Connect with us

Asia

အိန္ဒိယနိုင်ငံတွင် Yaas ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် လူပေါင်း ၁,၀၀၀ ကျော် ကယ်ဆယ်နိုင်ခဲ့

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကမ်းရိုးတန်းဒေသများတွင် Yaas ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ မေ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် Yaas ဆိုင်ကလုန်းမုန်တိုင်း၏ သက်ရောက်မှုအပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး၌ သဘာပတိအဖြစ် မေ ၂၇ ရက်က ဆောင်ရွက်ခဲ့ပြီး တာဝန်ရှိသူများက ရှုထောင့်မျိုးစုံမှ ပြင်ဆင်မှုနှင့် ပျက်စီးဆုံးရှုံးမှုများ အကဲဖြတ်မှုဆိုင်ရာ အသေးစိတ်တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကမ်းရိုးတန်းဒေသများတွင် Yaas ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ဖရိုဖရဲဖြစ်ကျန်ရစ်ခဲ့သော ကမ်းခြေတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကမ်းရိုးတန်းဒေသများတွင် Yaas ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ကျေးရွာတစ်ရွာတွင် ရေကြီးရေလျှံသည့်နေရာ၌ ရွာသူရွာသားများ မတ်တပ်ရပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံဖြစ်နေသည့် ကွင်းပြင်တွင် ရွာသားတစ်ဦး ဖြတ်သန်းသွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံဖြစ်နေသည့် ကွင်းပြင်တွင် ရွာသားများ ဖြတ်သန်းသွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

“အနောက်ဘန်ဂေါပြည်နယ်နှင့် ဩရိဿ (Odisha) ပြည်နယ်တို့တွင် ပြည်နယ်တစ်ခုလျှင် ၄၆ ဖွဲ့စီအပါအဝင် အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF) မှ အဖွဲ့ ၁၀၆ ဖွဲ့ခန့်အား ဖြန့်ကျက်တာဝန်ပေးခဲ့ပြီး လူပေါင်း ၁,၀၀၀ ကျော်အား ကယ်ဆယ်နိုင်ခဲ့ကာ သစ်ပင်နှင့် တိုင်ပေါင်း ၂,၅၀၀ ကျော် လဲပြိုကာ လမ်းမများပေါ် ပိတ်ဆို့နေခြင်းကို ဖယ်ရှားရှင်းလင်းပေးခဲ့သည်ကို ဆွေးနွေးခဲ့ကြပါတယ်” ဟု ဝန်ကြီးချုပ်ရုံး (PMO) က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“စစ်တပ်နဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေ ပါဝင်တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သောင်တင်နေသူများကို ကယ်ဆယ်နိုင်ခဲ့သလို ရေတပ်နဲ့ လေတပ်ကလည်း တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေပါတယ်။”

မုန်တိုင်းဒဏ်ခံစားရဆုံးသော နေရာများတွင် လျှပ်စစ်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကိုလည်း ပြန်လည်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဝန်ကြီးချုပ် မိုဒီသည် ဩရိဿပြည်နယ်နှင့် အနောက်ဘန်ဂေါပြည်နယ်သို့ မေ ၂၈ ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း PMO က ဆိုသည်။

အနောက်ဘန်ဂေါပြည်နယ်နှင့် ဩရိဿပြည်နယ်တို့၏ ကမ်းရိုးတန်းဒေသများတွင် Yass ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် မေ ၂၆ ရက်က လူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အနောက်ဘန်ဂေါပြည်နယ်တွင် လူဦးရေ ၁.၁၅ သန်းခန့်ကို ကမ်းရိုးတန်းဒေသများမှ ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ပြီး ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့သလို ဩရိဿပြည်နယ်ရှိ အာဏာပိုင်များကလည်း မြေနိမ့်ဒေသများမှ လူဦးရေ ၅ သိန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် သီတင်းပတ်က တောက်တဲ့ (Tauktae) ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီး အကြီးအကျယ် ထိခိုက်ပျက်စီးမှုများဖြစ်ပွားခဲ့ကာ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ဆက်စပ်သည့် ဖြစ်ရပ်များကြောင့် လူများစွာသေဆုံးခဲ့ကြောင်း၊ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအတွင်း လှေအမှတ် P305 နစ်မြုပ်ပြီးနောက် လူ ၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Over 1,000 rescued after cyclone Yaas hits India
Source: Xinhua| 2021-05-27 22:42:51|Editor: huaxia
NEW DELHI, May 27 (Xinhua) — Indian Prime Minister Narendra Modi Thursday chaired a meeting to review the impact of cyclone Yaas as officials made a detailed presentation on various aspects of preparedness and assessment of damages.
“It was discussed that about 106 teams of National Disaster Response Force (NDRF) were deployed with 46 teams each in West Bengal and Odisha that rescued more than 1,000 persons and removed more than 2,500 trees, poles that had fallen and obstructed the roads,” a statement issued by Prime Minister’s Office (PMO) said.
“The defense forces namely army and coast guard also rescued marooned persons, while navy and air force were on the alert.”
Power and Telecom services have been restored in most of the affected areas.
Meanwhile, PMO said Modi will visit Odisha and West Bengal on Friday.
Five people were killed on Wednesday after the cyclonic storm Yass hit coastal areas of West Bengal and Odisha.
Authorities in Odisha have shifted over half a million people from low-lying areas, while as in West Bengal around 1.15 million people were evacuated from the coastal areas and shifted to rescue shelters.
Last week cyclone Tauktae wreaked havoc killing many people in rain-related incidents in the country. At least 70 people were killed after barge P305 sank during cyclone Tauktae. Enditem
1- Photo taken on May 27, 2021 shows a village hit by cyclonic storm Yaas in the coastal areas of West Bengal, India. Five people were killed on Wednesday after cyclonic storm Yaas hit the coastal area of the eastern Indian states of West Bengal and Odisha, local media reported. The cyclone made landfall with marginally lower intensity with a wind speed of 130-140 km/ph. (Str/Xinhua)
2- Photo taken on May 27, 2021 shows a beachside left in shambles after cyclonic storm Yaas hit the coastal areas of West Bengal, India. Five people were killed on Wednesday after cyclonic storm Yaas hit the coastal area of the eastern Indian states of West Bengal and Odisha, local media reported. The cyclone made landfall with marginally lower intensity with a wind speed of 130-140 km/ph. (Str/Xinhua)
3- Villagers stand in floodwater at a village hit by cyclonic storm Yaas in the coastal areas of West Bengal, India, May 27, 2021. Five people were killed on Wednesday after cyclonic storm Yaas hit the coastal area of the eastern Indian states of West Bengal and Odisha, local media reported. The cyclone made landfall with marginally lower intensity with a wind speed of 130-140 km/ph. (Str/Xinhua)
4- A villager wades in the waterlogged field in West Bengal, India, on May 27, 2021. Five people were killed on Wednesday after the cyclonic storm Yaas hit coastal areas of West Bengal and Odisha. (Str/Xinhua)
5- Villagers wade in the waterlogged field in West Bengal, India, on May 27, 2021 Five people were killed on Wednesday after the cyclonic storm Yaas hit coastal areas of West Bengal and Odisha. (Str/Xinhua)