Connect with us

Asia

အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်ရှိ တိရစ္ဆာန်ရုံမှ ခြင်္သေ့လေးကောင် COVID-19 မျိုးဗီဇကွဲ Delta ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အမျိုးသားတိရစ္ဆာန်ဥယျာဉ်၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ခြင်္သေ့တစ်ကောင်အား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရှိ တိရစ္ဆာန်ရုံတစ်ရုံ၌ ခြင်္သေ့ လေးကောင်ထက်မနည်း COVID-19 မျိုးဗီဇကွဲ Delta ပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း တာဝန်ရှိသူများက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။အဆိုပါ COVID-19 မျိုးဗီဇကွဲ Delta ပိုးကူးစက်ခံထားရသည့် ခြင်္သေ့များမှာ တမီးလ်နာဒူးပြည်နယ်၏ မြို့တော် ချန်နိုင်းမြို့ Vandalur Arignar Anna တိရစ္ဆာန်ဥယျာဉ်မှ ခြင်္သေ့များ ဖြစ်ကြောင်း သိရသည်။

Vandalur Arignar Anna တိရစ္ဆာန်ဥယျာဉ်၌ နေထိုင်သော ခြင်္သေ့ကိုးကောင်အား ဇွန် ၃ ရက်တွင် COVID-19 ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည်။အိန္ဒိယစိုက်ပျိုးရေးသုတေသနကောင်စီ – အမျိုးသားအဆင့် တိရစ္ဆာန်ကူးစက်ရောဂါများ အမြင့်ဆုံးလုံခြုံရေးဌာန(ICAR-NIHSAD) က ယင်းခြင်္သေ့များအနက် လေးကောင်၏ ဓာတ်ခွဲနမူနာ မျိုးဗီဇစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး Bhopal မြို့ရှိ တိရစ္ဆာန်ကူးစက်ရောဂါများ အမြင့်ဆုံးလုံခြုံရေးဌာန(NIHSAD)၌ စစ်ဆေးခဲ့သည့် မျိုးဗီဇစစ်ဆေးခြင်း၏ ရလဒ်အစီရင်ခံစာအရ ဓာတ်ခွဲနမူနာ လေးခုမှာ COVID-19 ရောဂါ၏ မျိုးဗီဇကွဲ B.1.617.2 သို့မဟုတ် Delta ပိုးကူးစက်ခံထားရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီခြင်္သေ့တွေကို အကောင်းဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ ရောဂါလက္ခဏာကို ကုသပေးနေပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။
Vandalur Arignar Anna တိရစ္ဆာန်ဥယျာဉ်ရှိ Lion Safari ဧရိယာ၌ နေထိုင်သော ၁၂ နှစ်သား အရွယ် ခြင်္သေ့ထီးတစ်ကောင်သည် ဇွန် ၁၆ ရက်တွင် COVID-19 ရောဂါကြောင့် သေဆုံးသွားခဲ့သည်။ ဇွန် ၁၆ ရက် ရှေ့ပိုင်း ဇွန် ၃ ရက်ကလည်း ၉ နှစ်သား အရွယ် ခြင်္သေ့တစ်ကောင် COVID-19 ရောဂါကြောင့် သေဆုံးသွားကြောင်း သိရသည်။

ကျားများနေထိုင်ရာနေရာ ၊ အမျိုးသားဥယျာဉ်များ ၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ်တောကြိုးဝိုင်းများတွင် COVID-19 ရောဂါကူးစက်မှု ကာကွယ်ခြင်း နှင့် လျှော့ချခြင်းတို့အတွက် တာဝန်ရှိသူများအား ထောက်ပံ့မှု နှင့် လမ်းညွှန်မှုများ ပေးနိုင်ရန် ပြည်နယ်အဆင့် လုပ်ငန်းအဖွဲ့ တစ်ဖွဲ့အား ဇွန် ၁၈ ရက်တွင် တမီးလ်နာဒူးပြည်နယ်အစိုးရက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယင်းလုပ်ငန်းအဖွဲ့သည် ရောဂါစောင့်ကြည့်ခြင်း ၊ အစီအစဉ်ဆွဲခြင်း နှင့် စောင့်ကြည့်လေ့လာရေးစနစ်တို့အား အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်ကာ ကာကွယ်ဆေးထိုးနှံခြင်း နှင့် အခြား အရေးကြီးသည့် ဆက်စပ်ဌာနများ နှင့် အခါအားလျော်စွာ အစီရင်ခံထုတ်ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

——————————————

(English Version)

4 lions inside zoo in India’s Tamil Nadu found infected with Delta variant of COVID-19

NEW DELHI, June 19 (Xinhua) — At least four lions at a zoo in India’s southern state of Tamil Nadu were found infected with Delta variant of COVID-19, officials said Saturday.

The lions are housed at Vandalur Arignar Anna Zoological Park in Chennai, the capital city of Tamil Nadu.
“Nine lions housed at Vandalur Arignar Anna Zoological Park here tested positive for COVID-19 on June 3. Genome sequencing of the samples of four of these lions was then done by Indian Council of Agricultural Research – National Institute of High Security Animal Diseases (ICAR-NIHSAD) and as per the result reports of genome sequencing done at NIHSAD, Bhopal, all four samples were infected with the Delta or B.1.617.2 variant of COVID-19,” an official said.

“The lions are being treated symptomatically in the best possible way.”
On Wednesday a 12-year-old male lion housed in the Lion Safari area of the same park died due to COVID-19. Prior to this on June 3, a nine-year-old lioness also died of the disease.

The local government of Tamil Nadu on Friday constituted a state-level task force to provide support and guidance to authorities on the prevention and mitigation of COVID-19 infection in wild and captive animals in tiger reserves, national parks, wildlife sanctuaries and reserve forests.

“The task force shall have a close watch on disease surveillance, mapping and monitoring system, vaccination and other important associated departments and publish periodic reports,” an official statement said. Enditem
Photo – A lion is seen at the National Zoological Park in New Delhi, India, Feb. 12, 2020. (Xinhua/Javed Dar)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.