Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၌ မီးရှို့တိုက်ခိုက်မှုအတွင်း သေဆုံးသူ ၁၃ ဦးထိ မြင့်တက်

နယူးဒေလီ ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း နာဂလန်ပြည်နယ် (Nagaland) ၌ ဖြစ်ပွားသော မီးရှို့တိုက်ခိုက်မှုအတွင်း သေဆုံးသူ အရေအတွက်သည် ၁၃ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့ ဒီဇင်ဘာ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

နာဂလန်ပြည်နယ်အတွင်းရှိ မွန်ခရိုင် (Mon) ၌ စနေနေ့ညပိုင်းက ဖြစ်ပွားသော မီးရှို့တိုက်ခိုက်မှုကြောင့် အခြားလူအများအပြားလည်း ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားစေသော ရန်ပြုတိုက်ခိုက်မှုကျူးလွန်ခဲ့သူများမှာ မည်သူမည်ဝါဖြစ်ကြောင်း နှင့် မည်သည့်အတွက်ကြောင့် လူအများအပြားအား သတ်ဖြတ်ရန် လုပ်ဆောင်ခဲ့ရသည်ဆိုသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း အာဏာပိုင်များက ဆိုသည်။

အသက်သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်ရန်အတွက် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အဆင့်မြင့်စုံစမ်းစစ်ဆေးရေး အဖွဲ့(SIT) တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

“ နာဂလန်ပြည်နယ်အတွင်းက မွန်ခရိုင် Oting ကျေးရွာ မှာဖြစ်ပွားခဲ့တဲ့ စိတ်မကောင်းစရာ တိုက်ခိုက်မှုတစ်ခုကြောင့်မချိတင်ကဲ ထိခိုက်ခံစားရပါတယ် ၊ အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ် ” ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Amit Shah က တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

သေဆုံးသူအရေအတွက်သည် ဆက်လက်မြင့်တက်နိုင်ဖွယ်ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။တစ်ချိန်တည်းမှာပင် နာဂလန်ပြည်နယ်ဝန်ကြီးချုပ် Neiphiu Rio က “မွန်ခရိုင် Oting ကျေးရွာမှာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ ဒီစိတ်မကောင်းစရာ အဖြစ်အပျက်ကို လုံးဝ ကန့်ကွက်ရှုတ်ချပါတယ် ၊ အသက်ပေးခဲ့ရသူတွေရဲ့ ကျန်ရစ်သူမိသားစုအတွက် ဝမ်းနည်းကြေကွဲရပါတယ်။ ဒဏ်ရာရသူတွေလည်း အမြန်ဆုံး ပြန်လည်နေကောင်းကျန်းမာဖို့ ဆုမွန်ကောင်းတောင်းပါတယ်” ဟု တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။(Xinhua)

————————————
(English Version)

India’s northeast firing death toll rises to 13

NEW DELHI, Dec. 5 (Xinhua) — The death toll in firing in India’s northeastern state of Nagaland has risen to 13, officials confirmed on Sunday.

Many others were injured in the incident which took place late Saturday night in the state’s Mon district.
The identity of the assailants and their objective of killing the persons has not been known yet.

Officials said a high-level Special Investigation Team (SIT) will thoroughly probe this incident to ensure justice to the victims.
“Anguished over an unfortunate incident in Nagaland’s Oting, Mon district. I express my deepest condolences to the families of those who have lost their lives,” Home (Internal Security) Minister Amit Shah tweeted.

The death toll is feared to rise further, local media reported. Meanwhile, Nagaland Chief Minister Neiphiu Rio tweeted, “The unfortunate incident leading to killing of civilians at Oting, Mon district is highly condemnable. Condolences to the bereaved families and speedy recovery of those injured.” Enditem
People watch a building ravaged by a fire in Milan, Italy, on Aug. 29, 2021. A fire broke out at the multi-storey building here on Sunday, local media reported. (Xinhua)