Connect with us

Europe

၅၅ နှစ်ကြာ စောင့်ဆိုင်းခဲ့ပြီးနောက် ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း အောင်ပွဲခံနိုင်မလား

အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်အသင်း(အဖြူ)နှင့် ဂျာမနီအသင်း(အနက်) တို့၏ ၁၆ သင်းရှုံးထွက်ပွဲစဉ်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ယနေ့ တနင်္ဂနွေနေ့ ညမှာတော့ ယူရို၂၀၂၀ (Euro2020) ဗိုလ်လုပွဲအဖြစ် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးမှာ နိုင်ငံတကာပြိုင်ပွဲစုံ ၃၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ နာမည်ကျော် အီတလီအသင်း နဲ့ နိုင်ငံတကာ အဓိက ပြိုင်ပွဲတွေမှာ ၅၅ နှစ်ကြာပြီးမှ ဗိုလ်လုပွဲဆီသို့ တစ်ကြော့ပြန် ပြန်လည်ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင် ကစားကြတော့မှာပဲ ဖြစ်ပါတယ်။
ဝင်ဘလေကွင်းကြီးဟာဆိုရင်ဖြစ် ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းက ပြိုင်ဘက် ဂျာမနီအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရပြီး ဗိုလ်စွဲခဲ့တဲ့ အင်္ဂလိပ်တို့ရဲ့ အောင်မြေလည်းဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်အသင်း(အဖြူ)နှင့် ဂျာမနီအသင်း(အနက်) တို့၏ ၁၆ သင်းရှုံးထွက်ပွဲစဉ်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်အသင်း(အဖြူ)နှင့် ဂျာမနီအသင်း(အနက်) တို့၏ ၁၆ သင်းရှုံးထွက်ပွဲစဉ်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်အသင်း(အဖြူ)နှင့် ဂျာမနီအသင်း(အနက်) တို့၏ ၁၆ သင်းရှုံးထွက်ပွဲစဉ်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ ဇွန် ၂၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အင်္ဂလန်အသင်း(အဖြူ)နှင့် ဂျာမနီအသင်း(အနက်) တို့၏ ၁၆ သင်းရှုံးထွက်ပွဲစဉ်မြင်ကွင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အကြိုဗိုလ်လုပွဲစဉ်အဖြစ် ဒိန်းမတ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး ဗိုလ်လုပွဲသို့ ရောက်ရှိလာခဲ့လို့ ၁၉၉၀ ပြည့်နှစ် နဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွေ နဲ့ ၁၉၉၆ ခုနှစ် ဥရောပချန်ပီယံ ဖလားပြိုင်ပွဲတွေမှာ အကြိုဗိုလ်လုပွဲအဆင့်က လှည့်ပြန်ခဲ့ရတဲ့ အစဉ်အလာတစ်ခုကို ခြေဖျက်နိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဂယ်ရီဆောက်ဂိတ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက လူငယ်အသင်းနည်းပြအဖြစ် လက်ရွေးစင်အသင်းကို စတင် ကိုင်တွယ်ခဲ့သူဖြစ်ပြီး အခုလို အဓိကပြိုင်ပွဲတစ်ခုမှာ သူ့ကစားသမားတွေ အောင်မြင်မှုရရှိအောင် အလုပ်နဲ့သက်သေပြခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အကောင်းဆုံးရလဒ်ထွက်ပေါ်အောင်စွမ်းဆောင်ထားနိုင်ခဲ့သလို စတာလင်း ၊ မေဆန်မောက် နဲ့ ဟယ်ရီကိန်းစတဲ့ အဓိက ကစားသမားတွေရဲ့ တိုက်စစ်အစွမ်းနဲ့ ပွဲစဉ်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်လာခဲ့တာပါ။

ဆောက်ဂိတ်ဟာ ဂျာမနီအသင်းအပေါ် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ အံ့အားသင့်ဖွယ် သူ့ရဲ့ နည်းစနစ်ပိုင်းကျွမ်းကျင်မှုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ နောက်တန်းခံစစ် သုံးဦး အထိုင်ပုံစံနဲ့ အဖျက်ကစားသမား တစ်ဦးထားပြီး ဘေးတစ်ဖက်တစ်ချက်စီကနေ တောင်ပံကစားသမားနှစ်ဦးရဲ့ ပြေးအားနဲ့ ရှေ့တန်းအထိ လိုက်ပါ တိုက်စစ်ဆင်တဲ့ ကစားကွက်အခင်းအကျင်းကို အသုံးပြုခဲ့တာပါ။ ဒါပေမယ့် ယူကရိန်းနဲ့ ပွဲစဉ်မှာတော့ သူတို့ဟာ အသင်းရဲ့တိုက်စစ်စွမ်းရည်ကို ပြသခဲ့ပြီး ၄ ဂိုး ဂိုးမရှိ ပြတ်သားတဲ့ ရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အကြိုဗိုလ်လုပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ ဒိန်းမတ်အသင်းဟာ အင်္ဂလန်အသင်းအတွက် ခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပြီး အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းဟာ အငြင်းပွားဖွယ် ပင်နယ်တီရခဲ့သလို အဲဒီပင်နယ်တီကတဆင့်ပဲ တိုက်စစ်မှူးကိန်းက အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် အဲဒီပွဲစဉ် ပထမပိုင်း ၄၅ မိနစ်အပြီးမှာတော့ ပြိုင်ပွဲတစ်လျှောက်လုံး ကို အင်္ဂလန်အသင်းက စိုးမိုးထားပြီး ဒိန်းမတ်အသင်းထက် ခြေစွမ်းပိုင်းပိုကောင်းကြောင်း ပြသထားနိုင်ခဲ့ပါတယ်။ ဒိန်းမတ်ဂိုးသမား ကက်စ်ပါရှမိုက်ကယ် လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ဒိန်းမတ်အသင်းအနေနဲ့သက်သာရာရခဲ့တာပါ။

