Connect with us

Media

တရုတ်နိုင်ငံ Geely မော်တော်ယာဉ်လုပ်ငန်းက ဒိန်းမတ်နိုင်ငံတွင် အီလက်ထရောနစ်-မက်သနောလောင်စာသုံးယာဉ်များ စမ်းသပ်မောင်းနှင်မှု စတင်

ဒိန်းမတ်၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း Geely က ဒိန်းမတ်နိုင်ငံ Aalborg မြို့တွင် မတ် ၂၈ ရက်က အစိမ်းရောင် အီလက်ထရောနစ်-မက်သနော (e-methanol) လောင်စာသုံး ယာဉ်များကို စမ်းသပ်မောင်းနှင်မှု စတင်ခဲ့သည်။

အစားထိုး လောင်စာများထုတ်လုပ်ရေး (Power to X (PtX) solution) ၏ ခြေလှမ်းအဖြစ် ထုတ်လုပ်ထားသည့် ဆီဒင်ကားနှစ်စီးနှင့် ကုန်တင်ယာဉ်ကြီးတစ်စီးအား စဉ်ဆက်မပြတ် ကာဘွန်ထုတ်လွှတ်မှုကင်းစင်ကာ ပြန်လည်ပြည့်ဖြိုးမြဲလောင်စာဖြစ်သည့် အီလက်ထရောနစ်-မက်သနော လောင်စာဖြင့် မောင်းနှင်ခဲ့သည်။

ပိုလျှံနေသော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် သိုလှောင်ရန် နှင့် နိုင်ငံ၏ ဓာတ်အားပို့လွှတ်မှု အခြေအနေ တည်ငြိမ် စေရန် ထို လောင်စာအမျိုးအစားကို တိုးမြှင့်အသုံးပြုသွားရန် ဒိန်းမတ်နိုင်ငံက မျှော်မှန်းထားသည်။

မော်တော်ယာဉ်များ စမ်းသပ် မောင်းနှင်ရာတွင် ပါဝင်ခဲ့သော ဒိန်းမတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဖြစ်သူ Trine Bramsen က ထိုနည်းပညာများအား ပိုမိုပံ့ပိုးရန် တိုက်တွန်းပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး TRINE BRAMSEN

“ဒါဟာ တစ်နိုင်ငံတည်းအတွက်မဟုတ်ပါဘူး၊ ဒါဟာ ကမ္ဘာကြီးတစ်ခုလုံးနဲ့ အနာဂတ်ကမ္ဘာကြီးအတွက်ပါ၊ ဒီတော့ ကျွန်မတို့ ဒီနယ်ပယ်မှာ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ပြီး အတွေ့အကြုံတွေမျှဝေဖို့အရေးကြီးတယ်လို့ ကျွန်မ ထင်ပါတယ်၊ ဒါဟာကျွန်မတို့အတွက်တင်မဟုတ်ပါဘူး၊ ကျွန်မတို့ရဲ့ ကလေးတွေ၊ သားစဉ်မြေးဆက် အစရှိသဖြင့်ပေါ့လေ၊ ဒီတော့ ကျွန်မတို့ ဒါကို မပူးပေါင်းလို့ကိုမရတော့တဲ့အနေအထားဖြစ်ပါတယ်” ဟုဆိုသည်။

အလားတူ Geely ကုမ္ပဏီဘက်မှ ၎င်းတို့၏ ဒိန်းမတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု ၏ ရည်ရွယ်ချက်မှာ စိမ်းလန်းသော အီလက်ထရောနစ်-မက်သနော လောင်စာအသုံးပြုမှု နှင့် ဥရောပတိုက်တွင် အစိမ်းရောင်စွမ်းအင်သုံး မော်တော်ယာဉ်အသုံးပြုမှုများ မြှင့်တင်ရန်ရည်ရွယ်ကြောင်း ပြောခဲ့သည်။

