Connect with us

Asia

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ လူနေအဆောက်အအုံ၌ မီးလောင်မှုကြောင့် လူ ၇ ဦး သေဆုံး

မွန်ဘိုင်း ၊ ဇန်နဝါရီ ၂၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ လူနေအဆောက်အအုံတစ်လုံး၌ ဇန်နဝါရီ ၂၂ ရက်တွင် မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးကာ အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ရုပ်မြင်သံကြားထုတ်လွှင့်ပြသမှုတွင် အထပ် ၂၀ ရှိသောအဆောက်အအုံ၏ ၁၈ ထပ်မြောက်မှ မီးခိုးများ ထွက်ပေါ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ဒဏ်ရာရရှိသူများအား နီးစပ်ရာဆေးရုံများသို့ အပူတပြင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံအား ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် လူနေအဆောက်အအုံအား ဇန်နဝါရီ ၂၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ မီးလောင်ကျွမ်းမှုအား အဆင့်-၃ သတ်မှတ်ခဲ့ပြီး မီးလောင်ကျွမ်းသည့် နေရာသို့ မီးသတ်ယာဉ် ၁၃ စီးအား စေလွှတ်ခဲ့ကြောင်း သိရသည်။
မီးလောင်ရခြင်း အကြောင်းရင်းအား သေချာအောင် စုံစမ်းရခြင်းမရှိသေးသော်လည်း တာဝန်ရှိသူများက ဝါယာရှော့ ဖြစ်ပွားပြီးနောက် အဆောက်အအုံ၏ လျှပ်စစ်သွယ်တန်းထားသည့် ပိုက်လိုင်းအတွင်းရှိ ကေဘယ်ကြိုးအချို့သည် အရည်ပျော်သွားခဲ့သည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။ အဆောက်အအုံ၏ မီးငြှိမ်းသတ်သည့်စနစ်သည် အလုပ်မလုပ်ကြောင်း သိရသည်။ (Xinhua)

#India #Mumbai #building #fire #အိန္ဒိယနိုင်ငံ #မွန်ဘိုင်းမြို့ #အဆောက်အအုံ #မီးလောင်ကျွမ်း #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
———————————————-
(English Version)

Major fire kills 7 at residential building in India’s Mumbai

MUMBAI, Jan. 22 (Xinhua) — Seven people died and several others were injured after a massive fire broke out at a residential building in Mumbai on Saturday.

Television footage showed plumes of smoke from the 18th floor of the 20-story building. The injured were rushed to nearby hospitals.
The fire was designated as a level-3 (major) fire with 13 fire tenders deployed to the scene.

Though the reason for the fire is yet to be ascertained, officials said it appeared that some cables in the building’s electric duct melted after a short circuit. The building’s fire suppression system did not operate. ■

Photo 1 – Photo taken on Jan. 22, 2022 shows a residential building after a fire broke out in Mumbai, India. Seven people died and several others were injured after a massive fire broke out at the residential building in Mumbai on Saturday. (Str/Xinhua)

Photo 2 – Photo taken on Jan. 22, 2022 shows a residential building after a fire broke out in Mumbai, India. Seven people died and several others were injured after a massive fire broke out at the residential building in Mumbai on Saturday. (Str/Xinhua)

Photo 3 – Photo taken on Jan. 22, 2022 shows a residential building after a fire broke out in Mumbai, India. Seven people died and several others were injured after a massive fire broke out at the residential building in Mumbai on Saturday. (Str/Xinhua)