Connect with us

Asia

အိန္ဒိယနိုင်ငံက AK-203 ချေမှုန်းရေးရိုင်ဖယ်သေနတ်များ ဝယ်ယူရန် ရုရှားနိုင်ငံနှင့် သဘောတူညီချက် လက်မှတ်ရေးထိုး

AK-203 ချေမှုန်းရေးရိုင်ဖယ် တစ်လက်အား တွေ့ရစဉ်(ဓာတ်ပုံ - အင်တာနက်)

နယူးဒေလီ ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်ခရီးစဉ်မတိုင်မီ ဒီဇင်ဘာ ၆ ရက်တွင် AK-203 ချေမှုန်းရေးရိုင်ဖယ်သေနတ် အလက် ၆၀၀,၀၀၀ ကျော် ဝယ်ယူရေးအတွက် ရုရှားနိုင်ငံနှင့် သဘောတူညီချက်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အချိန်အတော်ကြာ မျှော်လင့်စောင့်ဆိုင်းခဲ့ရသည့် သဘောတူညီချက်တွင် အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်ရှိ စက်ရုံတစ်ရုံ၌ ရိုင်ဖယ်သေနတ်များ ပူးတွဲထုတ်လုပ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်ကို အိန္ဒိယနိုင်ငံသို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသည့် ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoigu နှင့် အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh တို့အကြား ပြုလုပ်ခဲ့သော အစည်းအဝေးအတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယင်းလက်မှတ်ရေးထိုးနိုင်မှုသည် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ နှင့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့အကြား ပြုလုပ်ရန် စီစဉ်ထားသည့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
India signs deal with Russia for procurement of AK-203 assault rifles
NEW DELHI, Dec. 6 (Xinhua) — Ahead of Russian President Vladimir Putin’s visit to New Delhi, India on Monday signed an agreement for the procurement of over 600,000 AK-203 assault rifles with Russia, officials said.
The much-awaited deal will allow the joint production of assault rifles at a facility in India’s Uttar Pradesh.
The deal was signed during the meeting between visiting Russian Defense Minister Sergey Shoigu and India’s Defense Minister Rajnath Singh.
The development came ahead of the summit between Prime Minister Narendra Modi and President Putin scheduled on Monday evening. Enditem