Connect with us

Europe

အီတလီနိုင်ငံ၌ အသက် ၆၀ နှစ်အောက်ရှိသူများတွင် AstraZeneca ကာကွယ်ဆေးအသုံးပြုခြင်း ဆိုင်းငံ့

အီတလီနိုင်ငံ၊ ဘိုလိုညာမြို့ရှိ Sant'Orsola-Malpighi ဆေးရုံ၏ COVID-19 ဌာနတွင် အလုပ်လုပ်နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများ၌ AstraZeneca ကာကွယ်ဆေးအသုံးပြုခြင်းအား ဇွန် ၁၁ ရက်တွင် ဆိုင်းငံ့ခဲ့ကြောင်း COVID-19 နှင့်ပတ်သက်၍ ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ကြေညာခဲ့သည်။အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် မေ ၂၅ ရက်တွင် AstraZeneca ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးနောက် ဇွန် ၁၀ ရက်တွင် သွေးခဲမှုကြောင့် သေဆုံးခဲ့ပြီးနောက် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ဒေသတွင်းသတင်းမီဒီယာများ၏ဖော်ပြချက်များအရ အမျိုးသမီးငယ်မှာ သွေးဥမွှားပမာဏနည်းပါးသည့် autoimmune thrombocytopenia ရောဂါကို ခံစားခဲ့ရကြောင်းနှင့် ဟော်မုန်းနှစ်မျိုးကုသမှု ခံယူနေသူဖြစ်ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးသည့် လုပ်ငန်းစဥ်အတွင်း ၎င်းအမျိုးသမီးအနေဖြင့် အဆိုပါ အချက်အလက်အား ထုတ်ဖော်ပြောဆိုခဲ့ခြင်းရှိမရှိကို စုံစမ်းရှာဖွေလျက်ရှိကြောင်း အီတလီသတင်းဌာန Ansa က ဖော်ပြခဲ့သည်။“ကပ်ရောဂါဗေဒဆိုင်ရာ ဖြစ်ရပ်များဟာ ပြောင်းလဲလာပြီး ကာကွယ်ဆေး၏ အကျိုးသက်ရောက်မှုများနှင့် ပုံမှန်မဟုတ်သော သွေးခဲခြင်းအန္တရာယ်အလားအလာတို့ အကြားမှာ ဆက်နွယ်မှုရှိလာပါတယ်” ဟု ကပ်ရောဂါအား ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်၍ အစိုးရအား အကြံဉာဏ်ပေးသော နည်းပညာဆိုင်ရာသိပ္ပံကော်မတီ (CTS) ၏ ညှိနှိုင်းရေးမှူး Franco Locatelli က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

AstraZeneca ကာကွယ်ဆေးအား ပထမအကြိမ်ထိုးနှံထားပြီးသည့် အသက် ၆၀ နှစ် အောက်ရှိသူများအား ဒုတိယအကြိမ်ထိုးနှံမှုတွင် အခြားကာကွယ်ဆေးထိုးပေးရန် CTS အနေဖြင့် အကြံပြုခဲ့ကြောင်း၊ ယင်းမှာ အလေးအနက်သတိထား ဆောင်ရွက်ခြင်းဖြစ်ကြောင် Locatelli ကဆိုသည်။

အီတလီနိုင်ငံ၌ COVID-19 ကာကွယ်ဆေး အလုံးရေ ၄၀.၇ သန်းကျော်အား ထိုးနှံပေးပြီးဖြစ်ကြောင်း၊ အသက် ၁၂ နှစ်အထက် လူဦးရေ၏ ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) လူဦးရေ ၁၃.၇ သန်းကျော် မှာ အပြည့်အဝ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၁၁ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

———————————————-
(English Version)

Italy suspends AstraZeneca vaccine for under 60s

ROME, June 11 (Xinhua) — Italy on Friday suspended the use of the AstraZeneca vaccine for people under 60 years old, health officials announced at a weekly press conference on the COVID-19 pandemic.

The move came after an 18-year-old woman died of a blood clot Thursday after receiving an initial dose of AstraZeneca on May 25.
According to local media reports, the young woman suffered from autoimmune thrombocytopenia (meaning that she had a low blood platelet count) and was on double hormone therapy.

An investigation is underway to find out whether she had disclosed this information during the vaccine intake procedure, Italian news agency Ansa reported.
“The epidemiological scenario has changed, and so has the relationship between the benefits of vaccination and the potential risk of unusual blood clots,” Franco Locatelli, coordinator of the Technical Scientific Committee (CTS) which gives advice to the government on how to handle the pandemic, said at the press conference.
The CTS recommends that people under 60 who received an initial dose of AstraZeneca be given a different vaccine for their second dose, Locatelli said, adding that this move represents “an excess of caution”.

Over 40.7 million doses of vaccine have been administered in Italy and over 13.7 million people, or 25 percent of the population aged over 12, have been fully inoculated, according to the latest tally from the Ministry of Health on Friday. Enditem