Connect with us

Asia

အိန္ဒိယထိပ်တန်းတရားရုံးက လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နယူးဒေလီတွင် ၂ ရက်ကြာ လော့ခ်ဒေါင်း ပြုလုပ်ရန် အကြံပြုထား

အိန္ဒိယနိုင်ငံ၏ မြို့တော် နယူးဒေလီမြို့ ရှိ အိန္ဒိယဂိတ်အနီး ဒေဝါလီ ပွဲတော်အပြီး နောက်တစ်ရက် နံနက်ခင်းမီးခိုးမြူများအကြား မောင်းနှင်နေသော မော်တော်ကားများအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ဖက်ဒရယ်အစိုးရနှင့် ဒေသန္တရအစိုးရတို့သည် လေထုညစ်ညမ်းမှုအဆင့် မြင့်မားလာခြင်းကြောင့် မြို့တော်အား နှစ်ရက်ကြာ လော့ခ်ဒေါင်း (lockdown) ပြုလုပ်ရန် ထည့်သွင်းစဉ်းစားနိုင်ကြောင်း အိန္ဒိယ ထိပ်တန်းတရားရုံးက စနေနေ့တွင် အကြံပြုခဲ့သည်။

မြို့တော်တွင် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ အမှုကြားနာစဉ်တွင် တရားရုံး၏ လေ့လာခြင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

နယူးဒေလီရှိ လေထုအရည်အသွေးသည် စိုးရိမ်ရသော အခြေအနေတွင်ရှိပြီး နောက်ထပ်နှစ်ရက်မှ သုံးရက်အတွင်း လေထုအရည်အသွေး ထပ်မံကျဆင်းသွားမည်ဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။ လေထုအရည်အသွေးမြှင့်တင်ရန် အတွက် အရေးပေါ်ဆုံးဖြတ်ချက်ချရန် ဖက်ဒရယ်အစိုးရအား တရားရုံးမှာ ပြောကြားခဲ့သည်။

“အခြေအနေက ဘယ်လောက်ဆိုးနေလဲ ခင်ဗျားတို့တွေ့ပါသလား။ ကျွန်တော်တို့ အိမ်ထဲမှာတောင် နှာခေါင်းစည်းတွေတပ်နေကြတယ်” ဟု အိန္ဒိယတရားသူကြီးချုပ် N.V. Ramana က ပြောသည်။

ယင်းမြို့၌ လွန်ခဲ့သော ၁၀ ရက်အတွင်း မီးခိုးမြူများ ဆိုးဆိုးဝါးဝါးဖုံးလွှမ်းနေကြောင်းသိရသည်။

ကောက်ရိုးများမီးရှို့မှုကြောင့် လေထုညစ်ညမ်းမှု မြင့်တက်လာခြင်းအတွက် လယ်သမားများကိုသာ အပြစ်တင်၍မရနိုင်ကြောင်း၊ အာဏာပိုင်များအနေဖြင့် ယာဉ်မှ ထွက်သော ညစ်ညမ်းမှု၊ ဖုန်မှုန့်နှင့် စက်မှုလုပ်ငန်းဆိုင်ရာညစ်ညမ်းမှု အပါအဝင် အခြားအကြောင်းရင်းများကိုလည်း ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း တရားရုံးက ထပ်မံပြောကြားခဲ့သည်။

တရားရုံးသည် သက်ဆိုင်သူအားလုံးကို အရေးပေါ်အစည်းအဝေးခေါ်ယူရန် ပြည်ထောင်စုအစိုးရအား တောင်းဆိုခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် အမှုကြားနာရန် ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီသည် ကမ္ဘာပေါ်တွင် ညစ်ညမ်းမှုအရှိဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ကြောင်း သိရသည်။

စက်မှုလုပ်ငန်းများနှင့် ယာဉ်ကြောပိတ်ဆို့မှုများသည် များပြားလှသော ဆောက်လုပ်ရေးလုပ်ငန်းများနှင့်အတူ မြို့တွင်း လေထုညစ်ညမ်းမှုကို သိသိသာသာ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။ ဆောင်းရာသီမတိုင်မီ နှစ်စဉ်နှစ်တိုင်း နယူးဒေလီရှိ လေထုအရည်အသွေးသည် လွန်ခဲ့သည့်နှစ်များစွာအတွင်း အန္တရာယ်ရှိသည့်အဆင့်ဖြစ်လာကြောင်း သိရသည်။

နယူးဒေလီမြို့ရှိ တာဝန်ရှိသူများသည် ၎င်းနှင့် ကပ်ရက်ဖြစ်သော ပန်ဂျပ် နှင့် ဟာယာနာ ပြည်နယ်များတွင် ကောက်ရိုးများ မီးရှို့မှု တိုးလာခြင်းကြောင့် လေထုညစ်ညမ်းမှု ပိုများလာသည်ဟု မကြာခဏ စွပ်စွဲပြစ်တင်ကြကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
India’s top court suggests 2-day lockdown in New Delhi to tackle pollution
NEW DELHI, Nov. 13 (Xinhua) — India’s top court on Saturday suggested the federal government and the local government in New Delhi may consider imposing a lockdown of two days in the national capital in view of the high pollution levels.
The court’s observations came while hearing a case on pollution in the capital city.
The court said the air quality in New Delhi is in the “severe” category and will dip further in another two to three days. It asked the federal government to take an emergency decision for improving the air quality.
“You see how bad the situation is … even in our houses, we are wearing masks,” Indian Chief Justice N.V. Ramana said.
For the past 10 days, severe smog is engulfing the city.
The court further said that farmers alone cannot be blamed for the rising pollution levels over stubble burning and that the authorities must deal with other causes too, including vehicular pollution, dust and industrial pollution.
The court asked the federal government to call an emergency meeting of all the stakeholders and posted the matter for hearing on Monday.
Indian capital city New Delhi is among the topmost polluted cities in the world.
Industrial activities and vehicular traffic are significant contributors to air pollution in the city, along with rampant construction. Every year ahead of winters, the air quality in New Delhi becomes hazardous over the past many years.
Officials in New Delhi often blame the stubble burning in neighboring states of Punjab and Haryana for the increasing pollution. Enditem