Connect with us

Asia

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား ဒေသတွင် Bharatiya Janata ပါတီခေါင်းဆောင်အား သေနတ်သမားများက လုပ်ကြံသတ်ဖြတ်

စရီနာဂါ၊ အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယား၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

စစ်သွေးကြွများဟုယူဆရသောသေနတ်သမားများသည် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၌ အိန္ဒိယအာဏာရ Bharatiya Janataပါတီ (BJP) မှ ဒေသအဆင့်ခေါင်းဆောင်တစ်ဦး ကို သြဂုတ် ၁၇ ရက် က လုပ်ကြံပစ်ခတ်ခဲ့ကြောင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။Javid Ahmad Dar ဟုအမည်ရသော အသတ်ခံရသည့် လူငယ်ခေါင်းဆောင်သည် အိန္ဒိယထိန်းချုပ်ထားသော နွေရာသီမြို့တော် စရီနာဂါမြို့၏ တောင်ဘက် ၅၆ ကီလိုမီတာအကွာ၊ Kulgamခရိုင်၏ Brazloo Jagir ကျေးရွာရှိ ၎င်း၏ နေအိမ်အပြင်ဘက်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

သတ်ဖြတ်မှုအတွက် စစ်သွေးကြွများအား ရဲတပ်ဖွဲ့က ပြစ်တင်စွပ်စွဲထားသည်။“Javid Ahmad Dar ကို သူ့အိမ်ရဲ့အပြင်ဘက်မှာ စစ်သွေးကြွတွေက အနီးကပ် ပစ်သတ်သွားတာပါ ” ဟု Kulgam ၌ တာဝန်ကျသော ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောခဲ့သည်။

အစီရင်ခံစာများအရ Dar သည်လွန်ခဲ့သောသုံးနှစ်က ဒေသမဲဆန္ဒနယ်ကို တာဝန်ယူသည့် BJP အဖွဲ့ဝင်တစ် ဦး ဖြစ်ကြောင်း သိရသည်။သတ်ဖြတ်မှုဖြစ်ပွားပြီးနောက် ရဲအဖွဲ့သည် တိုက်ခိုက်သူများအား ဖမ်းဆီးရမိရန် အခင်းဖြစ်ပွားရာ နေရာသို့ အလျင်အမြန်သွားရောက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အနီးအနား ကပ်လျက်တွင် တည်ရှိသည့် Anantnagခရိုင်တွင် သေနတ်သမားများသည် BJP ခေါင်းဆောင်တစ်ဦးအား ၎င်းငှားရမ်းထားသော အိမ်အတွင်းဝင်ရောက်ကာ ဇနီးသည်နှင့် အတူ အကြမ်းဖက်ပစ်သတ်ခဲ့ကြောင်း သိရသည်။ ခင်ပွန်းဖြစ်သူမှာ ကျေးလက်ဒေသ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဇနီးသည်မှာ အဖွဲ့ဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————————–
(English Version)
Gunmen kill Bharatiya Janata Party leader in Indian-controlled Kashmir

SRINAGAR, Indian-controlled Kashmir, Aug. 17 (Xinhua) — Unidentified gunmen believed to be militants Tuesday shot dead a local level leader of India’s ruling Bharatiya Janata Party (BJP) in restive Indian-controlled Kashmir, police said.

The slain leader identified as Javid Ahmad Dar was attacked outside his residence at village Brazloo Jagir of Kulgam district, about 56 km south of Srinagar city, the summer capital of Indian-controlled Kashmir.

Police blame militants for the killing.”Militants today fired upon Javid Ahmad Dar outside his residence from a point-blank range here,” a police official posted in Kulgam told Xinhua.

Reports said Dar was a BJP member in charge of a local constituency segment for the last three years.Following the killing, police teams rushed to the spot to nab the assailants.

Last week gunmen barged into the rented accommodation of a BJP leader in adjacent Anantnag district and shot him dead along with his wife. The husband was a rural body head, while his wife was a rural body member. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.