Connect with us

Africa & Middle East

အီရတ်နိုင်ငံ ဝန်ကြီးချုပ်အား ဒရုန်းဖြင့် လုပ်ကြံရန် ကြိုးပမ်းမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟုဆို

ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံဝန်ကြီးချုပ် Mustafa al-Kadhimi ၏ နေအိမ်အား ပစ်မှတ်ထားသည့် ဒရုန်းတစ်စင်းဖြင့် လုပ်ကြံရန် ကြိုးပမ်းမှုတစ်ခုအတွင်း ဝန်ကြီးချုပ်သည် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက်တွင် ဖော်ပြထားသည်။ဘဂ္ဂဒက်မြို့ လုံခြုံရေးတင်းကြပ်ထားသည့် နယ်မြေအတွင်းရှိ ဝန်ကြီးချုပ်နေအိမ်အား ဒရုန်းတစ်စင်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း နှင့် ဝန်ကြီးချုပ်သည် ဒဏ်ရာရရှိခြင်း မရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မကြာမီမှာပင် ဝန်ကြီးချုပ် Mustafa al-Kadhimi က အဆင်ပြေကြောင်း တွစ်တာစာမျက်နှာတွင် ရေးသားခဲ့ပြီး အီရတ်နိုင်ငံအတွက် လူတိုင်းက တည်တည်ငြိမ်ငြိမ် နှင့် စိတ်ထိန်းကြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်ခြင်းဖြစ်သည်ကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိကြောင်း သိရသည်။ (Xinhua)

—————————————
(English Version)
Iraq says PM unharmed in drone assassination attempt

BAGHDAD, Nov. 7 (Xinhua) — Iraqi Prime Minister Mustafa al-Kadhimi was unharmed in an assassination attempt carried out by a drone targeting his official residence on Sunday, his office said in a statement.

“A drone tried to target the residence” in Baghdad’s fortified Green Zone, and the prime minister was not injured, the statement said.
Shortly after the attack, al-Kadhimi said on Twitter that he was “fine” and called for “calm and restraint from everyone for the sake of Iraq.”
No group has claimed responsibility for the attack. ■
Photo – Iraqi Prime Minister Mustafa al-Kadhimi (C) casts his vote at a polling center in Baghdad, Iraq on Oct. 10, 2021. (Xinhua)