Connect with us

INTERNATIONAL ORGANIZATION

အီးယူနိုင်ငံများ၌ COVID-19 ကန့်သတ်ချက်များ ရုတ်သိမ်းလိုက်သောကြောင့် Omicron BA2 မျိုးဗီဇပြောင်းဗိုင်းရပ်စ် ပျံ့နှံ့သွားကြောင်း EMA ထုတ်ပြန်

စပိန်နိုင်ငံ၊ Cornella မြို့၊ COVID-19 ကာကွယ်ဆေးထိုးနေရာတစ်ခု၌ AstraZeneca COVID-19 ကာကွယ်ဆေး ထိုးနှံရန် ပြင်ဆင်နေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးအား ၂၀၂၁ ခုနှစ်၊ ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) တစ်ဝန်း COVID-19 မျိုးဗီဇပြောင်းဗိုင်းရပ်စ်တစ်မျိုးဖြစ်သော Omicron BA2 ကူးစက်မှုများ မြင့်တက်လျက်ရှိကြောင်း ဥရောပဆေးဝါးအေဂျင်စီ (EMA) ကမတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။“အီးယူနိုင်ငံအများအပြားက ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်စဉ်မှာ အဖွဲ့ဝင်နိုင်ငံတချို့မှာ Omicron BA2 ပျံ့နှံ့မှုကြောင့် ကူးစက်မှုနှုန်း တစ်ဖန်မြင့်တက်လာတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ အဲဒီဗိုင်းရပ်စ်က တခြားဗီဇပြောင်းဗိုင်းရပ်စ်တွေထက် ပိုပြီးကူးစက်မှုမြန်တဲ့သဘောမှာရှိတယ်’’ ဟု EMA ဇီဝကျန်းမာရေး ခြိမ်းခြောက်မှု နှင့် ကာကွယ်ဆေးဆိုင်ရာ ဗဟာဗျူဟာ အကြီးအကဲ Marco Cavalieri က သတင်းထောက်များအား ပြောကြားခဲ့သည်။
အရေးကြီးဆုံးအချက်ကတော့ ယခုလို ရောဂါကူးစက်မှုမြင့်တက်လာခြင်းက ကျန်းမာရေးစောင့်ရှောက်မှုစနစ်များအား မည်သို့ဖိအားမျိုးဖြစ်စေမည်နည်းဟု ၎င်းက ဆိုသည်။

ကာကွယ်ဆေးမထိုးရသေးသောနိုင်ငံသားများအနေဖြင့် တတ်နိုင်သမျှအမြန်ဆုံးကာကွယ်ဆေးထိုးနှံကြရန် နှင့် ယခုအခါတွင် အီးယူနိုင်ငံများ၌ အမျိုးမျိုးသောနည်းပညာများ အသုံးပြုထားသော COVID-19 ကာကွယ်ဆေးငါးမျိုးကို ခွင့်ပြုထားပြီးဖြစ်ကြောင်း EMA က အလေးပေးပြောကြားခဲ့သည်။

“ကာကွယ်ဆေးထိုးပြီးနောက် ကိုယ်ခံအားတုံ့ပြန်မှုက Omicron BA2 ဗိုင်းရပ်စ်ကို သိသိသာသာ ထူးခြားစေသလားဆိုတာကတော့ လတ်တလောမှာ အထောက်အထား မရှိသေးပါဘူး။ ကာကွယ်ဆေးတွေက ဆေးရုံတက်ရောက်ရခြင်းနဲ့ သေဆုံးခြင်းတွေကိုတော့ မြင့်မြင့်မားမား ဆက်ပြီးကာကွယ်ပေးနေပါတယ်’’ ဟု ၎င်းက ဆိုသည်။

EMA မှ အခြေအနေအရ ဈေးကွက်တင်သွင်းရောင်းချခွင့်ရရှိထားသည့် ကာကွယ်ဆေးများမှာ Pfizer/BioNtech ၊ Moderna ၊ AstraZeneca ၊ Janssen နှင့် Novavax တို့မှ ထုတ်လုပ်သော ကာကွယ်ဆေးများဖြစ်ကြောင်း သိရသည်။ (Xinhua)
————————-
Omicron BA2 subvariant spreading as EU countries lift COVID-19 restrictions: EMA
BRUSSELS, March 17 (Xinhua) — Cases of Omicron BA2, a COVID-19 subvariant, are rising across the European Union (EU), the European Medicines Agency (EMA) said on Thursday.
“While many EU countries are lifting restrictions, we notice that the infection rates are increasing again in some member states, partly because of the circulation of Omicron BA2, which seems to be more transmissible than other variants,” Marco Cavalieri, head of the EMA’s strategy on biological health threats and vaccines, told journalists here.
What matters the most, he said, is how this increase in cases will stress the healthcare systems.
The EMA called non-vaccinated citizens to get jabbed as soon as possible, emphasizing that there are now five COVID-19 vaccines authorized in the EU using different technologies.
“There is currently no evidence that immune response after vaccination is significantly different with Omicron BA2. Vaccines continue to offer high protection against hospitalization and death,” he said.
The vaccines that have received conditional marketing authorization from the EMA are those produced by Pfizer/BioNtech, Moderna, AstraZeneca, Janssen and Novavax. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.