Connect with us

Asia

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦးသေဆုံး

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် Hoogly ခရိုင်တွင် ရေပြည့်လျှံနေသည့် အဆောက်အဦတစ်လုံးအား ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

နယူးဒေလီ၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း မီဒီယာသတင်းများ၏ ဩဂုတ် ၄ ရက် ဖော်ပြချက်အရ သိရသည်။ယင်းပြည်နယ်ရှိ နေရာအတော်များများ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံများ ဖြစ်ပေါ်ခဲ့ပြီး မြစ်များနှင့် ဆည်များရှိ ရေလယ်ဗယ်များ မြင့်တက်လျက်ရှိသည်။

ခရိုင် ၆ ခုရှိ ရေပြည့်လျှံနေသော ဆည်များမှ ရေလျှံကျလာပြီးနောက် လူဦးရေ ၂၅၀,၀၀၀ နီးပါးသည် ၎င်းတို့ နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် Hoogly ခရိုင်တွင် ရေပြည့်လျှံနေသည့် အဆောက်အဦတစ်လုံးအား ဩဂုတ် ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

“ အနောက်ဘန်ဂေါပြည်နယ်မှာ ရေကြီးမှုအခြေအနေဟာ ဩဂုတ် ၄ ရက်မှာ ပိုဆိုးလာပြီး နေရာအတော်များများ ရေလွှမ်းမိုးခံထားရတယ်၊ ရေကြီးမှုကြောင့် နောက်ထပ် လူ ၈ ဦး သေဆုံးခဲ့ရခြင်းနဲ့အတူ သေဆုံးသူ စုစုပေါင်း ၂၃ ဦးထိ ရှိလာပါတယ် ”ဟု ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက အနောက်ဘန်ဂေါပြည်နယ်တွင် ရေကြီးရေလျှံမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် တစ်ဦးလျှင် ဂရုဏာကြေး အမေရိကန်ဒေါ်လာ ၂,၆၉၅ ဒေါ်လာပေးအပ်ရန်နှင့် ဒဏ်ရာရသူများအတွက် အမေရိကန်ဒေါ်လာ ၆၇၃ ဒေါ်လာ ပေးအပ်ရန် ကြေညာခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေဘေးဒဏ်ခံစားရသော နေရာများ၌ ဘေးအန္တရာယ်လျော့ပါးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံ၌ အနောက်တောင်မုတ်သုံရာသီဥတု ကျရောက်နေပြီး ဒေသအတော်များများ၌ မိုးသည်းထန်စွာရွာသွန်းခြင်းများအပြင် သီးခြားနေရာများတွင်လည်း အလွန်အကျွံမိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

23 dead in India’s West Bengal floods

NEW DELHI, Aug. 4 (Xinhua) — The floods in India’s eastern state of West Bengal have killed 23 lives, local media reports said Wednesday.

The floods were triggered after heavy rains hit several parts of the state, pushing water levels up in the rivers and dams.

Nearly 250,000 people were displaced from their homes following the discharge of water from dams that inundated six districts.
“The flood situation in West Bengal worsened on Wednesday claiming eight more lives taking the toll to 23 as fresh areas went under water,” a local media report said.

Indian Prime Minister Narendra Modi has announced an ex-gratia relief of 2,695 U.S. dollars to the next of kin of those who lost their lives due to flooding in West Bengal and 673 U.S. dollars to each injured in floods.

Meanwhile, officials said relief and rescue operations were going on in the affected areas.
At present India is in the grip of southwest monsoon and most parts are experiencing heavy to very heavy rainfall, besides extremely heavy spells at isolated spots. Enditem

Photo taken on Aug. 4, 2021 shows a building in floodwaters in Hoogly district of India’s West Bengal State. (Str/Xinhua)
Villagers take a boat on floodwaters to a safer place in Hoogly district of India’s West Bengal State on Aug. 4, 2021. (Str/Xinhua)