Connect with us

Europe

ရုရှား၏ ပိုင်ဆိုင်မှုများကို သိမ်းယူသည့်ဥပဒေအား ယူကရိန်းသမ္မတ လက်မှတ်ရေးထိုး

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၂၀၂၁ ခုနှစ်၊ မေ ၁၀ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၌ ပြုလုပ်သော ၎င်း၏ ၂ နှစ်တာ သမ္မတ တာဝန်ထမ်းဆောင်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့စဉ် (ဆင်ဟွာ)

ကိဗ်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ၌ ရုရှားပိုင်ဆိုင်သော ဥစ္စာပစ္စည်းများအား သိမ်းယူခွင့်ပြုသော ဥပဒေတစ်ရပ်ကို ယူကရိန်း သမ္မတ Volodymyr Zelensky က လက်မှတ်ရေးထိုးလိုက်ကြောင်း ယူကရိန်းလွှတ်တော်က မတ် ၁၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေတွင် ရုရှားနိုင်ငံ သို့မဟုတ် ရုရှားနိုင်ငံသားများ ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းပိုင်ဆိုင်မှုများအား ယူကရိန်း အာဏာပိုင်များမှ လျော်ကြေး တစ်စုံတစ်ရာပေးအပ်ရန်မလိုဘဲ သိမ်းယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ယင်းဥပဒေအား မတ် ၃ ရက်တွင် ယူကရိန်းလွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းအပေါ် အထူးစစ်ဆင်ရေးတစ်ရပ်ကို ဖေဖော်ဝါရီ ၂၄ ရက်က စတင်ခဲ့သည်။
နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များသည် ဘီလာရုစ်နိုင်ငံ၌ ဆွေးနွေးညှိနှိုင်းမှု သုံးကြိမ်ပြုလုပ်ခဲ့ကြကြောင်းနှင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများကလည်း ပဋိပက္ခကို အဖြေရှာရန် တူရကီနိုင်ငံတွင် တွေ့ဆုံခဲ့ကြသော်လည်း ညှိနှိုင်းဆွေးနွေးမှုများမှ သိသာထင်ရှားသော ရလဒ်မရရှိခဲ့ဘဲ အဆုံးသတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

—————————-
(English Version)

Ukrainian president signs law on confiscation of Russia-owned property
KIEV, March 10 (Xinhua) — Ukrainian President Volodymyr Zelensky has signed a law to allow the confiscation of Russia-owned property in Ukraine, the press service of Ukraine’s parliament said Thursday.
The law stipulates that the property owned by Russia or Russian citizens could be confiscated by the Ukrainian authorities without any compensation.
The legislation was approved by the Ukrainian parliament on March 3.
Russia launched a special military operation against Ukraine on Feb. 24.
Delegations of the two sides have held three rounds of talks in Belarus and the two countries’ foreign ministers have met in Turkey to seek a solution to the crisis, though the negotiations ended without a significant breakthrough. Enditem