Connect with us

Africa & Middle East

အီရန်နျူကလီးယားဆွေးနွေးမှုနှင့် ပတ်သက်၍ “တင်းတင်းမာမာ” ဆောင်ရွက်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများအား အစ္စရေးတောင်းဆို

အစ္စရေးနိုင်ငံ Herzliya ရှိ Reichman တက္ကသိုလ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် ရှင်းလင်းဖြေကြားနေစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

၂၀၁၅ ခုနှစ် အီရန်နျူကလီယားသဘောတူညီချက်ကို ပြန်လည်သုံးသပ်ရေး ညှိနှိုင်းဆွေးနွေးမှုများတွင် အီရန်အပေါ် “တင်းတင်းမာမာ ပြုမူဆောင်ရွက်ရန်” ကမ္ဘာ့အင်အားကြီးနိုင်ငံများအား အစ္စရေးနိုင်ငံဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက် (Naftali Bennett) က ဒီဇင်ဘာ ၅ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပသော ဘက်စုံလုပ်ငန်းအစီအစဉ်ဆိုင်ရာ ပူးတွဲကော်မရှင်(JCPOA)၏ အစည်းအဝေးကျင်းပနေပုံကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

“ ဗီယင်နာမြို့မှာ အီရန်နဲ့အတူ ညှိနှိုင်းဆွေးနွေးမှု ဆောင်ရွက်နေတဲ့ နိုင်ငံတိုင်းကို ခိုင်မာတဲ့စည်းမျဉ်းတစ်ခုချမှတ်ဖို့ ကျွန်တော်တောင်းဆိုပါတယ်။ တစ်ဖက်က ညှိနှိုင်းဆွေးနွေးမှုလုပ်ပြီး အခြားတစ်ဖက်က ယူရေနီယံသန့်စင်မှု တစ်ချိန်တည်းတစ်ပြိုင်တည်း လုပ်နေတာဟာ လုံးဝ လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့အကြောင်းကိုလည်း အီရန်ကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်” ဟု ပြီးခဲ့သော ရက်သတ္တပတ်က ဩစတြီးယားနိုင်ငံ ဗင်ယင်နာမြို့တော်၌ နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သော အီရန်နျူကလီးယားဆွေးနွေးမှုအား ရည်ညွှန်း၍ အစ္စရေးဝန်ကြီးချုပ်ဘန်းနက်က အထက်ပါအတိုင်းပြောကြားခဲ့သည်။

“ အီရန်ဟာ သူ့ရဲ့ချိုးဖောက်မှုတွေအတွက် စတင် ပေးဆပ်ရမှာပါ” ဟု အစ္စရေးဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဘန်းနက်က ထည့်သွင်းပြောကြားခဲ့သည်။

အီရန်အပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများအားလုံးကို မရုပ်သိမ်းသွားစေရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို အစ္စရေးက ဆက်ပြီးဖိအားပေးသွားမည်ဟူ၍လည်း ဘန်းနက်က ဆိုသည်။ “ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား နဲ့ အခြားသော နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့ဟာ လေးလေးနက်နက်ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အစ္စရေးနိုင်ငံ၏ ထိပ်တန်းလုံခြုံရေးအရာရှိကြီးများသည် အီရန်အရေးဆွေးနွေးရန် အမေရိကန် နှင့် ဥရောပသို့ ဦးတည် ထွက်ခွာနေစဉ် အတွင်းမှာပင် ဘန်းနက်၏ မှတ်ချက်စကားထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံထောက်လှန်းရေးအေဂျင်စီ(မောဆက်) အဖွဲ့ အကြီးအကဲ David Barnea သည် စနေနေ့ ညပိုင်းက အမေရိကန်နိုင်ငံသို့ ထွက်ခွာသွားခဲ့ပြီး အစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantz သည် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော့စတင်း နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ နှင့် သွားရောက် တွေ့ဆုံဆွေးနွေးရန်အတွက် ဒီဇင်ဘာ ၈ ရက်တွင် အစ္စရေးမှ ထွက်ခွာရန် ပြင်ဆင်နေကြောင်း သိရသည်။ ပြီးခဲ့သော ရက်သတ္တပတ်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid သည် အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီး နှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့နှင့်ဆွေးနွေးရန် လန်ဒန် နှင့် ပါရီ မြို့များသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Israel calls world powers to take “hard line” toward Iranian nuke talks

JERUSALEM, Dec. 5 (Xinhua) — Israeli Prime Minister Naftali Bennett urged on Sunday world powers to “take a hard line” toward Iran in the negotiations on reviving the 2015 nuclear deal.
“I call on every country negotiating with Iran in Vienna to take a strong line and make it clear to Iran that it is impossible to negotiate and enrich uranium at the same time,” Bennett referred to the latest round of talks which has been briefly paused in Austria’s capital Vienna last week.
“Iran must start paying for its violations,” he said, according to a statement issued by his office.
Bennett said that Israel will continue to pressure world powers not to lift all sanctions. “We are holding an intensive dialogue on this matter with the Americans, the British, the French, Russia and others,” he said.
Bennett’s remarks came as Israel’s top security officials were heading to the U.S. and Europe for talks on Iran. On Saturday night, David Barnea, chief of Israel’s Mossad spy agency, flew to Washington, and Defense Minister Benny Gantz is planning to depart on Wednesday for meetings with his U.S. counterpart Lloyd Austin and Secretary of State Antony Blinken. Last week, Foreign Minister Yair Lapid visited London and Paris to discuss the talks with his European counterparts.
Photo – (1)Israeli Prime Minister Naftali Bennett speaks during a conference at the Reichman University in Herzliya, Israel, on Nov. 23, 2021. (Gideon Markowicz/JINI via Xinhua)
Phto- (2) APhoto taken on Dec. 3, 2021 shows a meeting of the Joint Commission on the Joint Comprehensive Plan of Action (JCPOA) in Vienna, Austria. (EU Delegation in Vienna/Handout via Xinhua)