Connect with us

Asia

အိန္ဒိယနိုင်ငံ တမီးနာဒူပြည်နယ်တွင် နံရံပြိုကျမှုကြောင်း လူ ၉ ဦး သေဆုံး

နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် နိုဝင်ဘာ ၁၉ ရက်က နံရံတစ်ခုပြိုကျပြီးနောက် ကလေးငယ် ၄ ဦး အပါအဝင် လူ ၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသူအနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။အဆိုပါ ဖြစ်ရပ်သည် လွန်ခဲ့သေ နှစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Vellore ခရိုင်ရှိ Pernampattu နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မီဒီယာသတင်းများက ဆိုသည်။

ယင်းမတော်တဆမှုအတွက် ကြေကွဲဝမ်းနည်းမိကြောင်းနှင့် အသက်ဆုံးရှုံးသူ ၉ ဦး၏ မိသားစုများအား ဂရုဏာကြေး အိန္ဒိယရူပီး ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၇၂၀) ပေးအပ်မည်ဟု ပြည်နယ်ဝန်ကြီးချုပ် M.K. Stalin က ကြေညာခဲ့သည်။

ထို့ပြင် နံရံပြိုကျမှုတွင် ဒဏ်ရာရရှိသူများအတွက် အိန္ဒိယရူပီး ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၇၂) ထောက်ပံ့ငွေပေးအပ်မည်ဖြစ်ကြောင်း ၎င်းက ကြေညာခဲ့သည်။

တမီးလ်နာတူပြည်နယ်သည် လွန်ခဲ့သည့် ရက်သတ္တပတ်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။

ရာသီဥတုဆိုးဝါးခြင်းကြောင့် တမီးလ်နာဒူပြည်နယ် မြို့တော် ချန်နိုင်းနှင့် အနီးဝန်းကျင်ရှိ ခရိုင်များစွာ၌ စာသင်ကျောင်းများ ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Wall collapse claims 9 lives in India’s Tamil Nadu state

Source: Xinhua| 2021-11-19 20:04:07|Editor: huaxia
NEW DELHI, Nov. 19 (Xinhua) — At least nine persons, including four children, died and a few others were injured on Friday after a wall collapsed in India’s southern state of Tamil Nadu, confirmed a state government official.

The mishap occurred in the Pernampattu area in Vellore district due to incessant rainfall over the past couple of days, said media reports.
State’s Chief Minister M.K. Stalin expressed his grief over the incident and announced 500,000 Indian Rupees (6,720 U.S. dollars) ex gratia to the families of the nine people who lost their lives in the incident.

He also announced a financial aid of 50,000 Indian Rupees (672 U.S. dollars) for those who suffered injuries in the incident.
The state has been witnessing heavy rainfall since last week.

Due to the prevailing inclement weather, schools remained closed in many districts in Tamil Nadu, including capital city Chennai and its nearby ones. Enditem
Photo : Rescuers transfer people on the waterlogged roads after the cyclone Nivar on the outskirts of Chennai, capital of India’s southern state of Tamil Nadu on Nov. 26, 2020. Cyclone Nivar which made landfall early Thursday triggered heavy rains in Tamil Nadu and Puducherry, officials said. (Str/Xinhua)