Connect with us

Asia

အိန္ဒိယနိုင်ငံ ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘော Vikrant အား ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု စတင်

နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၏ ပထမဆုံး ပြည်တွင်း၌ ဒီဇိုင်းထုတ်လုပ်ပြီး တည်ဆောက်ထားသော လေယာဉ်တင်သင်္ဘော Vikrant အား နိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ် ကိုချီကမ်းရိုးတန်း၌ ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှု စတင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။“၁၉၇၁ ခုနှစ် စစ်ပွဲက အောင်မြင်မှုမှာ သူမ (သင်္ဘော) ရဲ့ ကျော်ကြားလှတဲ့ အောင်မြင်မှု အဓိကအခန်းကဏ္ဍ နှစ် ၅၀ ပြည့်မြောက်တဲ့ ဒီနေ့မှာပဲ ပွဲဦးထွက် ရွက်လွှင့်မှု လုပ်ဆောင်ခြင်းအဖြစ် အိန္ဒိယနိုင်ငံအတွက် ဂုဏ်ယူပြီး သမိုင်းဝင်နေ့လည်း ဖြစ်ပါတယ်” ဟု အိန္ဒိယ ရေတပ်မှ ထုတ်ပြန်ချက်အကျဉ်း၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ပြည်တွင်းထုတ်ဒီဇိုင်းဖြင့် တည်ဆောက်ထားသော Vikrant လေယာဉ်တင် သင်္ဘောအား နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ချီကိုကမ်းရိုးတန်းပြင်ပတွင် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုစတင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- UNI via Xinhua)

အဆိုပါ သင်္ဘောအား “အိန္ဒိယတွင် ဒီဇိုင်းထုတ်လုပ် တည်ဆောက်ထားသည့် အကြီးဆုံးနှင့် ခက်ခဲရှုပ်ထွေးဆုံး စစ်သင်္ဘောကြီး” အဖြစ် ရေတပ်က ဖော်ပြထားသည်။Vikrant ၏ မောင်းနှင်အားသည် တည်နေရာအမျိုးမျိုး၊ ဆက်သွယ်ရေးနှင့် သင်္ဘောကိုယ်ထည် ပစ္စည်းကိရိယာများ စမ်းသပ်ရာတွင် ပင်လယ်ပြင်၌ ပြင်းပြင်းထန်ထန် စမ်းသပ်သွားမည်ဖြစ်ကြောင်း တရားထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ပြည်တွင်းထုတ်ဒီဇိုင်းဖြင့် တည်ဆောက်ထားသော Vikrant လေယာဉ်တင် သင်္ဘောအား နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ချီကိုကမ်းရိုးတန်းပြင်ပတွင် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုစတင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- UNI via Xinhua)

“အထူးသဖြင့် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ခက်ခဲလှတဲ့ကာလအတွင်း ဆိပ်ကမ်းမှာ အမျိုးမျိုးသော စမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက် ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော (IAC) ရဲ့ ပင်လယ်ပြင် စမ်းသပ်မောင်းနှင်မှုတွေ စတင်ခြင်းဟာ နိုင်ငံအတွက် အထင်ကရ အောင်မြင်မှုပဲ” ဟု တရားဝင် ထုတ်ပြန်ချက်က ဆိုသည်။

အိန္ဒိယနိုင်ငံ ပြည်တွင်းထုတ်ဒီဇိုင်းဖြင့် တည်ဆောက်ထားသော Vikrant လေယာဉ်တင် သင်္ဘောအား နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ချီကိုကမ်းရိုးတန်းပြင်ပတွင် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုစတင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- UNI via Xinhua)

အိန္ဒိယနိုင်ငံ ပြည်တွင်းထုတ်ဒီဇိုင်းဖြင့် တည်ဆောက်ထားသော Vikrant လေယာဉ်တင် သင်္ဘောအား နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ချီကိုကမ်းရိုးတန်းပြင်ပတွင် ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုစတင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- UNI via Xinhua)

IAC သည် နိုင်ငံအတွင်းရှိ အများစုရေထုအလေးချိန် ၄၀,၀၀၀ တန်ရှိသော အကြီးဆုံး စစ်သင်္ဘောကြီးလည်း ဖြစ်သည်။၎င်းသင်္ဘောသည် အလျား ၂၆၂ မီတာ၊ ကိုယ်ထည်အကျယ်ဆုံးအပိုင်း ၆၂ မီတာရှိပြီး အပေါ်ဆုံးထပ် အပါအဝင် အမြင့် ၅၉ မီတာရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီး Rajnath Singh ကလည်း အဆိုပါ သင်္ဘောအား “သမိုင်းဝင်မှတ်တိုင်ကို နားလည်သဘောပေါက်မှု” အဖြစ် လူမှုမီဒီယာပေါ်၌ ရေးသားဖော်ပြခဲ့သည်။ (Xinhua)

——————————————————–
(English Version)

India’s indigenously made aircraft carrier Vikrant begins sea trials

NEW DELHI, Aug. 4 (Xinhua) — India’s first indigenously designed and built aircraft carrier Vikrant Wednesday began its sea trials off the coast of Kochi in the southern state of Kerala, officials said.

“Proud and historic day for India as the reincarnated Vikrant sails for her maiden sea trials today, in the 50th year of her illustrious predecessor’s key role in victory in the 1971 war,” reads a brief statement issued by the Indian navy.

The navy also described the carrier as the “largest and most complex warship ever to be designed and built in India.”
An official statement said Vikrant’s propulsion plants will be put to rigorous testing at the sea in addition to the trials of various navigation, communication and hull equipment.

“The commencement of sea trials of the indigenous aircraft carrier (IAC) after trials of various equipment at the harbor, especially during these difficult times of the COVID-19 pandemic is a landmark achievement for the country,” the official statement said.

The IAC is the largest warship built in the country having a displacement of about 40,000 tonnes.The IAC is 262 meters long, 62 meters at the widest part and a height of 59 meters including the superstructure.

India’s Defense Minister Rajnath Singh took to social media and described it as a “realization of historic milestone.” Enditem
1-5- India’s first indigenously designed and built aircraft carrier Vikrant begins its sea trials off the coast of Kochi in the southern state of Kerala, India, Aug. 4, 2021. The aircraft carrier is the largest warship built in the country having a displacement of about 40,000 tonnes. It is 262 meters long, 62 meters at the widest part and a height of 59 meters including the superstructure. (UNI via Xinhua)