Connect with us

Africa & Middle East

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တော်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူ ၂၈ ဦးသေဆုံး ၊ ၆၆ ဦးဒဏ်ရာရ

ဘဂ္ဂဒတ် ၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ အရှေ့ပိုင်းရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇူလိုင် ၁၉ ရက်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အနည်းဆုံး လူ ၂၈ ဦးသေဆုံးပြီး အခြား ၆၆ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း အီရတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းအရင်းအမြစ်က ဆိုသည်။ဘဂ္ဂဒတ်မြို့တော်၏ ခရိုင်ခွဲမြို့ငယ်လေးဖြစ်သည့် Sadr မြို့ငယ်ရှိ လူထူထပ်သော ထင်ရှားသည့် ဈေးကြီးတစ်ခုထဲတွင် ဖောက်ခွဲရေး ဗုံးတစ်လုံးကို နေမဝင်မီ ဖောက်ခွဲခဲ့ရာ အနီးအနားတစ်ဝိုက်ရှိ ဈေးဆိုင်အများအပြား နှင့် အဆောက်အဦပတ်ပတ်လည်ရှိ ဆိုင်ခန်းများ ထိခိုက်ပျက်စီးသွားကြောင်း အမည်မဖော်လိုသော ဝန်ကြီးဌာန သတင်းအရင်းအမြစ်တစ်ဦးက ပြောကြားသည်။

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တော် အရှေ့ပိုင်း Sadr မြို့ငယ်ရှိ ထင်ရှားသောဈေးကြီးတစ်ခုတွင် ဇူလိုင် ၁၉ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

အီရတ်အာဏာပိုင်များက ကြေညာချက်အတို တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် အခင်းဖြစ်ကိစ္စရပ်အား စုံစမ်းစစ်ဆေးပြီးနောက်မှသာ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တော် အရှေ့ပိုင်း Sadr မြို့ငယ်ရှိ ထင်ရှားသောဈေးကြီးတစ်ခုတွင် ဇူလိုင် ၁၉ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

“ ပေါက်ကွဲမှုက ကျွန်တော်တို့ရဲ့ ဆိုင်ခန်းတွေကို ဖျက်ဆီးပစ်လိုက်တယ်။ လူများစွာ ထိခိုက်သေဆုံးခဲ့ရတယ်။ ဒီမှာရှိတဲ့လူအားလုံးက ဆင်းရဲနွမ်းပါးကြတယ်။ သူတို့ရဲ့စားဝတ်နေရေးအတွက် ပိုပြီးခက်ခဲသွားပြီပေါ့ ” ဟု ယင်းဈေးကြီးတွင် လုပ်ကိုင်နေသည့် လူငယ်တစ်ဦးဖြစ်သူ Haider Gatie က လူများစွာသေဆုံးခဲ့ရသည့် အခင်းဖြစ်ရပ်အပေါ် ဒေါသဖြင့် တုန့်ပြန် ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တော် အရှေ့ပိုင်း Sadr မြို့ငယ်ရှိ ထင်ရှားသောဈေးကြီးတစ်ခုတွင် ဇူလိုင် ၁၉ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အပျက်အစီးပုံများအားတွေ့ရစဉ်(ဆင်ဟွာ)

၂၀၁၇ ခုနှစ်တွင် အီရတ်နိုင်ငံတစ်ဝှမ်းရှိ အိုင်အက်စ်(IS) စစ်သွေးကြွများအပေါ် အီရတ်လုံခြုံရေးတပ်ဖွဲ့က ခြေမှုန်းအနိုင်ယူပြီးကတည်းက အီရတ်တွင် လုံခြုံရေးအခြေအနေတိုးတက်ကောင်းမွန်ခဲ့ရာ ဘဂ္ဂဒတ်မြို့တော်၌ လူအသေအပျောက်များသည့် ဗုံးပေါက်ကွဲမှုများ မရှိသလောက် နည်းပါးခဲ့သည်။

သို့သော်လည်း အိုက်အက်စ် အကြွင်းအကျန်များသည် မြို့တွင်းပိုင်းများ သို့မဟုတ် ကန္တာရများ နှင့် လူသူအရောက်အပေါက်နည်းပါးသော ဒေသများတွင် ခြေကုပ်ယူကာ အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အရပ်သားများအား ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။(Xinhua)

——————————————–
(English Version)

At least 28 killed in bomb explosion in Iraqi capital: ministry source

BAGHDAD, July 19 (Xinhua) — At least 28 people were killed and 66 others wounded in a bomb explosion in a marketplace in eastern Baghdad on Monday, a source with the Iraqi interior ministry said.

A bomb detonated at a crowded popular market in Sadr City, a suburb district of the capital Baghdad, before the sunset, destroying several nearby shops and stalls and damaging surrounding buildings, the ministry source said on condition of anonymity.

The Iraqi authorities said in a brief statement that more information will be released after investigation into the incident.
“The explosion destroyed our shop, and many people here were killed and wounded … All the people here are poor and can hardly make their living,” said Haider Gatie, a young man at the marketplace, expressing his anger about the deadly incident.

Deadly bombings have been rare in Baghdad, as the security situation has improved in Iraq since the Iraqi security forces fully defeated IS militants across the country late in 2017.

However, IS remnants have since melted into urban areas or deserts and rugged areas, carrying out frequent guerilla attacks against security forces and civilians.

Goods scattered at the site of the explosion that occurred in a popular market in Sadr City, a suburb district in eastern Baghdad, Iraq, on July 19, 2021. (Xinhua/Khalil Dawood)