Connect with us

COVID-19 UPDATES

အီရတ်နိုင်ငံက COVID-19 စိုးရိမ်ပူပန်မှုကြောင့် ပြည်ပဘုရားဖူးများ ဝင်ရောက်မှု ကန့်သတ်

အီရတ်နိုင်ငံ မြောက်ပိုင်း ဘဂ္ဂဒတ်မြို့ရှိ Al-Kadhimiya ဗလီတွင် ဘုရားဖူးများ စုဝေးနေသည်ကို ၂၀၁၈ ခုနှစ် ဧပြီ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံတွင် COVID-19 ရောဂါပျံ့နှံ့မှု စိုးရိမ်သည့်အတွက် Arbaeen အဓိက ဘုရားဝတ်ပြုနေရာသို့ လာရောက်ကြမည့် ပြည်ပဘုရားဖူးများ ဝင်ရောက်မှုကို ကန့်သတ်ရန် စက်တင်ဘာ ၅ ရက်တွင် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အမျိုးသားလုံခြုံရေး အဆင့်မြင့်ကော်မတီ အစည်းအဝေးအား ဝန်ကြီးချုပ် Mustafa al-Kadhimiက ဦးဆောင်ကျင်းပခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် စတင်မည့် Arbaeen အစဉ်အလာဘုရားပွဲတော်သို့ လာရောက်ရန် အိမ်နီးချင်း အီရန်နိုင်ငံမှ ဘုရားဖူး ၃၀,၀၀၀ ဦးနှင့် အခြားနိုင်ငံများမှ ဘုရားဖူး ၁၀,၀၀၀ ဦး ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြောင်း ဝန်ကြီးချုပ်၏ ပြန်ကြားရေးရုံးမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဆုံးဖြတ်ချက်တွင် ပြည်ပ ဘုရားဖူးများအနေဖြင့် အီရတ်နိုင်ငံ လေဆိပ်များသို့ မရောက်မီ ၇၂ နာရီအတွင်း ဆေးစစ်ထားသည့် ရောဂါမတွေ့ရှိကြောင်း PCR စစ်ဆေးမှုများ ယူဆောင်လာရန် သတ်မှတ်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အီရတ်တွင် စက်တင်ဘာ ၅ ရက်တွင် COVID-19 ရောဂါဖြစ်ပွားသူအသစ် ၄,၈၉၇ ဦးရှိခဲ့ပြီး နိုင်ငံတစ်ဝန်း ရောဂါဖြစ်ပွားသူ ၁,၉၁၇,၂၉၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ထို့ပြင် အီရတ်နိုင်ငံတွင် ဗိုင်းရပ်စ်ကြောင့် လူ ၅၈ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစုပေါင်းမှာ ၂၁,၁၀၀ ဦးရှိပြီဖြစ်ကာ ပြန်လည်ကျန်းမာလာသူများမှာလည်း ၇,၇၀၆ ဦး ထပ်မံရှိခဲ့ရာ စုစုပေါင်း ၁,၇၇၁,၇၀၇ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်း လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူ ၇၅,၆၉၀ ဦးရှိခဲ့ပြီး ထိုးနှံပြီးသော ကာကွယ်ဆေးအရေအကြိမ်ရေတွက်မှာ ၃,၆၈၄,၅၄၆ ကြိမ်စာ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

————————————
(English Version)
Iraq limits entry of foreign pilgrims over COVID-19 concern
2021-09-06 03:11:09
BAGHDAD, Sept. 5 (Xinhua) — Iraqi authorities on Sunday decided to limit the entry of foreign pilgrims in the major Shiite ritual of Arbaeen for fear of the spread of COVID-19.
Prime Minister Mustafa al-Kadhimi headed a meeting of the Higher Committee for Health and National Safety and decided to allow 30,000 pilgrims from neighboring Iran and 10,000 from other countries to observe the Arbaeen ritual which will start on Sept. 27, said a statement by the prime minister’s media office.
The decision also stipulated that foreign pilgrims bring negative results of PCR tests conducted within 72 hours before they arrive at Iraqi airports, the statement said.
Meanwhile, a statement by the Ministry of Health said that it recorded 4,897 COVID-19 new cases on Sunday, raising the nationwide caseload to 1,917,292.
It also confirmed 58 more deaths, bringing the death toll from the virus to 21,100, while the total recoveries in Iraq climbed by 7,706 to 1,771,707.
It also said a total of 75,690 people were vaccinated against COVID-19 in the past 24 hours across the country, bringing the total number of doses administered to 3,684,546. Enditem

Photo : Iraqi Shiite Muslims gather at the Al-Kadhimiya Mosque in northern Baghdad on April 12, 2018. Millions of Shiite pilgrims on Thursday ended their week-long pilgrimage to a holy shrine in the Iraqi capital Baghdad to mark a major ritual amid tightened security measures. (Xinhua/Khalil Dawood)