Connect with us

Asia

အိန္ဒိယနိုင်ငံက ကာကွယ်ရေးဘတ်ဂျက်ကို ၉.၈ ရာခိုင်နှုန်း တိုးမြှင့်

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်အား ဖေဖော်ဝါရီ ၁ ရက်က ရူပီး ၅.၂၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ခန့်) အထိ တိုးမြှင့်ခဲ့ပြီး ယမန်နှစ်ကထက် ၉.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) အနေဖြင့် စက်မှုလုပ်ငန်း၊လုပ်ငန်းစတင်ခြင်းနှင့် ပညာရေး ကဏ္ဍများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ဘတ်ဂျက်၏ ၂၅ ရာခိုင်နှုန်း ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Nirmala Sitharaman က ပါလီမန်တွင် ပြည်ထောင်စုဘတ်ဂျက် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ အစိုးရအနေနဲ့ သွင်းကုန်လျှော့ချရန်နဲ့ စစ်တပ်အတွက် ပစ္စည်းကိရိယာများကို ကိုယ်ပိုင်အားထားမှု မြှင့်တင်ရန် ကတိပြုထားပါတယ်။ ယခုနှစ်တွင် ငွေအရင်းအနှီးရှာဖွေခြင်းဘတ်ဂျက်၏ ၆၈ ရာခိုင်နှုန်းကို ပြည်တွင်း စက်မှုလုပ်ငန်းအတွက် သတ်မှတ်ထားပြီး မနှစ်က ၅၈ ရာခိုင်နှုန်းရှိရာမှ တိုးမြှင့်လိုက်တာဖြစ်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

“၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု ဘတ်ဂျက်က ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ကာကွယ်ရေး လုံခြုံမှု အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု ခေတ်နှင့်လျော်ညီစေရန် တွန်းအားတွေ ထပ်မံဖြည့်တင်းပေးလျက်ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ကာကွယ်ရေးဘတ်ဂျက်သည် နိုင်ငံတစ်ခုလုံး၏စုစုပေါင်း ဘတ်ဂျက်၏ ၁၃.၃၁ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။
ကာကွယ်ရေးဘတ်ဂျက် ရန်ပုံငွေတွင် အငြိမ်းစားယူထားသောဝန်ထမ်းများအတွက် ပင်စင်လစာများ (ရူပီးငွေ ၁၁၉,၀၀၀ crore) ပါဝင်ပြီး “စုစုပေါင်း ကာကွယ်ရေးဘတ်ဂျက်သည် ၂၀၂၁-၂၂ ခန့်မှန်းဘတ်ဂျက်ရဲ့ ရူပီး ၄၆,၉၇၀ crore တိုးမြှင့်ခြင်းကို ကိုယ်စားပြုထားကြောင်း” ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)
———————————————–
(English Version)
India raises defence budget by 9.8 pct
Source: Xinhua
Editor: huaxia
2022-02-02 00:43:30

NEW DELHI, Feb. 1 (Xinhua) — India’s defence budget was increased to 5.25 trillion Indian Rupees (about 70 billion U.S. dollars) on Tuesday, 9.8 percent higher than that of last year.

Delivering the Union Budget speech in parliament, Finance Minister Nirmala Sitharaman said that defence’s research and development (R&D) would be opened up for industry, start-ups and academia with 25 percent of the Research and Development budget earmarked for them.

The minister said, “Our government is committed to reducing imports and promoting self-reliance in equipment for the armed forces. Sixty-eight percent of the capital procurement budget will be earmarked for the domestic industry this year, up from 58 percent last year.”

“The Union Budget for Financial Year 2022-23 has given further impetus to modernisation of Defence Services and Defence Security Infrastructure development,” the Defence Ministry said in a statement.
According to the ministry, the total defence budget was 13.31 percent of the total budget for the whole country.

The funds for defence budget include pensions (119,000 crore Indian Rupees) for the retired defence personnel and “the total Defence Budget represents an enhancement of 46,970 crore Indian Rupees (9.82 percent) over Budget Estimates 2021-22,” said the statement. ■

Photo : NEW DELHI, Jan. 26, 2022 (Xinhua) — Women soldiers take part in the 73rd Republic Day parade at Rajpath in New Delhi, India, Jan. 26, 2022. (Xinhua/Partha Sarkar)