Connect with us

COVID-19 UPDATES

အိန္ဒိယနိုင်ငံတွင် COVID- 19 ရောဂါကူးစက်ခံမှုအသစ် ၁၃,၁၅၄ ဦးတွေ့ရှိ

အိန္ဒိယနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနေသည့်ပြည်သူများအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သော (၂၄) နာရီအတွင်း ကိုဗစ်ကူးစက်ခံရသူ အသစ် ၁၃,၁၅၄ ဦးတွေ့ရှိခဲ့ရာ ယနေ့ဒီဇင်ဘာ ၃၀ ရက် ကြာသပတေးနေ့အထိ နိုင်ငံတစ်ဝှမ်း COVID-19 ကူးစက်ခံထားရသူပေါင်း ၃၄,၈၂၂,၀၄၀ ဦးအထိ မြင့်တက်သွားပြီဖြစ်ကြောင်း အိန္ဒိယဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။

ထို့ပြင် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှ စတင်ကာ ကိုဗစ်ကပ်ရောဂါကြောင့် လူ (၂၆၈) ဦး သေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၄၈၀,၈၆၀ ဦးထိ ရောက်ရှိသွားပြီဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ(active cases) ၅,၄၀၀ ဦး မြင့်တက်လာခြင်းကြောင့် လက်ရှိ ရောဂါဖြစ်ပွားနေသူပေါင်း ၈၂, ၄၀၂ ဦးရှိသည်။ ယင်းမှာ အိန္ဒိယနိုင်ငံ၌ နှစ်ရက်ဆက်တိုက် ကိုဗစ်ရောဂါ (active cases) ဖြစ်ပွားမှု မြင့်တက် ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်အထိ လူပေါင်း ၃၄၂,၅၈,၇၇၈ ဦးသည် ကိုဗစ်ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိထားပြီး ယင်းအနက် ၇,၄၈၆ ဦးမှာ လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်း ဆေးရုံဆင်းခွင့်ရရှိသူများဖြစ်ကြောင်း သိရသည်။

တစ်ဆက်တည်းမှာပင် အိန္ဒိယနိုင်ငံမှာ အိုမီခရွန် ဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အရေအတွက်သည် ၉၆၁ ဦး ရှိခဲ့ရာ ၎င်းတို့အနက် ၂၆၃ ဦးမှာ ဒေလီမြို့မှ ဖြစ်ပြီး ၂၅၂ ဦးမှာ မဟာရတ်ရှ်ထရာပြည်နယ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ အိုမီခရွန်ဗီဇကွဲ ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၃၂၀ ဦး ရှိကြောင်း ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။(Xinhua)

………………………………………..
(English Version)

India reports 13,154 new COVID-19 cases

NEW DELHI, Dec. 30 (Xinhua) — India’s COVID-19 tally rose to 34,822,040 on Thursday, as 13,154 new cases were registered during the past 24 hours across the country, showed the federal health ministry’s latest data.
Besides, as many as 268 deaths due to the pandemic since Wednesday morning took the total death toll to 480,860.
There are still 82,402 active COVID-19 cases in the country as there was a rise of 5,400 active cases during the past 24 hours. This is the second consecutive day when the number of active cases rose in the country.
A total of 34,258,778 people have been successfully cured and discharged from hospitals so far, out of which 7,486 were discharged during the past 24 hours.
Meanwhile, the country’s Omicron tally has reached 961, out of which Delhi and Maharashtra have reported 263 and 252 cases, respectively. Till now 320 patients have been discharged after recovery, as per the federal Health Ministry’s data. Enditem