Connect with us

Europe

အောကပ်စ် (AUKUS) သဘောတူညီချက်အပေါ် စိုးရိမ်မိကြောင်းနှင့် ရှင်းရှင်းလင်းလင်းလုပ်ဆောင်ရန် အီးယူခေါင်းဆောင်များ တောင်းဆို

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံများက အောကပ်စ် (AUKUS) လုံခြုံရေးမိတ်ဖက်ဆက်ဆံရေးအသစ် ထူထောင်လိုက်ခြင်းဖြင့် ပြင်သစ်နိုင်ငံအပေါ် ပြုမူလိုက်သောနည်းလမ်းသည် “လက်သင့်ခံနိုင်ဖွယ်မရှိကြောင်း” ပြောကြားခဲ့သည်။ဥရောပကော်မရှင် အကြီးအကဲက CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုအတွင်း ၎င်း၏ စိုးရိမ်ပူပန်မှုကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်ကို ဖြေရှင်းချက်ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (ဝဲ) က ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen အား ပဲရစ်မြို့ရှိ Elysee နန်းတော်၌ ကြိုဆိုနေသည်ကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဖြေဆိုရမယ့် မေးခွန်းတွေအများကြီးရှိနေပါတယ်။ ကျွန်မတို့ရဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ အခုလိုပြုမူခံလိုက်ရတာဟာ လက်သင့်ခံနိုင်ဖွယ်မရှိပါဘူး။ ဒါကြောင့် ဘာအကြောင်းနဲ့ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ကျွန်မတို့ သိလိုပါတယ်။ ပြီးတော့ ပုံမှန်စီးပွားရေးတွေ ဆက်ပြီးမလုပ်ဆောင်မီ သင်တို့အနေနဲ့ ပထမဆုံး ရှင်းရှင်းလင်းလင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်” ဟု von der Leyen က ပြောခဲ့သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel (ယာ) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (ဝဲ) တို့က အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန် (လယ်) အား ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ အီးယူရုံးချုပ်တွင် ဇွန် ၁၅ ရက်က ကြိုဆိုနေစဉ် (ဆင်ဟွာ)

အဆိုပါ သဘောတူညီချက်အား အမေရိကန်နှင့် ဗြိတိန် နိုင်ငံများက မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဩစတြေးလျနိုင်ငံနှင့် နျူကလီးယား ရေငုပ်သင်္ဘောနည်းပညာ မျှဝေသွားမည်ဖြစ်သည်။

ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ကလည်း အောကပ်စ် သဘောတူညီချက်နှင့်ပတ်သက်၍ စိုးရိမ်းမှုရှိကြောင်း၊ အင်ဒို-ပစိဖိတ်ဒေသတွင် မဟာဗျူဟာမြောက်သဘောတူညီချက်အသစ် ကြိုးပမ်းအားထုတ်ရာတွင် ပြင်သစ်နှင့် အခြားဥရောပမိတ်ဖက်နိုင်ငံများအပေါ် အဘယ်ကြောင့်လှည့်စားခဲ့သည်ကို ဘိုင်ဒန်ထံမှ ဖြေရှင်းချက် တောင်းဆိုထားကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် (ဝဲ) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်တို့စကားပြောနေသည်ကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Andrew Parsons/No 10 Downing Street/Handout via Xinhua)

“အောကပ်စ် လုံခြုံရေးမိတ်ဖက်နိုင်ငံဆက်ဆံရေးက မဟာဗျူဟာမြောက်အကျိုးစီးပွားဒေသတစ်ခုမှာ အီးယူ ဘုံချဉ်းကပ်မှုအတွက် လိုအပ်ချက်ကို ထပ်မံသရုပ်ဖော်ပြသလိုက်ခြင်းဖြစ်ပါတယ်။ အားကောင်းတဲ့ အီးယူ အင်ဒို-ပစိဖိတ်မဟာဗျူဟာက ပိုမိုလိုအပ်နေပါတယ်” ဟု ၎င်းက လူမှုမီဒီယာပေါ်၌ ရေးသားဖော်ပြခဲ့သည်။

၎င်းက “ဂျိုးဘိုင်ဒန် အစိုးရသစ်အနေနဲ့အတူ အမေရိကန်ပြန်ရောက်လာပါပြီ” ဟု ကုလသမဂ္ဂ အထွေထွေညီလာခံ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံတကာစားပွဲဝိုင်းပေါ် ပြန်လည်ရောက်ရှိလာသလားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

“အမေရိကန် ပြန်လာတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ အမေရိကန်က အမေရိက သို့မဟုတ် အခြားနေရာမှာ ပြန်ရောက်လာတာလား။ ကျွန်တော်တို့လည်း မသိဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံသည် အမေရိကန်နှင့် ဗြိတိန် နိုင်ငံများမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ခွင့်ရရှိနိုင်မည့်အပေါ် ပြင်သစ်နိုင်ငံနှင့် ဘီလီယံချီတန်သော သဘောတူစာချုပ်အား ပယ်ဖျက်လိုက်ပြီးနောက် အမေရိကန်က “သစ္စာမဲ့ခြင်း” ကို အထင်အရှားပြသခဲ့ခြင်းဖြစ်ကြောင်း Michel က ကုလသမဂ္ဂတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“မဟာမိတ်တွေအတွက် အခြေခံစည်းမျဉ်းတွေဟာ ပွင့်လင်းမြင်သာမှုနဲ့ ယုံကြည်စိတ်ချရပြီး အတူတကွလုပ်ဆောင်ရမှာပါ။ပြီးတော့ ကျွန်တော်တို့ ဘာတွေသတိထားစောင့်ကြည့်နေတာလဲ။ ကျွန်တော်တို့တွေ ပွင့်လင်းမြင်သာမှုနဲ့ သစ္စာရှိမှု ကင်းမဲ့တာကို ရှင်းရှင်းလင်းလင်းသိဖို့ စောင့်ကြည့်နေပါတယ်” ဟု Michel က သတင်းထောက်များအား ပြောခဲ့သည်။

