Connect with us

North America

၉၄ ကြိမ်မြောက် အော်စကာဆုချီးမြှင့်ပွဲအခမ်းအနားအား ၂၀၂၂ ခုနှစ် မတ်လတွင် ကျင်းပမည်

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့၊ ဟောလီးဝုဒ်၌ ၉၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲအခမ်းအနားအတွက် Dolby ပြဇာတ်ရုံတွင် ပြင်ဆင်ထားသည့် အော်စကာရုပ်တု တစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျယ်လိစ် ၊ မေ ၂၈ ရက် (ဆင်ဟွာ)

အော်စကာဆုချီးမြှင့်ပွဲအဖြစ် လူသိများသည့် ၉၄ ကြိမ်မြောက်အကယ်ဒမီဆုချီးမြှင့်ပွဲအား ၂၀၂၂ ခုနှစ် မတ် ၂၇ ရက်သို့ တစ်လရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက မေ ၂၇ ရက်တွင် ကြေညာခဲ့သည်။

မူလက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျင်းပရန်စီစဉ်ထားသော အဆိုပါပွဲအား ABC ကုမ္ပဏီ၏ ထုတ်လွှင့်မှုများအတွက် လော့စ်အိန်ဂျယ်လိစ်မြို့ရှိ ဟောလိဝုဒ်တွင် Dolby ပြဇာတ်ရုံ၌ ပြန်လည်ကျင်းပမှာဖြစ်ကြောင်း ရုပ်ရှင်အနုပညာနှင့် သိပ္ပံအကယ်ဒမီအဖွဲ့နှင့် အမေရိကန် ရုပ်သံလွှင့်ကုမ္ပဏီ(ABC) က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ဟောလိဝုဒ်၏ အထင်ရှားဆုံးဆုပေးပွဲအခမ်းအနားအား မူလက ဖေဖော်ဝါရီ ၂၈ ရက် တွင်ကျင်းပရန် လျာထားသော်လည်း COVID-19 ဖြစ်ပွားလျက်ရှိသောကြောင့် ဧပြီ ၂၅ သို့ နှစ်လ နောက်ဆုတ်ခဲ့ကြောင်းသိရသည်။

၉၄ကြိမ်မြောက် အကယ်ဒမီဆုချီးမြှင့်ပွဲအတွက် အရည်အချင်းပြည့်မီသူများအား သုံးသပ်မှုကာလ၏ နောက်ဆုံးသတ်မှတ်ရက်ကိုလည်း ဒီဇင်ဘာ ၃၁ ရက်သို့ ပြန်လည်ပြောင်းရွှေ့သတ်မှတ်လိုက်ကြောင်း အကယ်ဒမီအဖွဲ့မှ ကြေညာခဲ့သည်။ အရည်အသွေးပြည့်မီသော ရုပ်ရှင်ဇာတ်ကားတစ်ကားအနေဖြင့် ၂၀၂၁ ခုနှစ် မတ် ၁ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အကြား ရုံတင်ပြီးဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။

“ယခုနှစ်သည် ကပ်ရောဂါ၏ သက်ရောက်မှုများရှိနေသေးသဖြင့် ၉၄ ကြိမ်မြောက် အကယ်ဒမီဆုချီးမြှင့်ခြင်းအတွက် အရည်အချင်းပြည့်မီမှုလိုအပ်ချက်များသည် ၉၃ ကြိမ်မြောက် အကယ်ဒမီဆုချီးမြှင့်ပွဲ ဖြည့်စွက်ချက်များအတိုင်း ဆက်လက်လုပ်ဆောင်သွားပါမည်’’ ဟု အကယ်ဒမီအဖွဲ့က မှတ်ချက်ပြုထားသည်။

၉၄ကြိမ်မြောက်ဆုချီးမြှင့်ပွဲ စည်းမျဉ်းစည်းကမ်း အပြည့်အစုံ နှင့် အထူးစွမ်းရည်ကဏ္ဍတင်ပြခြင်း နောက်ဆုံးရက်များအား ဇွန်လတွင် ကြေညာသွားမည်ဖြစ်ကြောင်း အကယ်ဒမီအဖွဲ့မှ သိရသည်။ (Xinhua)

————————————
(English Version)
94th Academy Awards ceremony scheduled for March 2022
LOS ANGELES, May 27 (Xinhua) — The 94th Academy Awards, also known as the Oscars, will be pushed back a month to March 27, 2022, organizers announced on Thursday.
The Academy of Motion Picture Arts and Sciences and the American Broadcasting Company (ABC) said in a press release that the show, originally scheduled for Feb. 27, 2022, will return to the Dolby Theatre in Hollywood in Los Angeles for ABC broadcasts.
In 2021, the Hollywood’s highest-profile award show was delayed two months from its originally scheduled date of Feb. 28 to April 25 due to the ongoing COVID-19 pandemic.
The Academy also announced that the eligibility period for 94th Academy Awards consideration will return to the standard Dec. 31 deadline. As such, a feature film must have a qualifying release date between March 1, 2021 and Dec. 31, 2021.
The Academy noted “This year, which is still impacted by the pandemic, eligibility requirements for the 94th Academy Awards will be consistent with the addendums made for the 93rd Awards season.”
Complete 94th Awards rules and specialty category submission deadlines will be announced in June, according to the Academy. Enditem
Photo- An Oscar statue is seen out of the Dolby Theatre during the preparations for the 92nd Academy Awards in Hollywood, Los Angeles, the United States, on Feb. 8, 2020. (Xinhua/Li Rui)