Connect with us

ASEAN

အိန္ဒိယနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၃၁,၂၁၆,၃၃၇ ဦးအထိမြင့်တက်လာ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ဓနသဟာယအားကစားရွာရှိ COVID-19 ကုစောင့်ရှောက်ရေးစင်တာတွင် ၂၀၂၀ပြည့်နှစ် ဇူလိုင် ၁၆ ရက်တွင် ရိုက်ကူးထားသည့်ဓာတ်ပုံအားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယတစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၄၂,၀၁၅ ဦး တွေ့ရှိခဲ့ပြီး ဇူလိုင် ၂၁ ရက်အထိ COVID-19 ကူးစက်ခံရသူစုစုပေါင်း ၃၁,၂၁၆,၃၃၇ ဦး အထိမြင့်တက်လာခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များတွင်ဖော်ပြထားသည်။ထို့ပြင် ဇူလိုင် ၂၀ ရက်နံနက်မှစ၍ ကပ်ရောဂါဖြင့် သေဆုံးသူ ၃,၉၉၈ ဦး ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ဦးရေ ၄၁၈,၄၈၀ ဦးရှိလာကြောင်း သိရသည်။
ပြီးခဲ့သော ၂၄ နာရီအတွင်း နိုင်ငံ၌ ရောဂါဖြစ်ပွားဆဲ အတည်ပြုလူနာ ၁,၀၅၀ ဦးတိုးများလာခြင်းနှင့်အတူ ရောဂါဖြစ်ပွားဆဲ လူနာပေါင်း ၄၀၇,၁၇၀ ဦးရှိလာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၄ နာရီ အတွင်း ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၃၆,၉၇၇ ဦးရှိနှင့်အတူ အပြည့်အဝနေကောင်း၍ ဆေးရုံဆင်းခွင့်ရသူပေါင်း ၃၀,၃၉၀,၆၈၇ ဦးထိရှိလာကြောင်း သိရသည်။ (Xinhua)

#အိန္ဒိယ #နယူးဒေလီ #COVID-19 #ဆင်ဟွာ
#India #NewDelhi #COVID-19 #Xinhua #Myanmar #XinhuaMyanmar
——————————————–
(English Version)

India COVID-19 tally rises to 31,216,337

NEW DELHI, July 21 (Xinhua) — India’s COVID-19 tally rose to 31,216,337 on Wednesday as 42,015 new cases were registered during the past 24 hours across the country, showed the federal health ministry’s latest data.

Besides, as many as 3,998 deaths due to the pandemic since Tuesday morning took the total death toll to 418,480.
There are still 407,170 active COVID-19 cases in the country with a rise of 1,050 cases during the past 24 hours.

A total of 30,390,687 people have been successfully cured and discharged from hospitals so far, out of which 36,977 were discharged during the past 24 hours. Enditem

Produced by Xinhua Global Service