Connect with us

COVID-19 UPDATES

အိန္ဒိယနိုင်ငံက ပြည်ပခရီးသွားများအတွက် ကွာရန်တင်း စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့ပေးရန်ရှိ

အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ် ပရာယာဂရတ်ခရိုင်ရှိ လေဆိပ်တစ်ခုတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုအတွက် ခရီးသည်တစ်ဦးထံမှ နှာခေါင်းတို့ဖတ်ရယူနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အစိုးရသည် စိတ်ချရသောနိုင်ငံများမှ ရောက်ရှိလာသော နိုင်ငံတကာခရီးသည်များအတွက် ကွာရန်တင်း (quarantine) စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မဟာပရာဒတ်ရှ်ပြည်နယ် မြို့တော် ဘိုပါတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူနေသူတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် အိန္ဒိယနှင့်နိုင်ငံအဆင့် အသိအမှတ်ပြုထားသော သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြုသော ကာကွယ်ဆေးများ ထိုးနှံပြီးကြောင်း အပြန်အလှန်အသိအမှတ်ပြုလက်မှတ်များဖြင့် သဘောတူညီချက်ရရှိထားသော နိုင်ငံများမှ နိုင်ငံတကာခရီးသွားဧည့်သည်များအတွက် ကွာရန်တင်း စံသတ်မှတ်ချက်များ ပြဋ္ဌာန်းထားသည့် လမ်းညွှန်ချက်အသစ်များကို အောက်တိုဘာ ၂၀ ရက်၌ ထုတ်ပြန်ခဲ့သည်။

အောက်တိုဘာ ၂၅ ရက်မှစ၍ အသက်ဝင်မည့် စံသတ်မှတ်ချက်အသစ်များအရ သတ်မှတ်ထားသော နိုင်ငံများမှ အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသည့် နိုင်ငံခြားသားများအား လေဆိပ်မှထွက်ခွာခွင့်ပြုသွားမည်ဖြစ်ပြီး နိုင်ငံသို့ဆိုက်ရောက်ပြီးနောက် ၁၄ ရက်အတွင်း ၎င်းတို့၏ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ကြည့်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုခရီးသွားဧည့်သည်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ (COVID-19) ကင်းစင်ကြောင်း RT-PCR ဆေးစစ်ချက် တင်သွင်းရမည်ဖြစ်ကြောင်း၊ ၎င်းဆေးစစ်ချက်သည် ခရီးမသွားမီ ၇၂ နာရီအတွင်း စစ်ဆေးထားခြင်း ဖြစ်ရမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံအဆင့် သို့မဟုတ် WHO အသိအမှတ်ပြုထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ အပြန်အလှန်အသိအမှတ်ပြုခြင်းဆိုင်ရာ သဘောတူညီချက်များကို ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နီပေါ၊ ဘယ်လာရုဇ်၊ လက်ဘနွန်၊ အာမေးနီးယား၊ ယူကရိန်း၊ ဘယ်လ်ဂျီယံ၊ ဟန်ဂေရီနှင့် ဆာဘီးယား စသည့်နိုင်ငံ ၁၁ နိုင်ငံနှင့် လက်မှတ်ရေးထိုးထားခဲ့သည်။

လမ်းညွှန်ချက်များအရ လက်ရှိတွင် အိန္ဒိယနှင့် ထိုသို့ သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်းမရှိသော နိုင်ငံများလည်းရှိကြောင်း၊ သို့ရာတွင် နိုင်ငံအဆင့်အသိအမှတ်ပြုထားသော သို့မဟုတ် WHO အသိအမှတ်ပြုထားသော ကာကွယ်ဆေးများဖြင့် ကာကွယ်ဆေးအပြည့်အဝထိုးထားသော အိန္ဒိယ နိုင်ငံသားများအား ကင်းလွတ်ခွင့်ပေးထားကြောင်း၊ အခြေခံအပြန်အလှန်သဘောတူညီချက်အပေါ် အိန္ဒိယနိုင်ငံသားများအား ကွာရန်တင်းကင်းလွတ်ခွင့်ပေးထားသော နိုင်ငံများအားလုံးမှ ခရီးသွားများကိုလည်း ဆိုက်ရောက်စဉ် ကွာရန်တင်း ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

“လေယာဉ်နှင့်ခရီးသွားစဉ် ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသော ခရီးသည်တစ်စုံတစ်ဦးရှိပါက အဆိုပါပုဂ္ဂိုလ်သည် လုပ်ထုံးလုပ်နည်းအရ သီးသန့်ခွဲခြားနေထိုင်ရမှာဖြစ်ပါတယ်” ဟု လမ်းညွှန်ချက်များအရ ပြောကြားထားသည်။

ပင်လယ်ဆိပ်ကမ်းများ သို့မဟုတ် ကုန်းလမ်းခရီးစဉ်များမှတစ်ဆင့် ရောက်ရှိလာသော နိုင်ငံတကာခရီးသွားဧည့်သည်များလည်း အလားတူ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ရမည်ဖြစ်သည်။ (Xinhua)

————————————
(English Version)
India to relax quarantine rules for foreign travellers
2021-10-21 11:43:27
NEW DELHI, Oct. 21 (Xinhua) — The Indian government has decided to relax the quarantine rules for international passengers arriving from certain countries.
India’s health ministry on Wednesday issued a new set of guidelines specifying quarantine norms for international travellers from countries which have agreement with India on mutual recognition of vaccination certificates of nationally recognized or World Health Organization (WHO)-recognized vaccines.
As per the new norms, which will come into effect from Oct. 25, foreigners from the designated countries arriving in India shall be allowed to leave the airport and shall self-monitor their health for 14 days post-arrival.
Such passengers will also have to submit a negative COVID-19 RT-PCR test report, and the test should have been conducted within 72 hours prior to undertaking the journey.
India has signed agreements for mutual recognition of nationally or WHO-recognized COVID-19 vaccines with 11 countries namely Britain, France, Germany, Nepal, Belarus, Lebanon, Armenia, Ukraine, Belgium, Hungary and Serbia.
According to the new guidelines, there are countries which presently do not have such an agreement with India, but they exempt Indian citizens fully vaccinated with nationally recognized or WHO-recognized vaccines. On the basis of reciprocity, the travellers from all such countries which provide quarantine-free entry to Indians are allowed certain relaxations on arrival.
“If any passenger reports symptoms of COVID-19 during flight, he/she shall be isolated as per protocol,” the guidelines said.
International travellers arriving through seaports or land ports will also undergo the same protocol. ■
1- A health worker takes a nasal swab sample from a passenger for COVID-19 testing at the airport in Prayagraj District of Uttar Pradesh, India, Aug. 13, 2021. (Str/Xinhua)
2- A woman receives a shot of COVID-19 vaccine in Bhopal, the capital city of India’s Madhya Pradesh state, Aug. 25, 2021. (Str/Xinhua)