Connect with us

Asia

အိန္ဒိယနိုင်ငံ အက်ထရာခန်ပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၃၄ ဦးအထိရှိလာ

နယူးဒေလီ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ရေကြီးရေလျှံမှုဒဏ်ခံစားရသော အက်ထရာခန်ပြည်နယ်တွင် သေဆုံးသူ အရေအတွက်မှာ ၃၄ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Pushkar Singh Dhami က ရေလွှမ်းမိုးသောဧရိယာအား ဝေဟင်မှစစ်တမ်းကောက်ယူပြီးနောက် အောက်တိုဘာ ၁၉ ရက်၌ ပြောကြားခဲ့သည်။ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူတစ်ဦးစီအတွက် မိသားစုဝင်များအား နစ်နာကြေး အိန္ဒိယငွေ ရူပီး ၄၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၃၂၉ ခန့်) ပေးအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာခဲ့သည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ် Haridwar မြို့တွင် ဂင်္ဂါမြစ်ကမ်းပါးတစ်လျှောက် ရေလျှံနေသောနေရာမှ ပိုင်ဆိုင်ပစ္စည်းများ သယ်ဆောင်လျက် ဖြတ်သန်းသွားလာနေသူများအား အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

ရေလွှမ်းမိုးသောဧရိယာမှ လူ ၅ ဦးပျောက်ဆုံးနေကြောင်း Dhami က မီဒီယာသို့ ပြောကြားခဲ့သည်။“နေအိမ်ဆုံးရှုံးသူတွေအတွက် အိန္ဒိယ ရူပီး ၁၀၉,၀၀၀ (အမေရိကန်ဒေါ်လာ ၁,၄၅၂ ခန့်) ပေးအပ်မှာဖြစ်ပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းတွေပါ ဆုံးရှုံးရတဲ့သူတွေဆိုရင် အကူအညီတွေ ထပ်ပေးသွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ် Haridwar မြို့တွင် ဂင်္ဂါမြစ် မြစ်ကမ်းပါးတစ်လျှောက် စိုးရိမ်ရေမှတ်ကျော်လွန်နေသည်ကို အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Nainital နေရာသည် ယင်းပြည်နယ်၌ ရေလွှမ်းမိုးမှုဒဏ်အဆိုးဝါးဆုံး ခံစားရသောနေရာများအနက် တစ်ခုဖြစ်သည်။ Nainital ရှိ Ramgarh ဧရိယာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယင်းပြည်နယ်ရှိ ကျန်နေရာများအားလုံးနှင့် ခရိုင်အတွင်း အဆက်အသွယ်ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အက်ထရာခန်ပြည်နယ် Haridwar မြို့တွင် ဂင်္ဂါမြစ် မြစ်ကမ်းပါးတစ်လျှောက် စိုးရိမ်ရေမှတ်ကျော်လွန်နေသည်ကို အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမျိုးသား သဘာဝဘေးတုန့်ပြန်ရေးတပ်ဖွဲ့ (NDRF) အဖွဲ့များနှင့် အိန္ဒိယ လေတပ် (IAF) တို့က ရေလွှမ်းမိုးသည့်ဧရိယာများတွင် သောင်တင်နေသူများအား ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

———————————————–
(English Version)

Death toll in India’s flood-hit Uttarakhand state rises to 34

NEW DELHI, Oct. 19 (Xinhua) — The death toll in India’s flood-hit state Uttarakhand rose to 34, the state’s Chief Minister Pushkar Singh Dhami said on Tuesday after taking an aerial survey of the flood-affected areas.

The chief minister announced a monetary compensation of 400,000 Indian rupees (around 5,329 U.S. dollars) to the families of each of the deceased.
Dhami told the media that five people were missing in the flood-affected areas.

“Those who lost their houses will be given 109,000 Indian rupees (around 1,452 U.S. dollars). Possible help to be extended to those who lost their livestock,” he added.
Nainital is one of the worst affected places in the northern state. A cloudburst was also reported in Ramgarh area of Nainital, resulting in the district being cut off from the rest of the state.
Teams of the National Disaster Response Force (NDRF) and the Indian Air Force (IAF) were pressed into action to rescue people stuck in flood-affected areas. Enditem
1-Photo taken on Oct. 19, 2021 shows a waterlogged area along the bank of river Ganga in the town of Haridwar, northern Indian state of Uttarakhand. The death toll in India’s flood-hit state Uttarakhand rose to 34, the state’s Chief Minister Pushkar Singh Dhami said on Tuesday after taking an aerial survey of the flood-affected areas. (Str/Xinhua)

2-People carrying their belongings wade through a waterlogged area along the bank of river Ganga in the town of Haridwar, northern Indian state of Uttarakhand, on Oct. 19, 2021. The death toll in India’s flood-hit state Uttarakhand rose to 34, the state’s Chief Minister Pushkar Singh Dhami said on Tuesday after taking an aerial survey of the flood-affected areas. (Str/Xinhua)
3-River Ganga flowing above the danger level submerges areas along the banks in the town of Haridwar, northern Indian state of Uttarakhand, on Oct. 19, 2021. The death toll in India’s flood-hit state Uttarakhand rose to 34, the state’s Chief Minister Pushkar Singh Dhami said on Tuesday after taking an aerial survey of the flood-affected areas. (Str/Xinhua)
4-River Ganga flowing above the danger level submerges areas along the banks in the town of Haridwar, northern Indian state of Uttarakhand, on Oct. 19, 2021. The death toll in India’s flood-hit state Uttarakhand rose to 34, the state’s Chief Minister Pushkar Singh Dhami said on Tuesday after taking an aerial survey of the flood-affected areas. (Str/Xinhua)