Connect with us

China

၁၁၂ ကြိမ်မြောက် မဲခေါင်းမြစ်ပူးတွဲကင်းလှည့်ခြင်း ပြီးစီး

တရုတ်၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံမှ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးတွဲကင်းလှည့်ယာဉ်များ လန်ချန်း-မဲခေါင်မြစ်တွင် ခုတ်မောင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း နိုင်ငံတို့သည် ၁၁၂ ကြိမ်မြောက် မဲခေါင်မြစ်ပူးတွဲကင်းလှည့်ခြင်းအား ဒီဇင်ဘာ ၁၃ ရက်က ပြီးဆုံးခဲ့ပြီး တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၄ စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ရှိ ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တရားဥပဒေစိုးမိုးရေးထိန်းသိမ်းသူများနှင့် ယာဉ် ၆ စင်းပါဝင်သော ပူးတွဲကင်းလှည့်ခြင်းသည် ကီလိုမီတာ ၆၀၀ ကျော် ခုတ်မောင်းသွားလာခဲ့ကြောင်း ယူနန်ပြည်နယ်ဆိုင်ရာ ပြည်သူ့လုံခြုံရေးဌာနက ပြောကြားခဲ့သည်။

ကင်းလှည့်နေစဉ် လေးနိုင်ငံတို့သည် မြစ်ဝှမ်း လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် အဓိကရေပြင်တွင် တရားဥပဒေစိုးမိုးရေးလှုပ်ရှားဆောင်ရွက်မှုများ ပူးတွဲဆောင်ရွက်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် လန်ချန်မြစ်ဟုခေါ်တွင်သော မဲခေါင်မြစ်သည် နယ်စပ်ဖြတ်ကျော် သင်္ဘောဖြင့်တင်ပို့ခြင်းအတွက် အဓိကရေလမ်းကြောင်းတစ်ခု ဖြစ်သည်။

ဒီဇင်ဘာ ၁၀ ရက်၌ စတင်ခဲ့သော ၁၁၂ ကြိမ်မြောက် ကင်းလှည့်ခြင်းသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှစ၍ လေးနိုင်ငံက စတင်ဆောင်ရွက်ခဲ့သော ၁၀ နှစ်မြောက် နှစ်ပတ်လည်လည်းဖြစ်သည်။ ဆယ်စုနှစ်အတွင်း မဲခေါင်မြစ်ဝှမ်းရှိ လုံခြုံရေး အခြေအနေသည် သိသိသာသာ တိုးတက်လာခဲ့ပြီး အဓိကအားဖြင့် တည်ငြိမ်ရေးကိုလည်း ဆက်လက်ရှိနေကြောင်း ယင်းဌာနအရ သိရသည်။ (Xinhua)

…………………………………….
(English Version)
112th Mekong River joint patrol completed
Source: Xinhua| 2021-12-13 20:40:27|Editor: huaxia
KUNMING, Dec. 13 (Xinhua) — The 112th joint Mekong River patrol by China, Laos, Myanmar and Thailand concluded Monday, with four Chinese law-enforcement vessels returning to port in southwest China’s Yunnan Province.
The joint patrol, which had 107 law enforcers and six vessels, sailed over 600 km, the Yunnan provincial public security department said.
During the patrol, the four countries carried out joint law enforcement activities in key waters of the river in an effort to ensure security and stability of the river basin.
The Mekong River, or Lancang River in China, is a vital waterway for cross-border shipping.
The 112th patrol, which began on Dec. 10, also marks the 10th anniversary of the joint operation launched by the four countries on Dec. 10, 2011. Over the decade, the security situation in the Mekong River basin has improved significantly and remains largely stable, according to the department. Enditem
File photo shows joint patrol vessels with law enforcement personnel from China, Thailand, Laos and Myanmar, sail on the Lancang-Mekong River. (Xinhua/Chen Haining)