Connect with us

Asia

၁၁၄ ကြိမ်မြောက် မဲခေါင်မြစ်ပူးတွဲကင်းလှည့်ခြင်း စတင်

လာအိုနိုင်ငံ Muang Mo ပင်လယ်ရေပြင်၌ တရုတ်တရားဥပဒေစိုးမိုးရေးရေယာဉ်တစ်စင်းအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

တရုတ် ၊ လာအို ၊ မြန်မာ နှင့် ထိုင်း နိုင်ငံတို့မှ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ၁၀၉ ကြိမ်မြောက် မဲခေါင်မြစ်အတွင်း ပူးတွဲကင်းလှည့်ခြင်းကို ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။တရုတ်ရေယာဉ်များသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်းဟားဆိပ်ကမ်းမှ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီတွင် ထွက်ခွာသွားခဲ့ကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန ပြန်ကြားရေးရုံးထံမှ သိရသည်။

နိုင်ငံလေးနိုင်ငံမှ ရေယာဉ် ၅ စင်းသည် ယခုပူးတွဲကင်းလှည့်လှုပ်ရှားဆောင်ရွက်မှုအတွင်း ၄ ရက် ၃ ညတာ ကြာမြင့်မည်ဖြစ်ကာ စုစုပေါင်းအကွာအဝေး ၆၀၀ ကီလိုမီတာကျော် မောင်းနှင်သွားလာရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးဌာနများသည် ၂၀၂၁ ခုနှစ်အတွင်း ပုံစံအမျိုးမျိုးဖြင့် အမှုပေါင်း ၈,၃၂၅ ခုကို နှိမ်နှင်းခဲ့ကြောင်း ၊ မဲခေါင်မြစ်ကြောင်းတစ်လျှောက် နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ၃၄ ဒသမ ၄ တန် သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုဆိုင်ရာသံသယရှိသူ ၈,၀၄၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

မဲခေါင်မြစ် သို့မဟုတ် တရုတ်နိုင်ငံ၌ လန်ချန်းမြစ်သည် နယ်စပ်ဖြတ်ကျော် သင်္ဘောသွားလာရေးအတွက် အဓိက ရေလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————-

(English Version)

114th Mekong River joint patrol begins

KUNMING, Feb. 22 (Xinhua) — Law-enforcement authorities from China, Laos, Myanmar, and Thailand joined forces on Tuesday for the 114th Mekong River joint patrol.

The Chinese vessels departed at 9 a.m. Tuesday from Jingha Port in Xishuangbanna Dai Autonomous Prefecture, southwest China’s Yunnan Province, said the press office of Yunnan provincial public security department.

Five vessels from the four countries will navigate over 600 km in four days and three nights during the latest joint operation.

Law-enforcement departments from the countries cracked 8,325 cases of various types in 2021 while arresting 8,043 criminal suspects and seizing 34.4 tonnes of drugs in the border areas along the Mekong River.
The Mekong River, or the Lancang River in China, is a vital waterway for cross-border shipping. ■
Photo – A Chinese law enforcement vessel leaves the waters of Muang Mo of Laos upon completion of its mission, on Nov. 21, 2019. (Xinhua/Wu Han)