Connect with us

International Organizations

ကုလသမဂ္ဂရှိ ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ရုရှားသံအမတ်ပြော

ကုလသမဂ္ဂဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး Vassily Nebenzia က ကုလသမဂ္ဂ ဌာနချုပ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် ယူကရိန်းအရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၁ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia က ကုလသမဂ္ဂ၌ သွားရောက်တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို ထုတ်ပယ်ရန် အမေရိကန်၏ ဆုံးဖြတ်ချက်အပေါ် စိတ်မသက်မသာဖြစ်ရကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။” ကုလသမဂ္ဂရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ နောက်ထပ်ရန်လိုတဲ့ခြေလှမ်းတစ်ရပ်အဖြစ် ရုရှားသံအမှုထမ်းတွေအပေါ် ဆန့်ကျင်တဲ့ခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်ခဲ့တယ်ဆိုတဲ့အကြောင်း ခင်ဗျားတို့ကို ကျွန်တော်အသိပေးပြောကြားလိုပါတယ် ၊ အခုကစလို , အတိအကျပါပဲ , ပြီးခဲ့တဲ့ တစ်နာရီက ရုရှားမစ်ရှင်အဖွဲ့ဝင် အမှုထမ်း ၁၂ ဦးကို ထုတ်ပယ်တဲ့အကြောင်း ကျွန်တော်တို့ဆီအသိပေးလာပါတယ်” ဟု ၎င်းက ဥက္ကဌအဖြစ် တာဝန်ယူထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု စတင်ချိန်တွင် Nebenzia ကထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် အိမ်ရှင် နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံက ကုလသမဂ္ဂဌာနချုပ်နေရာများနှင့် စပ်လျဥ်း၍ သဘောတူလက်မှတ်ရေးထိုးထားခြင်းအပေါ် “ နောက်ထပ် လက်ခံနိုင်စရာမရှိတဲ့ ချိုးဖောက်မှု” ဖြစ်ကြောင်း နှင့် ဗီယင်နာသဘောတူညီချက်ကို ချိုးဖောက်မှု ဖြစ်ကြောင်း Nebenzia ကဆိုသည်။

” သံခင်းတမန်ခင်း လိုအပ်မှု နဲ့ သံတမန်နည်းလမ်းနဲ့ အဖြေရှာမှုကို ကျွန်တော်တို့ ဆက်ပြောချင်ပါတယ်.တစ်ချိန်တည်းမှာပဲ ဒီလို အပြုအမူမျိုးကို ကန့်သတ်မယ့် ကျွန်တော်တို့ရဲ့ အခွင့်အရေးကို ဖော်ဆောင်သွားရပါမယ်” ဟု ၎င်းကဆိုသည်။

” ဒီဆုံးဖြတ်ချက်အပေါ် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်း စိတ်မသက်မသာ ဖြစ်ရပါတယ်၊ ပြီးတော့ ဒီဆုံးဖြတ်ချက်အပေါ် ဆက်စပ်အကြောင်းအရာထဲက ဘယ်လို လုပ်လို့ရမလဲဆိုတာ ကျွန်တောက်တို့ နည်းလမ်းရှာဖွေသွားမှာပါ” ဟု ၎င်းကဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ဒုတိယအမြဲတမ်းကိုယ်စားလှယ် Richard Mills က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ တာဝန်ထမ်းဆောင်နေသည့် ရုရှားသံအမှုထမ်း ၁၂ ဦးကို နိုင်ငံမှ ထွက်ခွါသွားရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ထိုသူများသည် ” သံတမန်တွေရဲ့ ကျင့်ဝတ်တာဝန်တွေနဲ့ မလျော်ညီတဲ့ သူတို့နဲ့မသက်ဆိုင်တဲ့ အလုပ်တွေကို လုပ်နေကြလို့ပါပဲ” ဟုဆိုသည်။

” သူတို့ဟာ ဒီနိုင်ငံ(အမေရိကန်)က ထွက်ခွါသွားရပါမယ် ၊ဒါမှ သူတို့ဟာ အိမ်ရှင်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို မထိခိုက်စေမှာပါ” ဟု Mills က ပြောကြားခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ်၏ တုန့်ပြန်ပုံကို မကျေနပ်ကြောင်းကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံအမြဲတမ်းကိုယ်စားလှယ် Vassily Nebenzia ကဆိုသည်။

ယူကရိန်းနိုင်ငံတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်နေစဥ် ရုရှားသံအမှုထမ်း ၁၂ ဦးအား နိုင်ငံမှ ထွက်ခွါသွားရန်အမေရိကန်၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။(Xinhua)

————————————-
(English Version)

Russian UN ambassador regrets U.S. decision to expel 12 members of his mission

UNITED NATIONS, Feb. 28 (Xinhua) — Russia’s permanent representative to the United Nations, Vassily Nebenzia, on Monday regretted a U.S. decision to expel 12 staff members of the Russian UN mission.

“I would like to inform you about yet another hostile step taken by the host country — a step against the Russian mission. Just now, literally, an hour ago, we were informed that from the Russian mission, 12 of its staff are being expelled,” said Nebenzia at the beginning of a Security Council meeting that he was chairing.

The decision is “yet another gross violation” of the UN Headquarters agreement signed by the United States as the host country, and of the Vienna Conventions, said Nebenzia.

“We keep being told about the need for diplomacy, diplomatic solutions. At the same time, our opportunities to conduct this kind of activity are being restricted,” he said. “We deeply regret this decision. And we’ll see how the events develop within the context of this decision.”

U.S. deputy permanent representative to the United Nations, Richard Mills, said the 12 staff members of the Russian mission were ordered to leave because they engaged in “activities that were not in accordance with their responsibilities and obligations as diplomats.”

“They have been given a request to depart this country so they do not harm the national security of the host country,” said Mills.Nebenzia said the U.S. representative’s response was not satisfactory.
The U.S. decision came amid Russian military operations in Ukraine. ■