Connect with us

Africa & Middle East

အီရန်နိုင်ငံ၏ အထင်ကရ အဇက်ဒီမျှော်စင်တွင် တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုကြိုဆိုသည့် အလှဆင်မီးရောင်စုံ ထွန်းညှိ

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အထင်ကရ အဇက်ဒီမျှော်စင်(Azadi Tower) တွင် တရုတ်နှစ်ကူးကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်-အီရန် နှစ်နိုင်ငံအလံပုံများ အလှဆင်မီးထွန်းထားစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ၏ မြို့တော်တီဟီရန်မြို့ရှိ နာမည်ကျော် အထင်ကရ အဇက်ဒီမျှော်စင်(Azadi Tower) တွင် ဇန်နဝါရီ ၃၁ ရက် ညပိုင်းက အနီရောင်းဆလိုက်မီများထွန်းညှိကာ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ကျရောက်သော တရုတ်(လပြက္ခဒိန်) နှစ်သစ်ကူး သို့မဟုတ် နွေဦးပွဲတော်အခါသမယတွင် ကံကောင်းခြင်း ၊ ပျော်ရွှင်ခြင်းများ ပြီးပြည့်စုံပါစေကြောင် ရောင်စုံမီးအလှဖြင့် ဂုဏ်ပြုထွန်းညှိ ဆုမွန်ကောင်းတောင်းပေးထားကြောင်း သိရသည်။
ယင်းစလိုက်မီးရောင်နောက်ခံထား၍ တရုတ်နှင့် အီရန် နိုင်ငံတော်သီချင်းများကိုလည်း အသံလွှင့်ထားသလို မျှော်စင်ထိပ်တွင် နှစ်နိုင်ငံ၏ နိုင်ငံ့အမှတ်သညာဖြစ်သော နိုင်ငံတော်အလံများကိုလည်း အသီးသီး ဂုဏ်ပြု ဖော်ပြထားသည်။

အီရန်နိုင်ငံ တီဟီရန်မြို့ရှိ အထင်ကရ အဇက်ဒီမျှော်စင်(Azadi Tower) တွင် တရုတ်နှစ်ကူးကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တရုတ်-အီရန် နှစ်နိုင်ငံအလံပုံများ အလှဆင်မီးထွန်းထားသည့်နေရာတွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော အီရန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chang Hua(ယာ-ပဉ္စမမြောက်) အားတွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် “happy Chinese New Year’’ ၊ “ တရုတ်-အီရန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်အခါသမယကို လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုအပ်ပါသည် ” နှင့် “ ရှေ့ခေတ်ယဉ်ကျေးမှုထွန်းကားရာ အီရန်နိုင်ငံမှ သင်တို့အားကြိုဆိုပါသည်” စသည့် စာတန်းများကိုလည်း မျှော်စင်တွင် မီးရောင်စုံဖြင့် ဂုဏ်ပြုတင်ဆက်ထားသည်။

ပေကျင်းဆောင်းရာသီအိုလံပစ် နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ပါစေကြောင်း ဆုတောင်းစာတန်းများကိုလည်း မျှော်စင်တွင် ဖော်ပြသည်။
ထို့ပြင် မျှော်စင်မျက်နှာပြင်ပေါ်တွင် ပေကျင်းဆောင်းရာသီအိုလံပစ် နှင့် မသန်စွမ်းအားကစားပြိုင်ပွဲ အထိမ်းအမှတ်တံဆိပ်များ နှင့် ပေကျင်းအိုလံပစ် အသိပေးလှုံ့ဆော်ခြင်း ဂုဏ်ပြုဗီဒီယိုဖိုင်တစ်ခုကိုလည်း စလိုက်မီးရောင်အောက်တွင် တင်ဆက်ဖော်ပြထားသည်။

အီရန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chang Hua က ယင်းအလှဆင် စလိုက်မီးရောင်တန်းသည် တရုတ်နှစ်သစ်ကူး နှင့် လာမည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် အီရန်နိုင်ငံ၏ စိတ်ရင်းစေတနာဖြင့် ဆုတောင်းပတ္တနာပြုမှုများကို ဖော်ညွှန်းထားခြင်းဖြစ်ကြောင်း ဆိုသည်။
“ အဲဒါတွေဟာ နှစ်နိုင်ငံရဲ့ နှစ်ဖက်ပြည်သူလူထုတွေအကြား ချစ်ကြည်ရင်းနှီးမှုကို အပြည့်အဝ ဖော်ကျူးမှုပဲဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ (Xinhua)

—————————-
(English Version)
Iran’s iconic tower flashes red for Chinese New Year

TEHRAN, Jan. 31 (Xinhua) — The iconic Azadi Tower in Tehran, Iran’s capital, flashed red on Monday, a color associated with good luck and happiness in China, to mark the Chinese Lunar New Year, or Spring Festival, which falls on Feb. 1 this year.
With the Chinese and Iranian national anthems playing in the background, the national flags of the two countries were flying on the top of the tower, while the main body of the landmark was illuminated in red.
Slogans in Chinese and Persian, such as “happy Chinese New Year,” “warmly celebrate the 50th anniversary of China-Iran diplomatic ties,” and “ancient civilization Iran welcomes you,” appeared in turn
Another theme of the light show was to wish the Beijing Winter Olympics and Paralympics a success. The emblems of the Beijing Winter Olympics and Paralympics were projected onto the tower, and a promotional video for the Beijing Olympics was played during the event.
Chinese Ambassador to Iran Chang Hua said the light show represents Iran’s good wishes for the Chinese Lunar New Year and the upcoming Beijing Winter Olympics.
“It has fully demonstrated the profound friendship and bonds between peoples of both countries,” he said.

Photo(1) Iran’s iconic Azadi Tower flashes red, a color associated with good luck and happiness in China, to mark the Chinese Lunar New Year, or Spring Festival, in Tehran, Iran, on Jan. 31, 2022. (Chinese Embassy in Iran/Handout via Xinhua)
Photo(2) Chinese Ambassador to Iran Chang Hua (5th R) and Iranian representatives pose for a photo during a light show to mark the Chinese Lunar New Year, or Spring Festival, in Tehran, Iran, on Jan. 31, 2022. (Chinese Embassy in Iran/Handout via Xinhua)