Connect with us

Asia

အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၅ ဦး သေဆုံးပြီး လူ ၄၀ ခန့် ပျောက်ဆုံးနေ

အိန္ဒိယထိန်းချုပ်ဒေသ ကက်ရှ်မီးယားပြည်နယ် Jammu မြို့တွင် မိုးရာသီ၌ မိန်းကလေးတစ်ဦး လမ်းလျှောက်သွားလာနေစဉ် (ဓာတ်ပုံ-- Str/Xinhua)

နယူးဒေလီ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး၊ ၈ ဦးဒဏ်ရာရရှိကာ လူ ၄၀ ကျော် ပျောက်ဆုံးနေကြောင်း ဒေသခံအကြီးတန်းရဲအရာရှိတစ်ဦးက ဇူလိုင် ၂၈ ရက်တွင် တယ်လီဖုန်းဖြင့် အတည်ပြုပြောကြားခဲ့သည်။သဘာဝဘေးအန္တရာယ်သည် အိန္ဒိယထိန်းချုပ်ဒေသ ကက်ရှ်မီးယား ပြည်နယ် Kishtwar ဒေသ၌ ရုတ်တရက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၈ ရက် အစောပိုင်းတွင် ဖြစ်ပွားခဲ့သည့် သဘာဝဘေးကြောင့် နေအိမ် ၆ လုံး နှင့် ရိက္ခာသိုလှောင်ရုံတစ်လုံး ပျက်စီးသွား ခဲ့ကြောင်း Kishtwar ရဲတပ်ဖွဲ့ ရဲမှူးကြီး Shafqat Bhat က တယ်လီဖုန်းဖြင့် ဖြေကြေားခဲ့သည်။

ဒေသခံရဲများနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်ရောက်ရှိခဲ့ကြောင်း နှင့် ယင်းဒေသ၌ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jitendra Singh ကပြောကြားခဲ့သည်။ (Xinhua)

—————————————–

(English Version)
Cloudburst in Indian-controlled Kashmir leaves 5 dead, some 40 missing

NEW DELHI, July 28 (Xinhua) — At least five people died, around eight injured and over 40 went missing after a cloudburst hit Indian-controlled Kashmir, a local senior cop confirmed over phone on Wednesday.

The natural disaster was reported from Kishtwar area of Indian-controlled Kashmir, where flash floods erupted following the sudden cloudburst.

Kishtwar Senior Superintendent of Police Shafqat Bhat said over the phone that about six houses and one food-ration depot were damaged in the incident, which took place early on Wednesday.
Rescue operations are underway in the area to find the missing persons, as several local police and rescue teams rushed to the spot, said federal Minister of Science and Technology Jitendra Singh. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.