Connect with us

ASEAN

အိန္ဒိယနိုင်ငံ၌ COVID-19 ကူးစက်ခံရမှုစုစုပေါင်း သန်း ၄၀ ကျော်သို့ရောက်ရှိလာ

အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၏မြို့တော် Bhopal မြို့ ရှိ ဆေးရုံတစ်ရုံ၌ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက ၂၀၂၁ခုနှစ်၊ ဇူလိုင် ၂၃ ရက် COVID-19 ကာကွယ်ဆေးထိုးနှံမှု ခံယူနေစဉ် (ဓာတ်ပုံ-- Str/Xinhua)

နယူးဒေလီ၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယတစ်နိုင်ငံလုံး၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၂၈၅,၉၁၄ ဦးရှိခဲ့သဖြင့် အိန္ဒိယ၏ COVID-19 စုစုပေါင်း ကူးစက်ခံရသူအရေအတွက်မှာ ဇန်နဝါရီ ၂၆ ရက်တွင် ၄၀,၀၈၅,၁၁၆ သို့ မြင့်တက်လာခဲ့ကြောင်း
ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။

တစ်ချိန်တည်းမှာပင် ဇန်နဝါရီ ၂၅ ရက်နံနက်မှစ၍ ကပ်ရောဂါကြောင့် ထပ်မံသေဆုံးသူ ၆၆၅ ဦး ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် သေဆုံးသူ စုစုပေါင်း ၄၉၁,၁၂၇ ဦး ရှိခဲ့ကြောင်း သိရသည်။

နိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ကူးစက်သူအရေအတွက် ၁၃,၈၂၄ ဦး ကျဆင်းသွားပြီးနောက် လတ်တလော COVID-19 ရောဂါဖြစ်ပွားဆဲ လူနာပေါင်း ၂,၂၂၃,၀၁၈ ဦး ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပြန်လည်ကောင်းမွန်လာသူ ၂၉၉,၀၇၃ ဦး အပါအဝင်COVID-19 အတည်ပြုလူနာပေါင်း ၃၇,၃၇၀,၉၇၁ ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့် ရပြီးကြောင်း သိရသည်။(Xinhua)

———————————
(English Version)
India’s COVID-19 tally surpasses 40 million
NEW DELHI, Jan. 26 (Xinhua) — India’s COVID-19 tally rose to 40,085,116 on Wednesday, as 285,914 new cases were registered during the past 24 hours across the South Asian country, according to the federal health ministry’s latest data.
Meanwhile, 665 deaths due to the pandemic reported since Tuesday morning took the total death toll to 491,127.
There are currently 2,223,018 active COVID-19 cases in the country after a fall of 13,824 active cases during the past 24 hours.
A total of 37,370,971 COVID-19 patients have been cured and discharged from hospitals so far in India, including 299,073 new recoveries recorded in the past 24 hours. Enditem
Photo- A pregnant woman receives a COVID-19 vaccine at a hospital in Bhopal, capital of India’s Madhya Pradesh state, July 23, 2021. (Str/Xinhua)