Connect with us

Europe

ဩစတြေးလျ ၊ မလေးရှား ၊ စင်္ကာပူ ၊ တောင်အာဖရိကနိုင်ငံတို့က နိုင်ငံတကာငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးများ စမ်းသပ်သုံးစွဲမည်

ကွာလာလမ်ပူ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

ဩစတြေးလျ ၊ မလေးရှား ၊ စင်္ကာပူ ၊ တောင်အာဖရိကနိုင်ငံတို့ရှိ ဗဟိုဘဏ်များသည် နိုင်ငံတကာငွေပေးချေမှုများအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးများ(CBDCs) အသုံးပြုခြင်းကို စမ်းသပ်ရန် ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါဗဟိုဘဏ်များက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။Innovation Hub’s Singapore စင်တာက ဦးဆောင်သော ယင်းစီမံကိန်းသည် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးများ(CBDCs) အမျိုးမျိုးကို အသုံးပြု၍ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများအတွက် လမ်းကြောင်းများကို ခွဲဝေသည့် ရှေ့ပြေးပုံစံ ဖွံ့ဖြိုးရန် ရည်ရွယ်ကြောင်း နိုင်ငံတကာငွေပေးချေမှု ဆန်းသစ်ပြောင်းလဲမှု အချက်အခြာ ဘဏ် ၊ ဩစတြေးလျနိုင်ငံ Reserve ဘဏ် ၊ မလေးရှားနိုင်ငံ Negara ဘဏ် ၊ စင်္ကာပူနိုင်ငံ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့ နှင့် တောင်အာဖရိကနိုင်ငံ Reserve ဘဏ်တို့မှ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။

အဆိုပါ အမျိုးမျိုးသော ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး လမ်းကြောင်းများသည် ပါဝင်သော ဗဟိုဘဏ်များက ထုတ်ပြန်သည့် ဒီဂျစ်တယ်ငွေကြေးများတွင် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများအကြား အပြန်အလှန် တိုက်ရိုက် အရောင်းအဝယ် ပြုလုပ်ရန် ခွင့်ပြုသွားမည် ဖြစ်ကြောင်း ၊ ကြားခံလူများ လိုအပ်ချက်ကို ဖယ်ရှားခြင်း နှင့် အရောင်းအဝယ်အတွက် အချိန် နှင့် ကုန်ကျစရိတ်အား ဖြတ်တောက်နိုင်မည် ဖြစ်ကြောင်း ယင်းဘဏ်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းစီမံကိန်းသည် ကွဲပြားခြားနားသော စာရင်းစာအုပ်နည်းပညာလမ်းကြောင်းများ ခန့်ခွဲမှုပေါ်တွင် နည်းပညာရှေ့ပြေးပုံစံများ ဖွံ့ဖြိုးရန် မိတ်ဖက်များစွာနှင့်အတူ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ဗဟိုဘဏ်များအား ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး(CDBC) အခြေခံအဆောက်အအုံများ မျှဝေနိုင်စေမည့် ကွဲပြားခြားနားသည့် အုပ်ချုပ်မှု နှင့် လည်ပတ်မှုပုံစံများအား လေ့လာနိုင်မည် ဖြစ်ပြီး မတူညီသော တရားစီရင်ပိုင်ခွင့်များ နှင့် လုပ်ငန်းဆောင်ရွက်သည့်နယ်ပယ်များတွင် အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍ ကျွမ်းကျင်ပညာရှင်များအကြား ပူးပေါင်းဆောက်ရွက်ခြင်းမှ အကျိုးကျေးဇူး ရရှိနိုင်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ (Xinhua)

————————————————-
(English Version)

Australia, Malaysia, Singapore, South Africa to test central bank digital currencies for int’l settlements

KUALA LUMPUR, Sept. 2 (Xinhua) — Central banks in Australia, Malaysia, Singapore and South Africa will join forces to test the use of central bank digital currencies (CBDCs) for international settlements, the banks said on Thursday.

Led by the Innovation Hub’s Singapore Center, the project aims to develop prototype shared platforms for cross-border transactions using multiple CBDCs, said a statement from the Bank for International Settlements Innovation Hub, the Reserve Bank of Australia, Bank Negara Malaysia, Monetary Authority of Singapore and South African Reserve Bank.
According to them, these multi-CBDC platforms will allow financial institutions to transact directly with each other in the digital currencies issued by participating central banks, eliminating the need for intermediaries and cutting the time and cost of transactions.

They also said the project will work with multiple partners to develop technical prototypes on different distributed ledger technology platforms.
It will also explore different governance and operating designs that would enable central banks to share CBDC infrastructures, benefitting from the collaboration between public and private sector experts in different jurisdictions and areas of operation, they added. Enditem

Photo -A cyclist cycles at the Merlion Park in Singapore’s Marina Bay on Aug. 11, 2021. Singapore’s Ministry of Trade and Industry (MTI) announced on Wednesday that it upgraded Singapore’s GDP growth forecast for 2021 to 6-7 percent from 4-6 percent, in view of Singapore’s better-than-expected economic performance in the first half of the year, as well as the latest external and domestic economic developments. (Photo by Then Chih Wey/Xinhua)