Connect with us

Asia

အီရန်နိုင်ငံက ဗီယင်နာ နျူကလီးယားဆွေးနွေးပွဲများအား နိုဝင်ဘာ ၂၉ ရက်၌ ပြန်လည်စတင်မည်

တီဟီရန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ)

ပူးတွဲဘက်စုံလုပ်ငန်းအစီအစဉ် (JCPOA) ဟု တရားဝင်လူသိများသော ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက် ပြန်လည်အသက်ဝင်လာရေးဆိုင်ရာ ဗီယင်နာဆွေးနွေးပွဲများကို နိုဝင်ဘာ ၂၉ ရက်၌ ပြန်လည်စတင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံ အဆင့်မြင့် နျူကလီးယားညှိနှိုင်းဆွေးနွေးသူ Ali Bagheri Kani က နိုဝင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။“Enrique Mora နဲ့ တယ်လီဖုန်းပြောကြားခဲ့ရာမှာ တရားမဝင်၊ ရက်စက်တဲ့ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေး ရည်ရွယ်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ နိုဝင်ဘာ ၂၉ ရက်မှာ ဗီယင်နာမှာ ပြန်စတင်ဖို့ ကျွန်တော်တို့ သဘောတူခဲ့ပါတယ်” ဟု Bagheri Kani က တွစ်တာပေါ်၌ ရေးသားထားသည်။

Bagheri Kani နှင့် ဥရောပ ပြင်ပလှုပ်ရှားရေးဝန်ဆောင်မှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Mora တို့ တီဟီရန်နှင့် ဘရပ်ဆဲလ် မြို့များ၌ ဆွေးနွေးမှုများပြီးနောက် အီရန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့က နိုဝင်ဘာလတွင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ပိတ်ဆို့မှုများ ရုပ်သိမ်းပေးရေးနှင့် ဆက်စပ်အဖွဲ့အစည်းများ၏ JCPOA တာဝန်များ အပြည့်အဝအကောင်အထည်ဖော်ရေးဆိုင်ရာ အရေးကိစ္စသည် ဇွန်လက အီရန်နိုင်ငံ အစိုးရပြောင်းလဲမှုဖြစ်ပွားပြီး ဆိုင်းငံ့ထားချိန်ကတည်းက ဆွေးနွေးမှုများ၏ အဓိကအစီအစဉ်ဖြစ်မည်ဟု အီရန်က ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Iran says to resume Vienna nuke talks on Nov. 29

TEHRAN, Nov. 3 (Xinhua) — Ali Bagheri Kani, Iran’s senior nuclear negotiator, said on Wednesday that the Vienna nuclear talks for the revival of the 2015 nuclear deal, formally known as the Joint Comprehensive Plan of Action (JCPOA), will resume on Nov. 29.

“In a phone call with Enrique Mora, we agreed to start the negotiations aiming at the removal of unlawful and inhumane sanctions on Nov. 29 in Vienna,” Bagheri Kani tweeted.
After meetings between Bagheri Kani and Mora, deputy secretary-general of the European External Action Service, in Tehran and Brussels, Iran and the European Union had agreed on the resumption of talks in November.

Iran has said the issue of lifting sanctions and the related parties’ full implementation of obligations to the JCPOA will be the main agenda of the talks which has been suspended since June following a shift in Iran’s administration. Enditem
Photo : An Iranian flag is pictured at the United Nations headquarters in New York, Jan. 8, 2020. (Xinhua/Li Muzi)