာရေးပညာရှင်တွေ သိပ္ပံပညာရှင်တွေနဲ့ ဘယ်လောက်ထိ အတူတကွ လုပ်ဆောင်ရမလဲဆိုတာပါပဲ” ဟု ၎င်းက ဆိုသည်။

“ပြည်သူ့ကျန်းမာရေးကို အားလုံးက စိုးရိမ်ကြပါတယ်။ သိပ္ပံပညာရပ်ဆိုင်ရာ အသိုင်းအဝိုင်းက ကျွန်မတို့ကို ဘယ်လောက်ထိ ကူညီပေးလျက်ရှိတယ်ဆိုတာကို ကျွန်မတို့ မေ့ထားလို့မရပါဘူး။ ဒီကနေ့အတွက် မျှော်လင့်ချက်ရှိနေတယ်ဆိုရင် သူတို့ကို ကျေးဇူးတင်ရမှာပါ” ဟု ၎င်းက ပြောခဲ့သည်။

တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျာမနီ၊ ဗြိတိန်၊ အာဂျင်တီးနား၊ ရုရှား၊ ဂျပန်နှင့် အီးယူ အပါအဝင် G20 အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များက ထိပ်သီးအစည်းအဝေး၌ ပါဝင်တက်ရောက်ခဲ့ပြီး စင်ကာပူ၊ နယ်သာလန်နှင့် စပိန်နိုင်ငံတို့ကလည်း ဧည့်နိုင်ငံများအဖြစ် ပါဝင်တက်ရောက်ခဲ့ကြသည်။

ကုလသမဂ္ဂနှင့် ၎င်း၏အေဂျင်စီအချို့၊ အာဖရိကသမဂ္ဂနှင့် ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၊ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်း ၁၅ ခုကလည်း အစည်းအဝေး တက်ရောက်ခဲ့ကြောင်း သိရသည်။

အလှည့်ကျဥက္ကဋ္ဌ အီတလီနိုင်ငံ၏ အစီအစဉ်အရ ထိပ်သီးအစည်းအဝေးကို COVID-19 ကုသရေး၊ စမ်းသပ်ရေးနှင့် ကာကွယ်ဆေးများ ကမ္ဘာတစ်ဝန်း ရရှိနိုင်ရေး ပံ့ပိုးရန် ၂၀၂၀ ပြည့်နှစ်တွင် ယူရို ၁၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉.၅ ဘီလီယံ) နီးပါး အလှူငွေရှာဖွေပေးခဲ့သည့် ရေရှည်အစီအစဥ်တစ်ခုဖြစ်သော ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးနှင့် အခြားသော ကျန်းမာရေး ရှေ့ပြေးဆောင်ရွက်ချက်နှင့် လုပ်ငန်းစဉ်များအပေါ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Global Health Summit kicks off in Rome with focus on ensuring COVID-19 vaccines for all
Source: Xinhua| 2021-05-21 20:20:22|Editor: huaxia
ROME, May 21 (Xinhua) — The Global Health Summit kicked off here on Friday, with world leaders and representatives of international organizations gathering in a daylong conference aimed at coordinating worldwide efforts against the COVID-19 pandemic.
The virtual summit will close with an official Rome Declaration, formalizing the participants’ commitments and providing recommendations and priorities for global health-related policies in the future.
Organized by Italy and the European Commission, it is a key event in the annual G20 Italian presidency’s agenda, co-chaired by Italian Prime Minister Mario Draghi and President of European Commission Ursula von der Leyen.
In his opening remarks from Villa Pamphilj where the event is taking place, Draghi thanked medical experts and scientific researchers for the invaluable contribution they have been making in the fight against the coronavirus emergency.
“The pandemic has underlined the extraordinary relevance of international cooperation for the current times and for the future,” he said.
He said the scientific experts’ knowledge and reports have been “crucial” in both setting up the summit’s agenda and in outlining the final declaration.
“With all of the attendees, we will understand what has gone wrong in the fight against the COVID-19,” he added.
Both Draghi and von der Leyen stressed that one key goal of the summit is to ensure coronavirus vaccination for the entire world population.
The European Commission chief pledged the EU would provide at least 100 million vaccine doses to low and medium-income countries by the end of 2021.
“Today we will discuss the lessons this pandemic has taught us, and the first thing I have learned is how much we need each other, and how much government leaders must work with health experts and scientists,” she said.
“Everyone is concerned about public health, yet we must not forget how much the scientific community has helped us. … If there is hope today, it is thanks to them.”
Leaders from the G20 countries are taking part in the summit, including from China, the United States, India, Germany, Britain, Argentina, Russia, Japan, and the EU as a whole, plus Singapore, the Netherlands and Spain as guest countries.
Fifteen international and regional organizations are also represented, such as the United Nations and some of its agencies, the African Union, the Association of Southeast Asian Nations (ASEAN), the World Bank, and the International Monetary Fund (IMF).
According to the Italian presidency’s agenda, the summit would build on the Coronavirus Global Response — a pledging marathon that raised almost 16 billion euros (19.5 billion U.S. dollars) in donations in 2020 to support worldwide access to COVID-19 treatments, tests and vaccines — and other health initiatives and processes. Enditem

1-Italian Prime Minister Mario Draghi (R) and European Commission President Ursula von der Leyen attend a press conference after the Global Health Summit in Rome, Italy, on May 21, 2021. The Global Health Summit kicked off here on Friday, with world leaders and representatives of international organizations gathering in a daylong conference aimed at coordinating worldwide efforts against the COVID-19 pandemic. (Pool via Xinhua)
2-Italian Prime Minister Mario Draghi (2nd R) and European Commission President Ursula von der Leyen (3rd R) co-chair the Global Health Summit in Rome, Italy, on May 21, 2021. The Global Health Summit kicked off here on Friday, with world leaders and representatives of international organizations gathering in a daylong conference aimed at coordinating worldwide efforts against the COVID-19 pandemic. (Str/Xinhua)
3-Italian Prime Minister Mario Draghi (R) and European Commission President Ursula von der Leyen attend a press conference after the Global Health Summit in Rome, Italy, on May 21, 2021. The Global Health Summit kicked off here on Friday, with world leaders and representatives of international organizations gathering in a daylong conference aimed at coordinating worldwide efforts against the COVID-19 pandemic. (Pool via Xinhua)
4-European Commission President Ursula von der Leyen speaks at a press conference after the Global Health Summit in Rome, Italy, on May 21, 2021. The Global Health Summit kicked off here on Friday, with world leaders and representatives of international organizations gathering in a daylong conference aimed at coordinating worldwide efforts against the COVID-19 pandemic. (Pool via Xinhua)