Connect with us

Culture & Entertainment

၁၇ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော် ဝူဟန်မြို့၌ ကျင်းပပြီးစီး

ဝူဟန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

၁၇ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်ကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲပေပြည်နယ် မြို့တော် ဝူဟန်တွင် အောက်တိုဘာ ၂၇ ရက်က ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၉ ရက်က စတင်ကျင်းပသည့် ပွဲတော်တွင် ပီကင်းအော်ပရာ၊ Kunqu အော်ပရာ၊ ဒရာမာပြဇတ်နှင့် ကလေးပြဇာတ်များ အပါအဝင် စုစုပေါင်းပြဇာတ် ၃၁ ပုဒ်ကို ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လက်ရာများ နှင့် နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် COVID-19 တိုက်ဖျက်ရေး အကြောင်းများကို စုစည်းတင်ဆက်သည့် လက်ရာများမှာ ပရိသတ် အများအပြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်းသိရသည်။

၁၉၈၈ ခုနှစ် တွင် ၎င်းပွဲတော်ကို ပထမဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး မတူညီသော တရုတ်နိုင်ငံရှိမြို့များ၌ နှစ်နှစ်တစ်ကြီမ်ကျင်းပကြောင်း သိရသည်။ ၁၈ ကြိမ်မြောက် တရုတ်ပြဇာတ်ပွဲတော်ကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန်း ပြည်နယ်၏ မြို့တော် ဟန်ကျိုး တွင် ကျင်းပမည်ဖြစ်သည်။ (Xinhua)

————————————————
(English Version)
17th China Theater Festival concludes in Wuhan

WUHAN, Oct. 27 (Xinhua) — The 17th China Theater Festival, a Chinese national performing arts event, concluded Wednesday in the capital of central China’s Hubei Province, Wuhan.
A total of 31 plays of various genres, including Peking Opera, Kunqu Opera, drama, and children’s plays, were performed at the festival, which kicked off on Oct. 9.

Works that mark the 100th anniversary of the founding of the Communist Party of China and a collection of works featuring the country’s anti-poverty and COVID-19 battles drew large audiences.
Founded in 1988, the festival is held in a different Chinese city every other year. The 18th China Theater Festival will take place in Hangzhou, the capital of east China’s Zhejiang Province, in 2023. Enditem