Connect with us

Europe

ရုရှားက လက်တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ပျံသန်းခွင့်ပိတ်ပင်

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Sheremetyevo နိုင်ငံတကာလေဆိပ်၌ ခရီးသည်များအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများအား ရုရှားနိုင်ငံ၏ လေပိုင်နက်အသုံးပြုခြင်းမှ ပိတ်ပင်လိုက်ကြောင်း လေကြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။ရုရှားလေကြောင်းလိုင်းများအပေါ် ဥရောပနိုင်ငံများ၏ ပိတ်ပင်မှုအား တုံ့ပြန်သည့်အနေဖြင့် နိုင်ငံ ၃၆ နိုင်ငံမှ လေကြောင်းလိုင်းများ၏ ပျံသန်းပြေးဆွဲမှုများအပေါ် ကန့်သတ်သည့် ယင်းလုပ်ဆောင်ချက်ကို စတင်ခဲ့ကြောင်း လေကြောင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါကန့်သတ်ချက်သည် ဗြိတိန် ၊ ဂျာမနီ ၊ စပိန် ၊ အီတလီ ၊ ကနေဒါ ၊ ပေါ်တူဂီ အပါအဝင် အခြားနိုင်ငံများမှ လေကြောင်းလိုင်းများအပေါ် သက်ရောက်မှု ရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————–
(English Version)

Russia bans flights for airlines from 36 countries in retaliatory move

MOSCOW, Feb. 28 (Xinhua) — Russia has banned airlines from 36 countries from using the country’s airspace, local media citing aviation authorities reported Monday.

As a response to the ban of European states on Russian air carriers, a restriction has been introduced on the operation of flights by air carriers from 36 countries, according to aviation authorities.

These restrictions will affect airlines from Britain, Germany, Spain, Italy, Canada and Portugal, among others. ■
Photo – Passengers walk at the Sheremetyevo International Airport in Moscow, Russia, on Aug. 1, 2020. (Photo by Alexander Zemlianichenko Jr/Xinhua)