Connect with us

Asia

အိန္ဒိယစစ်ဦးစီးချုပ် လိုက်ပါလာသော ရဟတ်ယာဉ် Tamil Nadu ပြည်နယ်တွင်ပျက်ကျမှုဖြစ်ပွား

နယူးဒေလီ ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ စစ်ဦးစီးချုပ်(CDS) ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် အခြားသော အဆင့်မြင့်အရာရှိကြီးများလိုက်ပါလာသည့် ရဟတ်ယာဉ်တစ်စင်းသည် ယနေ့ ဒီဇင်ဘာ ၈ ရက် တွင် အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်အတွင်း ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ယင်းရဟတ်ယာဉ်ပျက်ကျမှုသည် Tamil Nadu ပြည်နယ်မြို့တော် ချန်နိုင်းမြို့၏ အနောက်တောင်ဘက် ၅၃၈ ကီလိုမီတာကျော်အကွာအဝေးတွင် တည်ရှိသည့် Nilgiris ခရိုင်အတွင်းရှိ Coonoor နယ်မြေ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ စစ်ဦးစီးချုပ် (CDS) ဗိုလ်ချုပ်ကြီး Bipin Rawat လိုက်ပါလာတဲ့ IAF Mi-17V5 ရဟတ်ယာဉ်ဟာ Tamil Nadu ပြည်နယ် Coonoor ဒေသအနီးမှာ ဒီကနေမတော်တဆမှုဖြစ်ပွားခဲ့ပါတယ် ” ဟု အိန္ဒိယနိုင်ငံလေတပ် (IAF)၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။ “ ယင်းမတော်တဆမှုနဲ့ပတ်သက်ပြီး သေသေချာချာသိနိုင်ဖို့ စုံစမ်းစစ်ဆေးရေးအမိန့်တစ်ရပ်ကို ထုတ်ပြန်ထားပြီဖြစ်ပါတယ်” ဟု ဖြည့်စွက်ဖော်ပြထားသည်။

လူသေဆုံးမှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ သို့သော်လည်း ရုပ်အလောင်း ၄ ခုကို သယ်ထုတ်သွားကြောင်း နှင့် အခြား ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရထားသူ ၃ ဦးရှိကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ရဟတ်ယာဉ်ပေါ်တွင် ခရီးသည် ၉ ဦး နှင့် ရဟတ်ယာဉ်အမှုထမ်း ၅ ဦး အပါအဝင် လူပေါင်း ၁၄ ဦးလိုက်ပါသွားကြောင်း နှင့် စစ်ဦးစီးချုပ်၏ ဇနီးဖြစ်သူလည်း ပါဝင်ကြောင်း Asian News International (ANI) ရုပ်သံလိုင်းက ဆိုသည်။

ဒဏ်ရာရသူအချို့ကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီဖြစ်ကြောင်း သတင်းများက ဆိုသည်။ အိန္ဒိယပြည်တွင်းရုပ်သံလိုင်းများက မီးခိုးများ နှင့် မီးညွွန့်များထွက်နေသည့် ရဟတ်ယာဉ်အပျက်အစီး၏ ဓာတ်ပုံများကို ထုတ်လွှင့်ပြသခဲ့သည်။ (Xinhua)

—————————————————-
(English Version)

Helicopter carrying India’s chief of defense staff crashes in Tamil Nadu

NEW DELHI, Dec. 8 (Xinhua) — A helicopter carrying India’s Chief of Defense Staff (CDS) General Bipin Rawat and other officials crashed Wednesday in the southern state of Tamil Nadu, officials said.

The helicopter crashed at the Coonoor area of Nilgiris district, about 538 km southwest of Chennai, the capital city of Tamil Nadu.
“An IAF Mi-17V5 helicopter, with CDS Gen Bipin Rawat on board, met with an accident today near Coonoor, Tamil Nadu,” the Indian Air Force (IAF) said in a brief statement. “An Inquiry has been ordered to ascertain the cause of the accident.”

Details about the casualties are awaited, officials said. However, local media reports said four bodies have been retrieved, and three others have been seriously injured.
Local television news agency Asian News International (ANI) said around 14 people including nine passengers and five crew members were on board, adding that Rawat’s wife was also accompanying him

Reports said some injured people have been taken to hospital. Images on local TV channels showed the wreckage along with thick smoke and fire on the spot