Connect with us

North America

အိမ်ဖြူတော်က ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေသည်ဟု အမေရိကန်နိုင်ငံသား ထက်ဝက်ခန့်က ပြောကြားကြောင်း စစ်တမ်းက ဖော်ပြ

အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီမြို့၊ အိမ်ဖြူတော်အနီးတွင် ခရီးသွားဧည့်သည်များအားအား ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၆ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသား ထက်ဝက်နီးပါးက အမေရိကန်အစိုးရ၏ လုပ်ဆောင်ချက်များသည် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေသည်ဟု Fox Business ၏ စစ်တမ်းအသစ်အရ သိရသည်။

အိမ်ဖြူတော်သည် ဈေးနှုန်းများ မြင့်တက်မှုအတွက် တာဝန်ရှိသည်ဟု အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက ထင်မြင်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် ခြောက်လအတွင်း ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် အမေရိကန်နိုင်ငံရှိ မဲဆန္ဒရှင် သုံးပုံနှစ်ပုံအတွက် ငွေကြေးအခက်အခဲဖြစ်စေပြီး ဝင်ငွေနည်းသော အိမ်ထောင်စုအရေအတွက် လေးပုံသုံးပုံအထိ တိုးလာကြောင်း စစ်တမ်းက တွေ့ရှိခဲ့သည်။

ထို့အပြင် အိမ်ဖြူတော်၏ လူမှုရေးအသုံးစရိတ်အစီအစဉ်သည် စီးပွားရေးကို ထိခိုက်နိုင်သည်ဟု အင်တာဗျူးဖြေဆိုသူ ၄၂ ရာခိုင်နှုန်းက ယုံကြည်ကြပြီး ၃၆ ရာခိုင်နှုန်းက စီးပွားရေးကို အထောက်အကူဖြစ်စေသည်ဟု စစ်တမ်းကောက်ယူမှုအရ သိရသည်။ (Xinhua)

………………………………………
(English Version)
Half Americans say White House making inflation worse: poll
NEW YORK, Dec. 17 (Xinhua) — Nearly half of Americans say the U.S. administration’s actions are making inflation worse in the country, according to a new Fox Business poll.
Two-thirds of Americans think the White House is at least somewhat responsible for rising prices, said the poll.
Rising prices over the past six months have caused financial hardship for two-thirds of U.S. voters, and the rate climbs to three-quarters among those living in lower-income households, the survey found.
In addition, 42 percent of the interviewees believe that the White House’s social spending plan would hurt the economy, while 36 percent think that it would help the economy, according to the poll. Enditem