Connect with us

COVID-19 UPDATES

အိန္ဒိယအစိုးရက ကပ်ရောဂါကာလအတွင်း လူစုလူဝေးအန္တရာယ်နှင့် ပတ်သက်၍ သတိပေးချက်အသစ်ထုတ်ပြန်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ နှာခေါင်းစည်းတပ်ဆင်ကာ ဘတ်စ်ကားစောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

COVID-19 ကပ်ရောဂါ၏ ဒုတိယလှိုင်းဖြစ်ပွားမှုသည် မပြီးဆုံးသေးကြောင်းနှင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု အများစုကျဆင်းသွားသော်လည်း အတိမ်းအစောင်းမခံသည့်အဆင့်တွင်ရှိနေကြောင်း ၊ လုပ်ထုံးလုပ်နည်းစည်းကမ်းချက်များအား တိတိကျကျလိုက်နာရန် လက်ရှိတွင် အလိုအပ်ဆုံးဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အစိုးရ က ဇူလိုင် ၉ ရက်တွင်ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ Lav Agarwal က မကြာသေးမီက အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသည့် ဗွီဒီယိုဖိုင်ဖြစ်သော Uttarakhand ပြည်နယ် Mussoorie မြို့ရှိ ခရီးသွားများလည်ပတ်ရာနေရာဖြစ်သည့် Kempty ရေတံခွန်၌ COVID-19 စည်းမျဉ်းစည်းကမ်းများအားချိုးဖောက်ကာ စုဝေးခဲ့သည့် ကြီးမားသောလူအုပ်ကြီး၏ ဗွီဒီယိုအား ပြသခဲ့သည်။

“စဉ်းစားပါ။ ဒါက ကျွန်တော်တို့ကို COVID-19 ရောဂါကူးစက်ဖို့ ဖိတ်ခေါ်နေတာမဟုတ်ဘူလား။ လူ့အသိုင်းအဝိုင်းထဲမှာ ရောဂါကူးစက်ပျံ့နှံ့မှုက ကျွန်တော်တို့ရဲ့ အပြုအမူနဲ့ ဆက်စပ်နေပါတယ်’’ ဟု Agarwal က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအစိုးရက အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၏ လူစုလူဝေးဖြစ်စဥ်အား “အတိုးချခရီးသွားခြင်း’’ အဖြစ်ဖော်ပြထားသည်။ (Xinhua)

————————————
(English Version)
Indian gov’t issues fresh warning overcrowding danger amid pandemic
NEW DELHI, July 9 (Xinhua) — Indian government Friday said the second wave of the ongoing COVID-19 pandemic was not yet over and at the crucial juncture while the cases were mostly going down, the strict adherence to protocol was the need of the hour.
A senior health ministry official Lav Agarwal showed the recent viral video of the Kempty Falls in Uttarakhand’s Mussoorie, where a huge crowd was seen present at the tourist place in violation of COVID-19 protocol.
“Zara sochiye (just think),” Agarwal said during a routine press briefing. “Is it not an open invitation for the COVID-19 virus to infect us? The spread of infection in the community is linked to our behavior.”
The Indian government had described the phenomenon of crowding public places as “revenge travel”. Enditem

Photo-People wearing face masks wait for a bus in New Delhi, India, Jan. 3, 2021.(Xinhua/Javed Dar)