Connect with us

Africa & Middle East

အီကွေဒေါနိုင်ငံတောင်ပိုင်း၌ ဘတ်စ်ကားတိမ်းမှောက်မှုအတွင်း လူ ၁၈ ဦးထက်မနည်း သေဆုံး ၊ ၂၅ ဦး ဒဏ်ရာရရှိ

အီကွေဒေါနိုင်ငံ၌ ၂၀၁၈ ခုနှစ် မတ်လ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တမဆမှု ဖြစ်စဉ်တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကွီတို ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)
အီကွေဒေါနိုင်ငံတောင်ပိုင်း မိုရိုနာဆန်တီယာဂိုပြည်နယ် အမေဇိုးနီးယန်းခရိုင် Sucua နယ်မြေ၌ ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုတစ်ခုအတွင်း လူ ၁၈ ဦးထက်မနည်း သေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဌာနပေါင်းစုံပါဝင်သည့် လုံခြုံရေးဝန်ဆောင်မှု ECU 911 က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်သည် Huambi ဒေသ၌ ဒီဇင်ဘာ ၁၂ ရက် ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး Macas-Loja လမ်းကြောင်းအား ပြေးဆွဲနေသော ဘတ်စ်ကားသည် လမ်းချော်တိမ်းမှောက်သွားခဲ့ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို Sucua ရင်ခွဲရုံကို လွှဲပြောင်းပေးထားပါတယ်။”ဟု အေဂျင်စီက ပြောကြားခဲ့ပြီး အရွယ်မရောက်သေးသူများ နှင့် လူကြီးများအပါအဝင် ဒဏ်ရာရရှိသူ ၂၅ ဦးအား ဒေသတွင်းဆေးရုံများ အသီးသီးသို့ ပို့ဆောင်ခဲ့ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အခင်းဖြစ်နေရာသို့ မီးသတ်ဌာန ကယ်ဆယ်ရေးယူနစ်များ နှင့် ကယ်ဆယ်ရေးအဖွဲ့အစည်းအသီးသီးမှ အဖွဲ့ဝင်များ သွားရောက်ခြင်းနှင့်အတူ ချက်ချင်းအကူအညီများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရာဇဝတ်မှုများ နှင့် ယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဌာန အဖွဲ့ဝင်များကလည်း ယင်းယာဉ်မတော်တဆမှု ဖြစ်စဉ်အား လုပ်ထုံးလုပ်နည်းများအရဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————-
(English Version)
At least 18 dead, 25 injured in bus accident in southern Ecuador
QUITO, Dec. 12 (Xinhua) — At least 18 people were killed and 25 others injured in a passenger bus accident in the Sucua canton of the Amazonian province of Morona Santiago in southern Ecuador, the Integrated Security Service ECU 911 reported Sunday.
The accident occurred on Saturday night in Huambi, when the bus covering the Macas-Loja route veered off its lane and overturned, the agency said in a statement.
“The bodies were transferred to the Sucua morgue,” it said, adding that the 25 injured people, including minors and adults, were taken to various local hospitals.
Immediate assistance was activated with personnel from various relief institutions and fire department rescue units heading to the scene.
Members of the Traffic Accident Investigation Service and Criminalistics were also on hand to carry out procedures for this type of accident. ■
Photo – Photo taken by mobile phone on March 24, 2018 shows rescuers working at the site where a traffic accident happened in Manabi province, Ecuador. (Xinhua/Str)