Connect with us

Africa & Middle East

အီရတ်နိုင်ငံတောင်ပိုင်းရှိ COVID-19 ကုသရေးဆေးရုံ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွားရာ သေဆုံးသူ ၄၁ ဦးထိ မြင့်တက်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့၌ ဧပြီလ ၂၅ ရက်က Ibn al-Khatib ဆေးရုံမီးလောင်မှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သည့် လူနာတစ်ဦးအား အခြားဆေးရုံတစ်ခုသို့ ရွှေ့ပြောင်းပေးနေစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ တောင်ပိုင်း Dhi Qar ပြည်နယ်၌ COVID-19 လူနာများအား ကုသပေးနေသော ဆေးရုံတစ်ရုံ၌ မီးအကြီးအကျယ်လောင်ကျွမ်းမှုကြောင့် လူ ၄၁ ဦးထက်မနည်း သေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Iraqi News Agency (INA) က ဖော်ပြခဲ့သည်။ဘဂ္ဂဒက်မြို့၏ တောင်ဘက် ၃၇၅ ကီလိုမီတာခန့်အကွာရှိ Dhi Qar ပြည်နယ်၏မြို့တော် al-Nasiriyah မြို့ရှိ al-Hussein ဆေးရုံ၌ ဇူလိုင် ၁၂ ရက် ညနေပိုင်းတွင် လောင်ကျွမ်းခဲ့သော မီးသည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံထားရသည့် လူနာများအတွက် ထားရှိသည့် Quarantine စင်တာအား ကူးစက်လောင်ကျွမ်းခဲ့ကြောင်း INA က ဖော်ပြခဲ့သည်။

Quarantine စင်တာအား မီးကူးစက်လောင်ကျွမ်းပြီး al-Hussein ဆေးရုံရှိ ယာယီစင်တာ၌ မီးသတ်ယာဉ် အစီးရေ ၂၀ ခန့်ဖြင့် ငြှိမ်းသတ်ရန် ကြိုးပမ်းနေချိန်အတွင်းမှာပင် မီးသတ်သမားများနှင့်အရပ်ဘက် ကယ်ဆယ်ရေးအဖွဲ့များက လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအားဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

နောက်ပိုင်းတွင် Dhi Qar ပြည်နယ် ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိသူ Ammar al-Zamily က INA သို့ ပြောကြားရာတွင် မီးသတ်သမားများက မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆိုသည်။
Dhi Qar ပြည်နယ် ကျန်းမာရေးဌာနက မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် အရေးပေါ်အခြေအနေ ကြေညာခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ ဝန်ကြီးချုပ် Mustafa al-Kadhimi က ဆေးရုံမီးလောင်ကျွမ်းမှု နှင့် အကျိုးဆက်များအား ဆွေးနွေးရန် အစိုးရဝန်ကြီးအချို့နှင့် လုံခြုံရေးတပ်မှူးများဖြင့် အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးချုပ်၏ ဆက်ဆံရေးအရာရှိက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Mohammed al-Halbousi က ဇူလိုင် ၁၃ ရက်တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ယင်းဖြစ်စဉ်အား ဆွေးနွေးမည် ဖြစ်ကြောင်း တွစ်တာစာမျက်နှာတွင် ရေးသားခဲ့သည်။ (Xinhua)

———————————————
(English Version)

Up to 41 killed in huge fire at hospital in southern Iraq

BAGHDAD, July 12 (Xinhua) — At least 41 people were killed and many others wounded in a huge fire that broke out in a hospital treating COVID-19 patients in Iraq’s southern province of Dhi Qar, official Iraqi News Agency (INA) reported.

The evening massive fire hit the quarantine center for coronavirus patients in al-Hussein Hospital in the provincial capital city of al-Nasiriyah, some 375 km south of Baghdad, the INA said.
The fire spread in the quarantine center, and firefighters and civil defense teams were striving to evacuate the patients and health workers while trying to put out the fire of some 20 sandwich panel caravans in the makeshift center at the site of al-Hussein Hospital, it added.

Later on, spokesman for the Health Department of Dhi Qar Province Ammar al-Zamily told the INA that the firefighters managed to put out the fire.
Dhi Qar’s health department declared a state of emergency after the fire, al-Zamily said.

Iraqi Prime Minister Mustafa al-Kadhimi held an emergency meeting with some cabinet ministers and security commanders to discuss the hospital fire and its consequences, al-Kadhimi’s media office said in a statement.

Iraqi Parliament Speaker Mohammed al-Halbousi tweeted that the parliament session on Tuesday will discuss the incident. Enditem

Photo – A patient survived the Ibn al-Khatib Hospital fire is transferred to another hospital in Baghdad, Iraq, April 25, 2021. The death toll from a huge fire that broke out in the Ibn al-Khatib Hospital treating coronavirus patients in Baghdad rose to 82 killed and some 110 wounded, the Iraqi Interior Ministry said on Sunday. (Photo by Khalil Dawood/Xinhua)