“ဥရောပအနေနဲ့ အဲဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိရဖို့လိုပါတယ်။ ပြီးတော့ကိုယ်ပိုင် ကာကွယ်ဆောင်ရွက်နိုင်စွမ်းတွေ တည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian ကလည်း အီးယူနိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံက ၎င်း၏မဟာမိတ်များအပေါ် မထီမဲ့မြင်ပြုမှုနဲ့ပတ်သက်ပြီး စိုးရိမ်နေကြကြောင်း နယူးယောက်၌ စက်တင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။

“ဥရောပအနေနဲ့ အမေရိကန်က ရွေးချယ်ထားတဲ့မဟာဗျူဟာ ပယ်ဖျက်မှုတွေ ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ဒီစိတ်ခံစားမှုအသစ်ရှိပါတယ်။ ဆိုလိုတာက ဥရောပအဖွဲ့ဝင်နိုင်ငံများဟာ သူတို့ရဲ့ ကိုယ်ပိုင်မဟာဗျူဟာအရေးတွေကို ခွဲခြားသိရမှာဖြစ်ပြီး ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်”

အီးယူ နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borrell ကလည်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne နှင့် တွေ့ဆုံစဉ် အောကပ်စ်အပေါ် ညှိနှိုင်းဆွေးနွေးမှုမပြုလုပ်ခဲ့ခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများနှင့် ပတ်သက်၍ မေးမြန်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

EU leaders express dismay at AUKUS deal, demand clarifications

BRUSSELS, Sept. 21 (Xinhua) — European Commission President Ursula von der Leyen has described as “unacceptable” the way France was treated by Australia, Britain and the United States in their newly established security partnership AUKUS.

The European Commission chief expressed her dismay during an interview with CNN, in which she demanded explanations from U.S. President Joe Biden.

“There are a lot of open questions that have to be answered,” von der Leyen said. “One of our member states has been treated in a way that is not acceptable, so we want to know what happened and why. And therefore you first clarify that before you keep going with business as usual.”
The deal was signed recently by the United States and Britain which will share nuclear submarine technology with Australia.

European Council President Charles Michel also expressed concerns about the AUKUS agreement, demanding an explanation from Biden on why he misled France and other European partners in forging the new strategic agreement in the Indo-Pacific.

He took to social media to say: “The AUKUS security partnership further demonstrates the need for a common EU approach in a region of strategic interest. A strong EU Indo-Pacific strategy is needed more than ever.”

He then told reporters at the UN General Assembly: “With the new Joe Biden administration, America is back.” This was interpreted as questioning whether the U.S. had returned to the international table.

“What does it mean America is back? Is America back in America or elsewhere? We do not know,” he added.

Michel told journalists at the UN on Monday that the U.S. had demonstrated “lack of loyalty” after Australia cancelled the multi-billion-dollar deal with France on nuclear-powered submarines which it will now obtain from the U.S. and Britain.

“The elementary principles for allies are transparency and trust, and it goes together. And what do we observe? We are observing a clear lack of transparency and loyalty,” Michel told reporters.
He added that the Europeans need clarifications on this deal and would step up efforts to build their own defensive capabilities.
French Foreign Minister Jean-Yves Le Drian said in New York on Monday that all EU countries should be worried about the contempt the United States has shown to its allies.
“Europeans must not be the rejections of the strategy chosen by the United States,” said Le Drian. “We are in this new state of mind, which means that the Europeans must identify their own strategic issues and discuss with the United States on this subject.”
Even EU foreign affairs chief Josep Borrell said he also met with his Australian counterpart Marise Payne in a planned meeting during which he inquired about the reasons behind the lack of prior consultation on AUKUS. ■
1-Flags of the EU fly in front of the headquarters of the European Commission in Brussels, Belgium, June 29, 2020. (Xinhua/Zhang Cheng)
2-French President Emmanuel Macron (L) welcomes European Commission President Ursula von der Leyen at the Elysee Palace in Paris June 23, 2021. (Xinhua/Gao Jing)
3-European Council President Charles Michel (R) and European Commission President Ursula von der Leyen (L) welcome U.S. President Joe Biden (C) at the EU headquarters in Brussels, Belgium, on June 15, 2021. (European Union/Handout via Xinhua)
4-British Prime Minister Boris Johnson (L) talks with U.S. President Joe Biden after their meeting in Carbis Bay, Cornwall, Britain, on June 10, 2021. (Andrew Parsons/No 10 Downing Street/Handout via Xinhua)