Port of Aalborg ဥက္ကဌဖြစ်သူ LASSE FRIMAND JENSEN

“ကျွန်တော်တို့အနေနဲ့ Geely နဲ့ တရုတ်နိုင်ငံက မိတ်ဆွေတွေအားလုံးနဲ့ပါ ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်ပြီး မိတ်ဖက်ဆက်ဆံရေးဆောင်ရွက်နိုင်ခဲ့လို့ သိပ်ကိုဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ ဒီမှာ မက်သနောထုတ်လုပ်ရေးတွေမှာ ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားလိုပါတယ် မက်သနောလောင်စာသုံးသယ်ယူပို့ဆောင်ရေးကဏ္ဍမှာရောပေါ့။ ဒီမှာ ကျွန်တော်တို့ ဟာ Geely ကုမ္ပဏီဟာ အနာဂတ်မှာ အလားအလာကောင်းရှိတဲ့အပြင် အစိမ်းရောင်သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်  သိပ်ကိုကောင်းမွန်တဲ့ မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ နောက်ထပ် ဒိန်းမတ် ခရိုနာငွေကြေး ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၃၀၀) ကို ပိုမို စိမ်းလန်းတဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ထပ်မံရင်းနှီးမြှုပ်နှံသွားမှာ ပါ။ အဲဒီမှာလည်း Geely ကုမ္ပဏီနဲ့ပဲ ကောင်းစွာလက်တွဲသွားမှာပါ၊ Geely ကုမ္ပဏီကို Alaborg မှာ မိတ်ဖက်ကောင်းအဖြစ်ဆောင်ရွက်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်တော်တို့နဲ့ ရှေ့ဆက်ပြီး အတူလက်တွဲသွားနိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောကြားလိုပါတယ်” ဟုဆိုသည်။

မကြာသေးမီက ဒိန်းမတ်နိုင်ငံအစိုးရက Power-to-X energy  အစားထိုး လောင်စာများထုတ်လုပ်ရေးကို ကျယ်ပြန့်စွာသဘောတူညီမှုရရှိခဲ့ကြောင်း ကြေညာခဲ့ရာ ထိုအထဲတွင် ဒိန်းမတ်နိုင်ငံသုံး ခရိုနာငွေကြေး ၁.၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈၄ သန်း)  တန်ဖိုးရှိသော အစိုးရတင်ဒါ တစ်ခုလည်းပါဝင်ခဲ့သည်။

ဒိန်းမတ်နိုင်ငံသည် လေစွမ်းအင်နှင့် နေစွမ်းအင်မှ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ဦးဆောင် ထုတ်လုပ် သည့်နိုင်ငံဖြစ်သည်။

မက်သနောလောင်စာအား စီးပွားဖြစ်သင်္ဘောတင်ပို့အသုံးပြုမှုအား ဒိန်းမတ်နိုင်ငံ၏ ထိပ်သီး ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် Maersk က ကနဦးလုပ်ဆောင်ခဲ့သည်။

ဒိန်းမတ်နိုင်ငံ၌ မက်သနောလောင်စာဆီ သယ်ယူပို့ဆောင်မှု၊  သိုလှောင်မှုနှင့် ထုတ်လုပ်မှုတို့အတွက် ခိုင်မာသော အခြေခံအဆောက်အဦတစ်ခုကို ထူထောင်ထားရှိသည်။

ဆင်ဟွာသတင်းထောက်များက ကိုပင်ဟေဂင်မှသတင်းပေးပို့ခြင်းဖြစ်သည်။  (Xinhua)

………………………

(English Version)

GLOBALink | China’s Geely starts test runs of e-methanol vehicles in Denmark

Chinese company Geely began test runs of green e-methanol vehicles in the Danish port of Aalborg on Monday.

The two sedans and one heavy truck run on e-methanol produced by Power to X (PtX) solution, a sustainable, carbon-neutral, renewable fuel.

Denmark wants to promote this type of fuel as it provides a solution for storing excess renewable power and stabilizing the country’s power grid.

Danish Minister for Transport Trine Bramsen, who took part in the test runs of the vehicles on Monday, called for more support for these technologies.

SOUNDBITE 1 (English): TRINE BRAMSEN, Danish Minister for Transport

“This is not about one single country. It is about the whole world and the future of the world. So I think it’s important that we have strong cooperation and share knowledge in the field. This is not about ourselves. It’s about our children and our grandchildren and so on. Therefore we cannot afford not to cooperate.”

Meanwhile, Geely said that the aim of its collaboration with Denmark is the promotion of green e-methanol and green mobility in Europe.

SOUNDBITE 2 (English): LASSE FRIMAND JENSEN, Chairman of Port of Aalborg

“We are so honored to have this good collaboration and partnership with Geely, and all of our Chinese friends. We want to invest in having more methanol production here and also methanol transportation. So we see Geely as a very good partner in succeeding in having a great future and green transport sector. We gonna invest 2 billion Danish kroner (300 million U.S. dollars) in having more green transportation, and Geely is a good partner in that. Thank you so much Geely and thank you for having a good partner in Aalborg. We look forward to working with you in the future.”

Recently, the Danish government announced a broad agreement on Power-to-X energy production that includes a government tender of 1.25 billion Danish kroner (184 million U.S. dollars).

Denmark is leading in the wind and solar renewable energy production. However, the challenge of such energies is that they are weather-dependent.

The use of green methanol for commercial shipping has already been pioneered by Danish shipping giant Maersk.

Denmark has also established a strong infrastructure for the production, storage, and transport of methanol fuel.

Xinhua News Agency correspondents reporting from Copenhagen.

(XHTV)