Connect with us

COVID-19 UPDATES

၂၀၂၂ ခုနှစ်တွင် COVID-19 ရောဂါ အဆုံးသတ်ရမည်ဟု WHO ပြော

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အလှဆင်မီးပန်းများရှေ့တွင် ဓာတ်ပုံရိုက်နေသော မိန်းကလေးတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘာကြီးသည် လာမည့်နှစ်အတွင်း COVID-19 ကပ်ရောဂါကို အဆုံးသတ်ရေး အတူတကွ ဆောင်ရွက်သွားကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။
“၂၀၂၂ ခုနှစ်က ကပ်ရောဂါကို ကျွန်တော်တို့ အဆုံးသတ်ရမယ့်နှစ်ဖြစ်ရမယ်” ဟု ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက ပြောကြားခဲ့သည်။

နှစ်ကုန်ပိုင်းမှာ ပျော်ရွှင်မှုများနှင့်အတူ “ကျွန်တော်တို့အားလုံးလည်း ပုံမှန်အခြေအနေဆီကို ပြန်သွားချင်ကြပါပြီ” ဟု WHO က ပြောကြားခဲ့ပြီး “အခု ကျွန်တော်တို့ကိုယ်တိုင် ကာကွယ်ဖို့လိုပါပြီ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

အိုမီခရွန် (Omicron) ဗီဇပြောင်းဗိုင်းရပ်စ်အား တောင်အာဖရိကတွင် ပထမဆုံးတွေ့ရှိချိန်မှစ၍ နိုင်ငံပေါင်းများစွာ၌ တွေ့ရှိခဲ့ရကြောင်း၊ အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်အသစ်သည် ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ်ထက် ပိုမိုဆိုးဝါးခြင်းမရှိသော်လည်း ပိုမိုကူးစက်လွယ်ကြောင်းနှင့် ကာကွယ်ဆေးအား ခံနိုင်ရည်ရှိကြောင်း WHO က ပြောခဲ့သည်။
ကာကွယ်ဆေးများ ရရှိမှုတွင် မျှတမှုမရှိခြင်းက “အကယ်၍ လာမယ့်နှစ်မှာ ကပ်ရောဂါကို ကျွန်တော်တို့ အဆုံးသတ်နိုင်မယ်ဆိုရင် မမျှတမှုကိုလည်း အဆုံးသတ်နိုင်မှာပါ” ဟု WHO က ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)
2022 must be year to end COVID-19, says WHO
2021-12-21 15:37:09
GENEVA, Dec. 21 (Xinhua) — The World Health Organization (WHO) on Monday called on the world to pull together to end the COVID-19 pandemic within the next year.
The UN health agency said, “2022 must be the year we end the pandemic.”
With festivities coming at the end of the year, “all of us want to get back to normal,” said the WHO, adding that “we need to protect ourselves now.”
Since the Omicron variant was first discovered in South Africa, it has been found in dozens of countries, said the organization, noting that the new variant is not more severe than the Delta variant, but is possibly more contagious and resistant to vaccines.
On the inequity in access to vaccines, the WHO said, “if we are to end the pandemic in the coming year, we must end inequity.” ■
Photo : A girl poses for photos in front of festive decorations in New York, the United States, Dec. 20, 2021. (Xinhua/Wang Ying)