Connect with us

Europe

ယူကရိန်း၌ ဇီဝဓာတ်ခွဲခန်းများ တည်ဆောက်ထားခြင်းကို ဖြေရှင်းရန် အမေရိကန်အား ရုရှားတိုက်တွန်း

ယူကရိန်းနိုင်ငံ ကိဗ်မြို့တော် ကောင်းကင်ယံ၌ မီးခိုးများ ပြန့်လွင့်နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၌ အမေရိကန်က ငွေကြေးထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ဇီဝဓာတ်ခွဲခန်းများနှင့်ပတ်သက်သည့် ရည်ရွယ်ချက်များကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ဖြေရှင်းချက်ပေးရမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၉ ရက်တွင် တိုက်တွန်းတောင်းဆိုလိုက်သည်။“အမေရိကန်ဟာ အမျိုးမျိုးသော ဓာတု ၊ ဇီဝ ၊ ဘက်တီးရီးယား လက်နက်တွေကို ရှာဖွေပြီး ကမ္ဘာတစ်ဝန်းလုံးမှာ အမှန်တကယ်နယ်မြေ ကျူးကျော်သိမ်းပိုက်တာ ၊ ပြီးတော့လူတွေကို သတ်ဖြတ်တာ စတဲ့ သွေးထွက်သံယိုမှုရလဒ်တွေလုပ်ဆောင်ခဲ့တာကို နှစ်တွေဘယ်လောက်ပဲ ကြာကြာ ကျွန်တော်တို့ အမှတ်ရနေမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတစ်ခု၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဆိုသည်။

ကိဗ်(ယူကရိန်း)သည် အဆိုပါ ဇီဝဗေဒအစီအစဉ်များ၏ ခြေရာလက်ရာများကို မကြာသေးခင်က စတင်ဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သူ(မ) ကဆိုသည်။

“ယူကရိန်း ဇီဝဓာတ်ခွဲခန်းဝန်ထမ်းတွေဆီက ကျွန်မတို့လက်ခံရရှိထားတဲ့ သက်သေ အထောက်အထားစာရွက်စာတမ်းတွေအရ အထူးသဖြင့် ပလိပ်၊ ထောင့်သန်းနာ၊ tularemia ၊ ကာလဝမ်းရောဂါနဲ့ အခြား လူကိုသေစေနိုင်တဲ့ ရောဂါတွေလိုမျိုး အန္တရာယ်ရှိရောဂါဖြစ်ပွားစေတဲ့ ပစ္စည်းနမူနာတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ချက်ချင်းဖျက်ဆီးပစ်ရမယ်လို့ ဖော်ပြထားပါတယ်”ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဆိုသည်။

ထို့ပြင် ကရင်မလင်နန်းတော်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကလည်း မတ် ၉ ရက်တွင်ပြောကြားရာ၌ ယင်းကိစ္စရပ်မှာ အလွန်အရေးကြီးကြောင်း နှင့် တစ်ကမ္ဘာလုံးအနေဖြင့် ယင်းဓာတ်ခွဲခန်းများ၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိရှိလိုကြကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် အမျိုးမျိုးသော အမည်ဖြစ် ကမ္ဘာ့နိုင်ပေါင်း ၃၀ ရှိ ဇီဝဓာတ်ခွဲခန်းပေါင်း ၃၃၆ ခုကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————-
(English Version_

Russia urges U.S. to explain purpose of biological labs in Ukraine
MOSCOW, March 9 (Xinhua) — The Russian Foreign Ministry said Wednesday that Washington must explain to the international community the purpose of U.S.-funded biological laboratories in Ukraine.

“We remember for how many years and with what bloody results the United States searched for various types of chemical, biological, bacteriological weapons and so on all over the world, actually occupying lands and killing people,” the ministry’s spokesperson Maria Zakharova told a briefing.
She said that Kiev has recently begun erasing traces of these biological programs.

“We received documentation from Ukrainian employees at the biological laboratories on the urgent destruction of especially dangerous pathogens, plague, anthrax, cholera and other deadly diseases on Feb. 24,” she said.
Also on Wednesday, Kremlin spokesman Dmitry Peskov said this issue is of great importance and the whole world would like to know the purpose of these labs.
Under various names, the U.S. Department of Defense controls 336 biological laboratories in 30 countries.

Photo : Photo taken on Feb. 27, 2022 shows smoke rising in the sky in Kiev, Ukraine. (Xinhua/Lu Jinbo)