အခုအချိန်မှာတော့ သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူဖို့ အင်္ဂလန်အတွက် အခွင့်အလမ်းပေါ်နေပါပြီ ။ နည်းပြဆောက်ဂိတ်အနေနဲ့ သူ့ရဲ့အဓိကပွဲထွက်ကစားသမား ၁၁ ယောက်ကို အပြောင်းအလဲ ကြီးကြီးမားမား လုပ်မယ့်အရိပ်အယောင်တော့မရှိပါဘူး။ အီတလီတိုက်စစ်မှူးတွေဖြစ်တဲ့ လော်ရန်ဆို ၊ အင်မိုဘိုင် နဲ့ ဖက်ဒရီကိုဆီဆာ တို့ကို တားဆီးဖို့အတွက် ဆောက်ဂိတ်ကတော့ ခံစစ်သုံးဦးအထိုင် နဲ့ ကျစ်ကျစ်လစ်ပွဲထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

အီတလီအသင်းကတော့ နည်းပြမန်စီနီရဲ့ ခံစစ်အသားပေးပုံစံ နဲ့ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးခြေစွမ်းကို ပြသထားတာပါ။ ဒါပေမယ့် သူတို့ဟာ အကြိုဗိုလ်လုပွဲစဉ်မှာ စပိန်အသင်းကို ခက်ခက်ခဲခဲယှဉ်ပြိုင်အနိုင်ရပြီး အခုလို ဗိုလ်လုပွဲစဉ်ကို တက်ရောက်လာနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အခုဗိုလ်လုပွဲမှာတော့ အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ တစ်ပွဲပြီးတစ်ပွဲခြေစွမ်းပိုင်းတိုးတက်လာနေတဲ့သူ့ရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ဘယ်လို ပုံစံမျိုးနဲ့ ပွဲထုတ်လာမလဲဆိုတာရယ် ၊ တိုက်စစ်မှူးတွေဖြစ်တဲ့ မေဆန်မောက် ၊ စတာလင်း ၊ ဆာကို စတဲ့ကစားသမားတွေဟာ ရလာတဲ့ နေရာလွတ်တွေ မှာ ဘယ်လိုလျင်လျင်မြန်မြန်ဂိုးသွင်းယူမလဲ ဒါမှမဟုတ် ဖိုဒန် ၊ ဆန်ချို စတဲ့ ကစားသမားတွေကပဲ ဝင်ရောက်ခြေစွမ်းပြကြမလားဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။(Xinhua)

————————————
(English Version)
England look to end 55-year wait in Euro final
LONDON, July 10 (Xinhua) — Facing Italy on Sunday evening in the Euro 2020 final, England looks to end Italy’s 33-game unbeaten run and its 55-year wait for a major international football title.
Wembley was the venue when England won the 1966 World Cup, beating Germany 4-2.
England’s 2-1 win over Denmark on Wednesday ended a run of semifinal defeats in the World Cup in 1990 and 2018 and in the 1996 European Championships.
England coach Gareth Southgate has developed a young side since 2018, working on showing his players to develop and grow into a major tournament and England have done just that.
They began their campaign with solid, if unspectacular performances in the group stage, built on being tough to score against, but with players such as Raheem Sterling and Mason Mount and Harry Kane able to produce a moment of magic in attack.
He was pragmatic as they beat Germany 2-0 in the last 16 showing he can adapt his system forms a three-man defense, to one with three central defenders and two wing-backs, but they England showed they can attack with a 4-0 quarter-final thrashing of Ukraine.
Denmark were tough rivals in the semi-finals and there is still controversy over the penalty that allowed Kane to score the winning goal, but there is also no doubt that after a difficult first 45-minutes England were the better side, with Denmark keeper, Kasper Schmeichel keeping his side in the game.
Now comes the chance to make history again and Southgate is unlikely to make too many changes to his starting 11. There is a chance he could return to three at the back to frustrate an impressive Italian attack of Lorenzo Insigne, Ciro Immobile and Federico Chiesa, who scored their goal against Spain in the last 4.
Italy have looked good throughout the competition, with coach Roberto Mancini swapping their defensive game for a more expansive style of football, but they found it hard to deal with Spain’s high pressing game.
Southgate’s decision will be whether to try and repeat the Spanish tactic or to rely on pace on the break, with Kane, who has improved as the competition has progressed, dropping deep to try and open space for the runs of Mason Mount, Sterling and Bukayo Sako or perhaps Phil Foden or Jadon Sancho, whose pace could be a factor if he starts. Enditem

England players performed during the Round of 16 match between England and Germany at the UEFA EURO 2020 in London, Britain, on June 29, 2021. (Xinhua/Han Yan)